ဘယ်နေ့ ဘာလုပ်သင့်သလဲ ၊ အသုံးချဂဏန်းဗေဒင်

တွက်နည်းကတော့ ဇာတာရှင်ရဲ့မွေးရက် /မွေးလနဲ့ မိမိ စတင် လုပ်ကိုင်မယ့် ရက်လနှစ်တွေကို တစ်လုံးတည်း ကျန်အောင် ပေါင်းပါ ။ ထိုပေါင်းရကိန်းဟာ အဲဒီနေ့အတွက် မိမိရဲ့ကံကြမ္မာကိုဖော်ပြပါတယ်။

ဥပမာ ၂၆ – ၅ – ၁၉၉၅ မှာ မွေးတဲ့ဇာတာရှင်တစ်ဦးဟာ ၂၈ – ၁၀ – ၂၀၂၂ မှာ ကိစ္စတစ်ခုခု လုပ်မယ်ဆိုပါစို့။
မွေးရက် – ၂၆
မွေးလ – ၅
သိလိုတဲ့ရက် – ၂၈
သိလိုတဲ့လ – ၁၀
သိလိုတဲ့နှစ် – ၂၀၂၂
……………………………………
စုစုပေါင်း – ၂၀၉၁ = (၂ + ၀ + ၉ + ၁ = ၁၂ = ၁ + ၂ = ၃) ၃ – ဂဏန်း ရပါတယ်။ (၃) ဂဏန်းရလို့ စိုးမိုးဂဏန်း (၃) ရဲ့အဟောကို ဖတ်ရှုရပါမယ်။

ထိုနည်းအတိုင်း မိမိတို့ တွက်လိုတဲ့ ရက် / လ / နှစ်နဲ့မိမိတို့ရဲ့ စိုးမိုးဂဏန်းကို ရှာရပါမယ် ၊ အဲဒီစိုးမိုးဂဏန်းဟာ မိမိတို့ရဲ့ ကံဇာတာပင် ဖြစ်ပါတယ်။

စိုးမိုးဂဏန်း( ၁ ) လုပ်ငန်းစီမံချက် အကြံဉာဏ်သစ်တွေကိုဖော်ပြခြင်း။လုပ်ငန်းကို စတင်အကောင်အထည် ဖော်ခြင်း ။ ဘာသာစကားသင်တန်းတက်ရောက် သင်ကြားခြင်း။အပေါင်းအသင်းသစ်များတိုးပွားခြင်း (စိုးမိုးဂဏန်း ၁ ဂဏန်းကျတဲ့ရက်မှာ အလုပ်အကိုင်သစ် စတင် လုပ်ကိုင်သင့်ပါတယ် )

စိုးမိုးဂဏန်း( ၂ ) ဘဏ္ဍာရေးအခြေအနေ တိုးတက်ခြင်း။ဘဝကြင်ဖော် ရွေးချယ်ခြင်း။ အခြားသူများနှင့် ပူးပေါင်းဆောင်ရွက်ရန် ကြိုးစားခြင်း။ စာချုပ်ချုပ်ဆိုခြင်း။အခြားသူရဲ့ယုံကြည်မှုကိုရရှိခြင်း။ ခွဲခွဲခြားခြား သိနားလည်ခြင်းနဲ့စကားအပြောအဆို လိမ်မာပါးနပ်ခြင်း။  (စိုးမိုးဂဏန်း ၂ ဂဏန်းကျတဲ့ရက်မှာ အကြွေးတောင်းခြင်း။ စပ်တူစပ်ဖက်လုပ်ကိုင်ခြင်း စတဲ့ ကိစ္စတွေကို ဆောင်ရွက်နိုင်ပါတယ် ။ )

စိုးမိုးဂဏန်း ( ၃ ) ရည်မှန်းချက်ဖြစ်မြောက်ခြင်း။ စာတမ်းဖတ်ပွဲတွင် ပါဝင်ခြင်း။ မှန်ကန်တဲ့အကြံဉာဏ် ရယူခြင်း ။ ရင်းနှီးမြှုပ်နှံမှုအသစ်ပြုလုပ်ခြင်း။အကူအညီ ရမှု သို့မဟုတ် အသာရမှုအတွက် အားထုတ်ခြင်း။ ခန့်အပ်လွှာ ပေးအပ်ခြင်း။ ဘာသာရပ်အသစ် လေ့လာသင်ကြားခြင်း။ အယ်ဒီတာများနဲ့ တိုးတက် ဆက်သွယ်ခြင်း။

စိုးမိုးဂဏန်း ( ၄ ) ကလေးတွေအတွက်ပညာရေး ဆိုင်ရာအထောက်အကူပစ္စည်းများကိုစီမံပေးခြင်း။ စာချုပ် ချုပ်ဆိုခြင်း။လုံခြုံရေးစီမံဆောင်ရွက်ခြင်း။ အိမ်မှုရေးရာ အတွက်စီစဉ်ဆောင်ရွက်ခြင်း။ ဆရာဝန်နဲ့ တိုင်ပင်ခြင်း။လယ်ယာစိုက်ပျိုးရေး လုပ်ငန်းနဲ့ရောင်းဝယ်ခြင်း ။

စိုးမိုးဂဏန်း( ၅ ) ကလေးများနဲ့ ကစားခြင်း။ပါတီပွဲသို့ တက်ရောက်ခြင်း။ စာပေစာယူသင်တန်းတက်ခြင်း။ မိတ်ဆွေသစ်များ ရရှိတတ်ခြင်း။ ခရီးတိုအတွက် စီမံဆောင်ရွက်ရခြင်း ။

စိုးမိုးဂဏန်း( ၆ ) တင့်တယ်မှုနဲ့ဆွဲဆောင်မှုရှိအောင် စီမံခြင်း။ချစ်မှုရေးရာတိုးတက်မှု ရှိခြင်း။ အလှပြင်ဆိုင်သို့ သွားရောက်ခြင်း။ ရန်ကြွေးများကို ပြေလည်စေခြင်း ။ စာဖတ်ပြီး အနားယူခြင်း။ ညီလာခံ တက်ရောက်ခြင်း ။

စိုးမိုးဂဏန်း( ၇ ) မလိုသောစကားပြောဆိုမှုကို ထိန်းသိမ်းခြင်း။အစာကြေညက်အောင် ဂရုစိုက်ခြင်း။ ငြိမ်းအေးခြင်းနဲ့ သမာဓိတည်ကြည်ခြင်း။ စိတ်ပညာ တိုးတက်လေ့လာခြင်း ။ မိသားစုကိစ္စအတွက် ဆုံးဖြတ်ဆောင်ရွက်ခြင်း။ ကလေးမွေးစားခြင်း။ ဂုရုတစ်ယောက် ဒါမှမဟုတ် ဝိညာဉ်ပိုင်းဆိုင်ရာ ဆရာတယောက်နဲ့ တိုင်ပင်ခြင်း ။

စိုးမိုးဂဏန်း ( ၈ ) ဂမ္ဘီရပညာရပ်များလေ့လာလိုက်စားခြင်း။အကြားအမြင်ပညာရပ်များလေ့လာ ဆည်းပူးခြင်း။ စိတ်ပိုင်းဆိုင်ရာ ကုသမှုတိုးတက်ခြင်း။ ချစ်မှုရေးရာ ရှိခြင်း။ ထီ သို့မဟုတ် ပြိုင်ပွဲတစ်ခုမှာ ကံကောင်းခြင်း ။ အလှူ ခံဋ္ဌာနသို့လှူ ဒါန်းခြင်း၊ ယှဉ်ပြိုင်ရွေးချယ်ခံရခြင်း ။ ငွေကြေးကိစ္စနဲ့ အခြေအနေ စောင့်ကြည့်ခြင်း ။

စိုးမိုးဂဏန်း ( ၉ ) အလှူခံဋ္ဌာနသို့ သွားရောက်ခြင်း။ ပိုင်ဆိုင်မှုစာရွက်စာတမ်း ရောင်းဝယ်ခြင်း ။ စိတ်ပိုင်းဆိုင်ရာ ကုသမှု လက်တွေ့ကျင့်ကြံခြင်း ။ ဂုဏ်သိက္ခာနဲ့ကျော်ကြားမှုကို ရရှိခြင်း ။ မှားယွင်းမှုများကို အမှန်ဖြစ်အောင် ဆောင်ရွက်ခြင်း။ တေးဂီတပွဲတော်တက်ရောက်ရခြင်း။စဦးအလုပ် ပြန်လုပ်ရခြင်း။ ပျော်ပွဲစား သို့မဟုတ် ခရီးတစ်ခု သွားရခြင်းတို့ဖြစ်ပါတယ် ။

မိမိတို့ရဲ့အမှုကိစ္စ တွေအတွက် အထက်ပါအတိုင်း တွက်ချက် အဟောထုတ်ကာ ကောင်းမှု /ဆိုးမှု ။ သင့်၏ /မသင့်၏ စတာတွေ ကို အလွယ်တကူ သိရှိပြီး ဆင်ခြင်နိုင်မှာဖြစ်ပါတယ် ။ Source – ဆရာအောင်ဆက် ပြန်လည် တင်ပြသူ – ဆရာကျော်စိုးလင်း

Zawgyi Font

တြက္နည္းကေတာ့ ဇာတာရွင္ရဲ႕ေမြးရက္ /ေမြးလနဲ႔ မိမိ စတင္ လုပ္ကိုင္မယ့္ ရက္လႏွစ္ေတြကို တစ္လုံးတည္း က်န္ေအာင္ ေပါင္းပါ ။ ထိုေပါင္းရကိန္းဟာ အဲဒီေန႔အတြက္ မိမိရဲ႕ကံၾကမၼာကိုေဖာ္ျပပါတယ္။

ဥပမာ ၂၆ – ၅ – ၁၉၉၅ မွာ ေမြးတဲ့ဇာတာရွင္တစ္ဦးဟာ ၂၈ – ၁၀ – ၂၀၂၂ မွာ ကိစၥတစ္ခုခု လုပ္မယ္ဆိုပါစို႔။
ေမြးရက္ – ၂၆
ေမြးလ – ၅
သိလိုတဲ့ရက္ – ၂၈
သိလိုတဲ့လ – ၁၀
သိလိုတဲ့ႏွစ္ – ၂၀၂၂
……………………………………
စုစုေပါင္း – ၂၀၉၁ = (၂ + ၀ + ၉ + ၁ = ၁၂ = ၁ + ၂ = ၃) ၃ – ဂဏန္း ရပါတယ္။ (၃) ဂဏန္းရလို႔ စိုးမိုးဂဏန္း (၃) ရဲ႕အေဟာကို ဖတ္ရႈရပါမယ္။

ထိုနည္းအတိုင္း မိမိတို႔ တြက္လိုတဲ့ ရက္ / လ / ႏွစ္နဲ႔မိမိတို႔ရဲ႕ စိုးမိုးဂဏန္းကို ရွာရပါမယ္ ၊ အဲဒီစိုးမိုးဂဏန္းဟာ မိမိတို႔ရဲ႕ကံဇာတာပင္ ျဖစ္ပါတယ္။

စိုးမိုးဂဏန္း( ၁ ) လုပ္ငန္းစီမံခ်က္ အႀကံဉာဏ္သစ္ေတြကိုေဖာ္ျပျခင္း။လုပ္ငန္းကို စတင္အေကာင္အထည္ ေဖာ္ျခင္း ။ ဘာသာစကားသင္တန္းတက္ေရာက္ သင္ၾကားျခင္း။အေပါင္းအသင္းသစ္မ်ားတိုးပြားျခင္း (စိုးမိုးဂဏန္း ၁ ဂဏန္းက်တဲ့ရက္မွာ အလုပ္အကိုင္သစ္ စတင္ လုပ္ကိုင္သင့္ပါတယ္ )

စိုးမိုးဂဏန္း( ၂ ) ဘ႑ာေရးအေျခအေန တိုးတက္ျခင္း။ဘဝၾကင္ေဖာ္ ေ႐ြးခ်ယ္ျခင္း။ အျခားသူမ်ားႏွင့္ ပူးေပါင္းေဆာင္႐ြက္ရန္ ႀကိဳးစားျခင္း။ စာခ်ဳပ္ခ်ဳပ္ဆိုျခင္း။အျခားသူရဲ႕ယုံၾကည္မႈကိုရရွိျခင္း။ ခြဲခြဲျခားျခား သိနားလည္ျခင္းနဲ႔စကားအေျပာအဆို လိမ္မာပါးနပ္ျခင္း။
(စိုးမိုးဂဏန္း ၂ ဂဏန္းက်တဲ့ရက္မွာ အေႂကြးေတာင္းျခင္း။ စပ္တူစပ္ဖက္လုပ္ကိုင္ျခင္း စတဲ့ ကိစၥေတြကို ေဆာင္႐ြက္ႏိုင္ပါတယ္ ။ )

စိုးမိုးဂဏန္း ( ၃ ) ရည္မွန္းခ်က္ျဖစ္ေျမာက္ျခင္း။ စာတမ္းဖတ္ပြဲတြင္ ပါဝင္ျခင္း။ မွန္ကန္တဲ့အႀကံဉာဏ္ ရယူျခင္း ။ ရင္းႏွီးျမႇဳပ္ႏွံမႈအသစ္ျပဳလုပ္ျခင္း။အကူအညီ ရမႈ သို႔မဟုတ္ အသာရမႈအတြက္ အားထုတ္ျခင္း။ ခန႔္အပ္လႊာ ေပးအပ္ျခင္း။ ဘာသာရပ္အသစ္ ေလ့လာသင္ၾကားျခင္း။ အယ္ဒီတာမ်ားနဲ႔ တိုးတက္ ဆက္သြယ္ျခင္း။

စိုးမိုးဂဏန္း ( ၄ ) ကေလးေတြအတြက္ပညာေရး ဆိုင္ရာအေထာက္အကူပစၥည္းမ်ားကိုစီမံေပးျခင္း။ စာခ်ဳပ္ ခ်ဳပ္ဆိုျခင္း။လုံၿခဳံေရးစီမံေဆာင္႐ြက္ျခင္း။ အိမ္မႈေရးရာ အတြက္စီစဥ္ေဆာင္႐ြက္ျခင္း။ ဆရာဝန္နဲ႔ တိုင္ပင္ျခင္း။လယ္ယာစိုက္ပ်ိဳးေရး လုပ္ငန္းနဲ႔ေရာင္းဝယ္ျခင္း ။

စိုးမိုးဂဏန္း( ၅ ) ကေလးမ်ားနဲ႔ ကစားျခင္း။ပါတီပြဲသို႔ တက္ေရာက္ျခင္း။ စာေပစာယူသင္တန္းတက္ျခင္း။ မိတ္ေဆြသစ္မ်ား ရရွိတတ္ျခင္း။ ခရီးတိုအတြက္ စီမံေဆာင္႐ြက္ရျခင္း ။

စိုးမိုးဂဏန္း( ၆ ) တင့္တယ္မႈနဲ႔ဆြဲေဆာင္မႈရွိေအာင္ စီမံျခင္း။ခ်စ္မႈေရးရာတိုးတက္မႈ ရွိျခင္း။ အလွျပင္ဆိုင္သို႔ သြားေရာက္ျခင္း။ ရန္ေႂကြးမ်ားကို ေျပလည္ေစျခင္း ။ စာဖတ္ၿပီး အနားယူျခင္း။ ညီလာခံ တက္ေရာက္ျခင္း ။

စိုးမိုးဂဏန္း( ၇ ) မလိုေသာစကားေျပာဆိုမႈကို ထိန္းသိမ္းျခင္း။အစာေၾကညက္ေအာင္ ဂ႐ုစိုက္ျခင္း။ ၿငိမ္းေအးျခင္းနဲ႔ သမာဓိတည္ၾကည္ျခင္း။ စိတ္ပညာ တိုးတက္ေလ့လာျခင္း ။ မိသားစုကိစၥအတြက္ ဆုံးျဖတ္ေဆာင္႐ြက္ျခင္း။ ကေလးေမြးစားျခင္း။ ဂု႐ုတစ္ေယာက္ ဒါမွမဟုတ္ ဝိညာဥ္ပိုင္းဆိုင္ရာ ဆရာတေယာက္နဲ႔ တိုင္ပင္ျခင္း ။

စိုးမိုးဂဏန္း ( ၈ ) ဂမၻီရပညာရပ္မ်ားေလ့လာလိုက္စားျခင္း။အၾကားအျမင္ပညာရပ္မ်ားေလ့လာ ဆည္းပူးျခင္း။ စိတ္ပိုင္းဆိုင္ရာ ကုသမႈတိုးတက္ျခင္း။ ခ်စ္မႈေရးရာ ရွိျခင္း။ ထီ သို႔မဟုတ္ ၿပိဳင္ပြဲတစ္ခုမွာ ကံေကာင္းျခင္း ။ အလႉ ခံ႒ာနသို႔လႉ ဒါန္းျခင္း၊ ယွဥ္ၿပိဳင္ေ႐ြးခ်ယ္ခံရျခင္း ။ ေငြေၾကးကိစၥနဲ႔ အေျခအေန ေစာင့္ၾကည့္ျခင္း ။

စိုးမိုးဂဏန္း ( ၉ ) အလႉခံ႒ာနသို႔ သြားေရာက္ျခင္း။ ပိုင္ဆိုင္မႈစာ႐ြက္စာတမ္း ေရာင္းဝယ္ျခင္း ။ စိတ္ပိုင္းဆိုင္ရာ ကုသမႈ လက္ေတြ႕က်င့္ႀကံျခင္း ။ ဂုဏ္သိကၡာနဲ႔ေက်ာ္ၾကားမႈကို ရရွိျခင္း ။ မွားယြင္းမႈမ်ားကို အမွန္ျဖစ္ေအာင္ ေဆာင္႐ြက္ျခင္း။ ေတးဂီတပြဲေတာ္တက္ေရာက္ရျခင္း။စဦးအလုပ္ ျပန္လုပ္ရျခင္း။ ေပ်ာ္ပြဲစား သို႔မဟုတ္ ခရီးတစ္ခု သြားရျခင္းတို႔ျဖစ္ပါတယ္ ။

မိမိတို႔ရဲ႕အမႈကိစၥ ေတြအတြက္ အထက္ပါအတိုင္း တြက္ခ်က္ အေဟာထုတ္ကာ ေကာင္းမႈ /ဆိုးမႈ ။ သင့္၏ /မသင့္၏ စတာေတြ ကို အလြယ္တကူ သိရွိၿပီး ဆင္ျခင္ႏိုင္မွာျဖစ္ပါတယ္ ။ Source – ဆရာေအာင္ဆက္ ျပန္လည္ တင္ျပသူ – ဆရာေက်ာ္စိုးလင္း

(ေဗဒင္သုတ၏ မူပိုင္ေဆာင္းပါး ျဖစ္သည္။ အျခားေသာ Social Media Platform မ်ား ႏွင့္ Website မ်ားတြင္ ျပန္လည္ကူးယူေဖာ္ျပျခင္းကုိ ခြင့္မျပဳပါ။ ဖတ္ရႈအားေပးမႈအတြက္ ေက်းဇူးတင္ပါသည္)