ဗြိစ္ဆာရာသီဖွား (အောက်တိုဘာ ၂၃ မှ နိုဝင်ဘာ ၂၁ အတွင်း မွေးဖွားသူများ)

ငွေကြေးစီးပွား – လဆန်းရက်မှ လလယ်ပိုင်းအထိ ငွေရေးကြေးရေး အခက်အခဲများ ရှိလာနိုင်သည်။ အသုံးအစွဲ အပေးအယူများ ဆင်ခြင်ရမည် ဖြစ်ပြီး လက်လွန်ချေးငှားမှုများကိုလည်း ရှောင်ရမည်။ သို့မဟုတ်ပါက ငွေကြေး ပြဿနာမှာ ဖြေရှင်း၍ မရနိုင်အောင် ဆိုးရွားသွားနိုင်သည်။

အလုပ်စီးပွားကံဇာတာမှာ ကောင်းမွန်မှု ရှိလိမ့်မည်။ ကာလရှည်ကြာ စောင့်ဆိုင်းခဲ့သော အခွင့်အရေးများ ရရှိလာမည်။ ကြိုးစားမှု၏ အသီးအပွင့်ကို ပြန်ခံစားရမည်။

မေတ္တာရေးရာ – နှလုံးသားရေးရာတွင် အထိမခံရွှေပန်းကန်လို ဖြစ်နေ၍ အပြောအဆို၊ အပြုအမူတိုင်း သတိနှင့် ဆောင်ရွက်ရမည်။ ချစ်သူစုံတွဲများကြားတွင် စကားများ၊ ရန်ဖြစ်ရသည့်ရက်များစွာ ရှိလာမည်။ ခပ်ဝေးဝေးလေး မနေနိုင်ပါက အပြောအဆို သတိထားရလိမ့်မည်။ လလယ်နောက်ပိုင်းတွင်မှ အဆင်ပြေပြေ စိတ်ချမ်းသာရမည်။

အခြားကဏ္ဍများ – မျက်စိ၊ နား၊ ရင်ဘတ်နေရာများတွင် ကျန်းမာရေးပိုင်း အားနည်းတတ်သည်။ အစားမမှန်ခြင်း အပင်ပန်းခံခြင်းကိုလည်း သတိထားရမည်။ ယခုလတွင် ငွေကြေးအကျပ်အတည်း ရှိတတ်သော်လည်း လလယ် ကျော်ပါက တဖြည်းဖြည်း ပြေလည်မှု ရသွားမည်။ ၂၀ ရက်နောက်ပိုင်းတွင် အလုပ် အခက်အခဲ ဖြစ်တတ်သည်။

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)