ပြိဿရာသီဖွား (ဧပြီ ၂၀ မှ မေ ၂၀ အတွင်း မွေးဖွားသူများ)

ငွေကြေးစီးပွား – လုပ်ငန်းခွင်အတွင်း စိတ်အနှောင့်အယှက် ပေးသူများ၊ တိုက်ခိုက်လိုသူများ၊ ဝေဖန်ကဲ့ရဲ့ချင်၍ အပြစ်ရှာ စောင့်ကြည့်သူများ ရှိလာလိမ့်မည်။ အလုပ်ထဲတွင် အတိုက်အခံ လုပ်၊ ပြဿနာ ရှာချင်သူများကြောင့် စိတ်ညစ်ရမည်။

သို့သော် လက်တွဲဖေးကူသူများ၊လုပ်ဖော်ကိုင်ဖက်ကောင်းများလည်း ရှိနေမည်။ နိုင်ငံရပ်ခြားနှင့် ဆက်စပ် လုပ်ကိုင်သူများ စီးပွားဖြစ်ပြီး အလုပ်ကောင်းမည်။ ငွေကြေးအဝင်ရှိသလိုအထွက်လည်း များလိမ့်မည်။

မေတ္တာရေးရာ – နှစ်ဦးကြားဆက်ဆံရေးတွင် ဆတ်ဆတ်ထိမခံလိုသော အခြေအနေများ ဖြစ်ပေါ်လာနိုင်သည်။ အချင်းချင်း သည်းညည်းခံပေးခြင်းကသာ အကောင်းဆုံး ယတြာ ဖြစ်မည်။ ကိုယ့်ပြဿနာကို ကိုယ့်ဝမ်းထဲမှာပဲ ထား၍ ဖြေရှင်းရမည်။ ဘေးလူများ ပါဝင်လာပါက ပိုဆိုးသွားတတ်သည်။ လလယ်နောက်ပိုင်း အဆင်ပြေမည်။

အခြားကဏ္ဍများ – ကျန်းမာရေး အားနည်းချူချာနိုင်သောလ ဖြစ်၍ ကြိုတင်ကာကွယ် ဂရုစိုက်ပါ။ ရောဂါဝေဒနာ ဖြစ်လွယ်သောကြောင့် အစားအသောက်အနေအထိုင်ကို ဆင်ခြင်ရမည်။ မိသားစုအိမ်တွင်းရေး ပြဿနာလည်း ယခုလတွင် ဖြစ်ပေါ်လာနိုင်သည်။ ဒီဇင်ဘာနှောင်ပိုင်းတွင်မှ ဖြစ်လာသမျှ အခက်အခဲများ ပြေလျော့သွားမည်။

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)