နာမည်တွေအကြောင်း တစေ့တစောင်း (၂)

မြောက်များလှစွာသော နာမည်အဖျားစာလုံးကို ဦး ဖြင့် မှည့်ခေါ်ထားသည့် ခင်ခင်ဦး ၊ မောင်မောင်ဦး ၊ ကျော်ဦး .စသဖြင့်သော သူတို့မှာ အစစအရာရာ သူတစ်ပါးတို့ထက် နောက်ကျရတတ်ကြောင်း တွေ့ရှိရသည်။ အဘယ်ကြောင့်နည်း။ အမည်ကို လူက လိုက်မမီသည့် အခါတို့တွင် ဆန့်ကျင်ဘက် ဖြစ်သော အကျိုးတို့ ရရှိတတ်ကုန်၏။

ဥပမာအားဖြင့် … သင်း ဖြင့် မှည့်ထားပြီး ၊ အမည်ကို လူကလိုက်ဖက်ညီအောင် မနေထိုင်လျှင် (ထိုပညတ်ကပင်လျှင် ..ဆန့်ကျင့်ဘက် သဘာဝဖြင့် .. လူကို ပြန်ပြီး ဒုက္ခပေးတတ်၏။ ) သင်းသည် သင်းပျံ့ခြင်း ၊ ရနံ့ ဆိုင်ရာ ဂန္ဓာရုံ ပညတ်မျိုး ဖြစ်သဖြင့် ဆန့်ကျင်ဘက် သဘာဝဖြင့် ဒုက္ခပေးသည့် အခါ .. ၊ အသေးစား ထိခိုက်မှုအားဖြင့် ..အဆိုပါအမည်ရှင်၏ ကိုယ်နံ့မှာ ပြင်းထန်ခြင်း၊ မကောင်းသတင်း ထွက်ခြင်းမျိုး ဖြစ်ပွားလာတတ်ပြီး ၊ မူလဇာတာ အနေအထားပါ ညံ့ခဲ့ပါမူ …၊ သူတစ်ပါး နှာခေါင်းရှုံ့စရာ ဘ၀အခြေအနေမျိုး ဖြစ်လာတတ်ပေသည်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

သို့ဖြစ်ခြင်းကြောင့် အဆိုပါကဲ့သို့ သင်း ဖြင့်မှည့်ခေါ်ထားသော သူများအဖို့ ( သီလ ) ကို သူတစ်ထူးတို့ထက်ပင် ပိုမိုစောင့်ထိမ်းမှ အမည်က အကျိုးပြုနိုင်ပေသည်။ အဘယ်ကြောင့်ဟူမူ လောကတွင် သီလသည်သာ အမွှေးပျံ့ဆုံး ဖြစ်ခြင်းကြောင့်ပင်။ သင်းဖြင့် မှည့်ထားပြီး သီလနည်းပါးလေလေ၊ ဒုက္ခဘေးဘယာ သာမန်ထက် ပိုများလေလေပင် ဖြစ်ပေသည်။

ယင်းသို့ပမာတူပင် ဦးဖြင့် မှည့်ခေါ်ထားသူတို့မှာ ၊ ဦး ဟူသည် စောလျှင်ခြင်း ၊ ကနဦးအစဖြစ်ခြင်း သဘော ရှိခြင်းကြောင့်  မွေးချင်းများတွင် သားဦး သမီးဦး ဖြစ်ပါမှ ဆန်းဝင်ပြီး အမည်နှင့်လူ လိုက်ဖက်ညီ၏။(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

အလားတူပင် နံနက်ကို သူတစ်ပါး မနိုးခင် ထခြင်း၊ အိမ်တွင် သူတစ်ပါးတို့ထက် ဦးစွာ ဘုရားဝတ်ပြုခြင်းမျိုး ပြုပေးရာ၏ ။ သို့မှသာ အမည်နှင့်လူဆန်းဝင်သဖြင့် အကျိုးစီးပွား ဖြစ်လွယ်၏ ။ ဒါနအမှုတို့တွင်လည်း သူတစ်ပါးတို့ထက် ဦးစွာ မိမိမှ ပြုရာ၏ ။ သို့မှသာ အကျိုးကျေးဇူးကိုလည်း မိမိတွင် ဦးစွာ ရလွယ်၏။

သို့တည်းမဟုတ်ပါမူ အစစအရာရာ နောက်ကျတတ်ပြီး ၊ ဘ၀တွင် သူတစ်ပါးတို့ထက် နောက်ကျပြီးမှ အောင်မြင်ခြင်း၊ အရွယ်သုံးပါး တတိယအရွယ်တွင်မှ ကောင်းစားတတ်ခြင်း မျိုးတို့ တွေ့ကြုံရတတ်ကြောင်း … တွေ့ရှိရပေသည်။

လေးစားစွာဖြင့် …ဆရာဝေသာလီမောင်ဖုန်း (ခေါ်) ကိုစိုးမိုးထွန်း (ဗေဒင်ပညာသုတေသီ)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)