ဗုဒ္ဓဟူးနေ့ဖွားများအတွက် ဒီနှစ် (၁၃၈၁) လုပ်ငန်းစီးပွားဟောကိန်း

ဒီနှစ် မြန်မာသက္ကရာဇ် ၁၃၈၁ ဟာ အများစုသော ဗုဒ္ဓဟူး/ရာဟုဖွားများအတွက် အသက်မွေးမှုအားသာချက် ရှိနိုင်သော နှစ်တစ်နှစ်ပဲ ဖြစ်ပါတယ်။ မနှစ်က လှိမ့်ပိမ့်ခံလာခဲ့ရသမျှ…ဒီတစ်နှစ်မှာ အခွင့်အလမ်းကောင်းအချို့ အများစုသော ဒီနေ့နံဖွားတွေ ရရှိခံစားကြရပါလိမ့်မယ်။

ထူးခြားတာကတော့ မိမိတို့ ကိုးကွယ်ယုံကြည်မှုအလိုက် အဓိဌာန်အောင်ခြင်း..၊ ဆုတောင်းပြည့်ဝခြင်း ၊ ကြံစည် လုပ်ကိုင်ဆောင်ရွက်မှုများ အောင်မြင်ခြင်း…၊ ဘာသာတရားနှင့် နှီးနွယ်နေသော …အဓိဌာန် ၊ ကျင့်စဉ် ၊ ဆုတောင်းများ ပြည့်ဝတတ်ခြင်းကံကို ဒီတစ်နှစ်မှာ ပိုမို ရရှိနိုင်ကြခြင်းပါပဲ။ (ဗေဒင်သုတ – BaydinThyuta Facebook Page မှ တင်ဆက်သည်။ ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

ဒါပေမယ့် နာမည်ရဲ့ နောက်ဆုံးစာလုံးမှာ အင်္ဂါနံ (စ၊ဇ၊ဈ၊ဇ၊ည) ဖြင့် မှည့်ခေါ်မိထားသော .ဥပမာ….၀င်းဆွေ၊ ရီရီစိုး၊ ယမင်းစံ၊ ရဲဇော် စသည့် ဗုဒ္ဓဟူး ရာဟု ဖွားများကတော့ အသက်မွေးမှုကံမှာ ကံကောင်းသင့်သလောက် မကောင်းဘဲ…၊ စိတ်ဒွိဟ ဖြစ်စရာတွေ၊ မပြတ်မသား မတင်မကျ အခြေအနေတွေ များပြားရပါလိမ့်မယ်။

ဒီနှစ်အတွက် အသက်မွေးမှု ကံ ပိုမိုကောင်းမွန်စေရန် အတွက် ဆောင်သင့်သော အရောင်ကတော့ လိမ္မော်ရောင် ဖြစ်ပြီး လုံးဝ ရှောင်သင့်သော အရောင်ကတော့ အနီရဲရဲ အရောင်များပဲ ဖြစ်ပါတယ်။ (ဗေဒင်သုတ – BaydinThyuta Facebook Page မှ တင်ဆက်သည်။ ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

နေ့အားဖြင့် ဒီနှစ်ထဲမှာ အင်္ဂါနေ့တွေသည် ဗုဒ္ဓဟူးနေ့ဖွားများအတွက် အသက်မွေးမှု အလုပ်အကိုင်ကို အထူးအားနည်းစေတတ်သော နေ့ဖြစ်ပြီး..တနင်္ဂနွေနေ့တွေကတော့ …အသက်မွေးမှု အလုပ်အကိုင်ကံကို အားပေးသော နေ့ကောင်းနေ့မြတ်ပဲ ဖြစ်ပါတယ်ခင်ဗျား။

ဒီတစ်နှစ်မှာ ထီကံစမ်းမယ်ဆိုရင်ဖြင့်….ဗုဒ္ဓဟူး ရာဟု သားသမီးများ …၁ဂဏန်း အစ ၀/၇ ဂဏန်း အဆုံးဖြင့် အရှေ့မြောက်အရပ်ကို သွားပြီး ထီကံစမ်းသင့်သော ကာလ ဖြစ်ပါကြောင်း….ဆိုရင်းဖြင့်…။

အားလုံးသော ဗုဒ္ဓဟူး /ရာဟုနေ့ဖွား အပေါင်းသည် ကျန်းမာချမ်းသာခြင်း ရှိကြပါစေသတည်း။

လေးစားစွာဖြင့် ..

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)