ဓနသိဒ္ဓိနက္ခတ်ပေါ် စန်းဖြတ်သန်းချိန် (၂၀၂၂၊ အောက်တိုဘာလ)

၂၀၂၂ ခုနှစ်၊ အောက်တိုဘာလအတွင်း ချမ်းသာသုခကို ပေးစွမ်းနိုင်သော ဓနသိဒ္ဓိနက္ခတ်ပေါ် စန်း (တနင်္လာဂြိုဟ်-လမင်း) ဖြတ်သန်းမည့် အချိန်အခါကောင်းမှာ အောက်ပါအတိုင်း ဖြစ်သည်။ (စန်းဖြတ်ချိန်ကို ကေပီနယူးအာယနဖြင့် တွက်ချက်ထားသည်)

ဓနသိဒ္ဓိနက္ခတ်ပေါ် စန်းဖြတ်သန်းနေချိန် တစ်ရက်တာအတောအတွင်း ဓနသိဒ္ဓိနက္ခတ်ပေါ် မွန်းတည့်မျဉ်း ထပ်မံ ဖြတ်သန်းမည့် အချိန်အပိုင်းအခြားကိုပါ ထပ်မံ ဖော်ပြပေးလိုက်ပါသည်။

စန်းရော၊ မွန်းတည့်မျဉ်းပါ ဖြတ်သန်းချိန် နာရီပိုင်းအတွင်း သီးသန့် အချိန်ယူ၍ ရွတ်ဖတ်ပူဇော်လိုသူများအတွက် ဖြစ်ပါသည်။ စန်းဖြတ်ချိန် တစ်ရက်တာအတွင်း နှစ်သက်ရာ အချိန်ယူ၍ ရွတ်ဖတ်နိုင်သလို မွန်းတည့်မျဉ်း ဖြတ်ချိန်ကို သီးသန့်ယူ၍လည်း ရွတ်ဖတ်ပူဇော်နိုင်ပါသည်။

ထို့အပြင် စန်းယှဉ်နေချိန်နှင့် မွန်းတည့်မျဉ်း တိုက်ဆိုင်သော အချိန်ပိုင်းမှာ ည ၈-နာရီ ၂၃-မိနစ် ၄၇-စက္ကန့် မှ ၈-နာရီ ၃၂-မိနစ် ၂၉-စက္ကန့်အတွင်း ဖြစ်ပါသည်။

အထက်ဖော်ပြပါ အချိန်နာရီပိုင်းများအတွင်း ရတနာရွှေမိုးငွေမိုး ရွာသွန်းစေနိုင်သော မဟာဝေဒဗ္ဗမန္တာန်တော်၊ လာဘ်လာဘ အရာတွင် ဧတဒင်္ဂ ရရှိသော ရှင်သီဝလိကိုယ်တော်မြတ်ကြီး ဂါထာ၊ လာဘ်ရွှင်ငွေဝင်ဂါထာအဖြစ် နာမည်ကျော်ကြားသော သဗ္ဗဇယမင်္ဂလာဂါထာတော် စသည်တို့ကို မိမိတို့ တတ်စွမ်းသမျှ ကြည်ညိုသဒ္ဒါ ထက်သန်စွာဖြင့် ရွတ်ပွားပူဇော်နိုင်ပါသည်။

ဂါထာတော်များကို ရှာဖွေစုစည်း၍ တပါတည်း ပူးတွဲ ဖော်ပြထားပါသည်။ မိမိတို့ စိတ်သန်ရာ အဆင်ပြေရာ ဂါထာတော်ကို အထူး အားပြု ရွတ်ဖတ်ပူဇော်ပါ။ ဂါထာအနက်နှင့် အသံထွက်ကို နီးစပ်ရာ နားလည်သူများ၊ သံဃာတော်များထံ လေ့လာ မေးမြန်းနိုင်ပါသည်။

နက္ခတ်အချိန်အခါကောင်းတွင် အစွမ်းထက်မြက်သော ဂါထာတော်များကို ယုံကြည်လေးမြတ်စွာ ရွတ်ပွား ပူဇော်ခြင်းဖြင့် မိမိတို့ ကုသိုလ်ကံအကြောင်းတရားအလိုက် လိုအင်ဆန္ဒ ပြည့်ဝခြင်း၊ ငွေကြေးဓန ဥစ္စာ ချမ်းသာကြွယ်ဝခြင်း၊

စီးပွားလာဘ်လာဘတိုးတက်ခြင်းများ ရရှိကြပါစေသော်ဝ်….

ကိုယ်စိတ်နှစ်ပါးချမ်းမြေ့ပါစေ – ဆရာလင်းဝေအောင် (မြန်မာ့ရိုးရာဆန်းကျမ်းဗေဒင်နှင့် ကေပီရှေ့ဆောင် နက္ခတ်ပညာရှင်)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)