ပီယဆီမန်းနှင့် အပွင့်ဓာတ်ကို ဆောင်ယူခြင်း

ပရိတ်သတ်အများနှင့် ထိတွေ့လုပ်ကိုင်နေရသူများအတွက် ရောက်ရာနေရာတွင် မျက်နှာပွင့်လန်းခြင်း၊ အများအပေါ် ညို့ငင်နိုင်ခြင်း၊ လူချစ်လူခင် များခြင်း၊ အများ အားပေးနှစ်သက်မှုကို ခံရခြင်းဟူသော အပွင့်ဓာတ်သည် အရေးကြီးလှသည်။

ထိုသို့သော အပွင့်ဓာတ် ရလိုသူများအတွက် ယခုဖော်ပြပေးလိုက်သော ဆီမန်းဂါထာမန္တာန်မှာ အရောင်းအဝယ်သမားများ၊ ပွဲစားများ လူအများနှင့် နေ့စဉ်ထိတွေ့ပြောဆို ဆက်ဆံနေရသူများ အဖို့ အမှန်တကယ် လက်တွေ့အသုံးချ အကျိုးထူးလှသဖြင့် အများသိရှိနိုင်ရန် မျှဝေပေးလိုက်ပါသည်။ ဤနေရာတွင် ဂါထာကို မဖော်ပြမီ ယင်းဆီမန်းကို စီရင်ရမည့်  နေ့သားအလိုက် အချိန်အခါများကို ဦးစွာဖော်ပြပေးပါမည်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)

ဖော်ပြပါအတိုင်း သတ်မှတ်ထားသော နေ့နှင့် အချိန်များတွင် အိမ်ဘုရားကျောင်းဆောင်၌ ရတနာမြတ် သုံးပါးအား ရည်စူး၍ ပန်း ရေချမ်း ဆီမီး အမွှေးတိုင်များ ပူဇော်ပြီး အောက်ဖော်ပြပါ ဂါထာဖြင့် နံသာဆီ ကောင်းကောင်းကို ၃၇ ခေါက် ရွတ်ဆိုမန်းရပါမည်။ ပီယသိဒ္ဓိဆီမန်း ဂါထာမှာ …

ထို့နောက် ၎င်းဆီကို နေ့စဉ် လိမ်းခြင်းဖြင့် လူချစ်လူခင် များခြင်း၊ အများ နှစ်သက်လက်ခံခြင်း၊ အရောင်းအဝယ်ကောင်းခြင်း စသည့် ကောင်းကျိုးများကို ရရှိလာပါမည်။ ရောင်းရခက်နေသော ကား၊ အိမ်ခြံ၊ တိုက်ခန်း စသည်တို့ကိုလည်း ၎င်းနံ့သာဆီနှင့် သုတ်လိမ်းခြင်းဖြင့် ဝယ်သူစိတ်ကြိုက် ဖြစ်ပြီး အရောင်းအဝယ် တည့်လွယ်သောကြောင့် မိမိတို့ ဉာဏ်ရှိသလို ချဲ့ထွင် အသုံးပြုနိုင်ပါသည်။ ကိုယ်စိတ်နှစ်ပါးချမ်းမြေ့ကြပါစေ – ဆရာလင်းဝေအောင် (မြန်မာ့ရိုးရာဆန်းကျမ်းဗေဒင်နှင့် ကေပီရှေ့ဆောင်နက္ခတ်ပညာရှင်)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)