ဘယ်နာမည်က အရေးအကြီးဆုံးလဲ

နာမည် ဆိုတာ အသိအမှတ်ပြုမှု တစ်ခုပါပဲ။ အရှင်းဆုံး ဖြောင့်ဖြောင့် စဉ်းစားကြည့်မယ် ဆိုရင်ကို အကျယ်ပြန့်ဆုံး အတိုင်းအတာအရ အသိအမှတ်ပြုခံရသော အမည်သည် မိမိဘ၀ကို အလွှမ်းမိုးဆုံး ဖြစ်ပါလိမ့်မယ်။

ဒါဆို ..ဘယ်အမည်မျိုးက …အကျယ်ပြန့်ဆုံး အသိမှတ်ပြုခံရသည့်အမည် ဖြစ်မလဲ ??? ။ အများခေါ်အမည်လား ၊ အိမ်နာမည်များလား၊ သူငယ်ချင်းတွေက ချစ်စနိုးနဲ့ နောက်ပြောင်ခေါ်တတ်ကြသည အမည်လား၊ အဖျားဆွတ်ခေါ်နေကြသည့် အမည်တွေလား၊ မှတ်ပုံတင်ထဲက အမည်လား၊ ဇာတာထဲက အမည်လား….. ??? ဘယ်အမည်သည် အကျယ်ပြန့်ဆုံး အသိမှတ်ပြုခံရသည့် အမည်ဖြစ်မလဲ။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

အဖြေက………မှတ်ပုံတင်ထဲက တရားဝင်နိုင်ငံသားအဖြစ် အသိမှတ်ပြုခံထားရသော (အဖ ဦးဘယ်သူ၏ သား/သမီး မောင်ဘယ်သူ… မဘယ်သူ ဟူသော ) အမည် သည် အကျယ်ပြန့်ဆုံးနဲ့ တရားဝင် အသိမှတ်ပြု ခံရသည့် အဆင့်အားကြီးစွာ မိမိဘ၀ကို လွှမ်းမိုးထားသော အမည်ပဲ ဖြစ်ပါတယ်။

ဒါကြောင့်လည်း ….မိတ်ဆွေတို့…အရောင်းအ၀ယ်စာချုပ် ချုပ်ဆိုရာမှာပဲ ဖြစ်ဖြစ်….၊ လက်ထပ်စာချုပ်၊ ကွာရှင်းစာချုပ်..စသည်ဖြင့် ဘာကိစ္စတွေပဲ လုပ်လုပ်…တရားဝင်ဖြစ်အောင် လက်မှတ်ရေးထိုးခြင်း အမည် ရေးထိုးခြင်းပြုရာမှာ ….တစ်ကယ့်နိုင်ငံသားအမည်နဲ့သာ အလုပ်လုပ်လို့ရပါတယ်။(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

တစ်ကယ့်နိုင်ငံသား အမည်ကိုသာ တရားဝင် အသိမှတ်ပြုကြပါတယ်။ ကျန်နာမည်တွေ ဘယ်လောက်ပဲ ခေါ်ခေါ် ၊ ဘယ်လောက်ပဲ သုံးသုံး….. တစ်ကယ့်တစ်ကယ်တမ်းမှာ… တရားဝင်နိုင်ငံသားအမည်လို အသုံးမဝင်နိုင်ပါ။ အရေးမပါ အရာမရောက်နိုင်ပါ။ ဆိုတော့ နောက်မှထပ်ဆင့်ပြီး ကျွန်တော် ရှင်းပြပါဦးမယ်။ လောလောဆယ် အများစု မေးနေကြတာမို့ ဘယ်နာမည်အရေးအကြီးဆုံးလဲ ဆိုသည့် မေးခွန်းကို ….အထက်ပါအတိုင်း မှတ်ယူပါ။

အပြင်မှာ သို့မဟုတ်…အိမ်မှာ မောင်နက် မယ်နီ…ဘယ်လိုပဲ ခေါ်နေကြသည်ဖြစ်ပါစေ…. တရားဝင်နိုင်ငံသား အမည်ဖြစ်သော မောင်ဖြူ မယ်ဖြူ သည်သာ…မိမိတို့ ဘ၀ကို တစ်ကယ်လွှမ်းမိုးမှု သြဇာပြုနေသော အမည်ဖြစ်ပါကြောင်း..။

ဗေဒင် မေး၊ အမည်ပေးလုပ်ငန်း အပ်နှံလိုသူများအတွက် – ဆရာစိုးမိုးထွန်း (ခေါ်) ဆရာဝေသာလီမောင်ဖုန်း

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)