အောက်တန်းဖွားမို့ ၊ အထက်တန်းဖွားမို့

ဒီနေ့ခေတ် ငွေကြေးတတ်နိုင်သူတွေ ရင်သွေးယူလို့ ကလေးကို ခွဲမွေးကြတဲ့အခါ ဗေဒင်ဆရာတွေနဲ့ တိုင်ပင်ပြီး နေ့ကောင်းရက်သာ ရွေးလေ့ ရှိပါတယ်။ ဒီနေရာမှာ ရင်သွေးမိဘ တော်တော်များများဟာ ကိုယ့်သားသမီးကို မဟာဘုတ် ဇာတာမှာ ဘင်္ဂဖွားအဖြစ် ရွေးခြယ်ရမှာကို အင်မတန် ကြောက်ရွံ့တတ်ကြပါတယ်။

ဒါပေမယ့် လက်တွေ့ဇာတာများစွာမှာတော့ အမည်ပေး မှန်ကန်မှု ရှိရင် ရှိသလောက် အိမ်ထောင်ရေးကံနဲ့ ဘဝ အောင်မြင်ရေး ကံဇာတာတွေမှာ အားကောင်းသူတွေဟာ ဘင်္ဂဖွားတွေ အများဆုံး ဖြစ်နေကြတာကို သိရှိ နားလည်သူ နည်းပါးလှပါတယ်။ ဒါကြောင့် ကိုယ့်ရင်သွေးသည် ဘင်္ဂဖွား ဖြစ်တိုင်း ညံ့ပြီလို့ မမှတ်လိုက်ပါနဲ့။ အမည်ပေး မှားခဲ့ရင်သာ ဘင်္ဂဖွားတို့သည် အားနည်း နိမ့်ကျတတ်တာပါ။(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

ထို့အတူ အထက်နေ့နံဖွားတွေ ဖြစ်တဲ့ အထွန်းဖွား၊ သိုက်ဖွား ၊ ရာဇဖွား ၊ အဓိပတိဖွား ဇာတာရှင် ကလေးငယ်များပင် ဖြစ်လင့်ကစား အမည်ပေးရာမှာ အားနည်းနိမ့်ကျခဲ့ရင်လည်း ကောင်းသော အခြေခံ ကံဇာတာဖွားမျိုး ဖြစ်လင့်ကစား အကျိုးပေးမည့်ကံသည် အဟောသိကံ ဖြစ်သွားတတ်ပြီး လက်တွေ့ လူ့ဘ၀နယ်ပယ်မှာ ဖွားဇာတာ အထက်တန်းကျပါလျက် အဆင်မပြေကြသူတွေကို ဒုနဲ့ဒေး ဆိုသလို တွေ့ရမှာ ဖြစ်ပါတယ်။

ဗေဒင်ပညာကို မျက်ကန်းယုံကြည်ခြင်းမျိုးထက် လက်တွေ့လူ့ဘဝနယ်ပယ်မှာ ချိန်ထိုးလေ့လာကြည့်ပြီးမှ သဘာဝကျကျ လက်ခံယုံကြည်ခြင်းသည်သာ အမှန်ကို ရောက်နိုင်ပါလိမ့်မယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

ဥပမာ ရာဇဖွား ရင်သွေးငယ်များလို အင်မတန် အင်အားကောင်းသည့် ကလေးငယ်မျိုး ဖြစ်လင့်ကစား အမည်ပေး မှားယွင်းခဲ့မယ်ဆိုရင် နဂိုကတည်းက  ယိုင်နဲ့နဲ့သာ ပါလာခဲ့တဲ့ အိမ်ထောင်ရေးကံသည် အမည်ကြောင့် နှစ်ဆခန့် ပိုမိုဆိုးအား သက်ရောက်လာစေပြီး ဘ၀အောင်မြင်ရေးကံ ကောင်းသော်လည်း အိမ်ထောင်ရေးသုခ ကင်းမဲ့သည့် ကံဖြင့် တစ်ဘဝလုံး ဖြတ်သန်းရစေတတ်ပါတယ်။

ထို့နည်းတူစွာပဲ တနင်္လာအဓိပတိဖွား ရင်သွေးငယ်တွေကို အမည်ပေးမှည့်ခေါ်ရာမှာလည်း တနင်္ဂနွေဂြိုဟ်ကို ဆိုးအား မပိုလာစေဖို့ အလွန် သတိထား အမည်ပေး မှည့်ခေါ်ရပါတယ်။ ဘဝမှာ မင်းပြစ်မင်းဒဏ်ကို လွတ်ကင်းနိုင်စေရေးအတွက် ယင်းအချက်ဟာ တနင်္လာ အဓိပတိဖွား ဇာတာရှင်တွေမှာ အင်မတန် အရေးကြီးလှပါတယ်။

အနှစ်ချုပ်ပြောချင်တာကတော့ မရဏဖွားနဲ့ အထွန်းဖွား ဇာတာရှင်ကလေးငယ်တွေက လွဲရင် ကျန်သော ဖွားဇာတာရှင် ရင်သွေးငယ် (၅) မျိုးစလုံးသည် အမည်ပေးခြင်းနဲ့ အကောင်းအဆိုးတွေကို မုချ ထိန်းနိုင်ပါတယ်။ မရဏဖွားနဲ့ အထွန်းဖွား ဇာတာရှင် ကလေးငယ်တွေကတော့ မှည့်သည့်အမည်မှန်သမျှ အကောင်းအဆိုး အင်အား လွန်ဆွဲနေမယ့် ဇာတာရှင်ကလေးငယ်တွေပါပဲ။ အလွန်အကျူး ဆိုးအား မများအောင်သာ သူတို့ကို သင့်တင့်မယ့် အမည်တစ်ခုခု ချိန်ဆပေးနိုင်ခွင့် ရှိပါတယ်။(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

သို့သော်လည်း ထိုမရဏဖွား အထွန်းဖွား ဇာတာရှင် ကလေးငယ်တွေမှာပင်လျင် ထူးချွန်ထက်မြက်သော ခေါင်းဆောင်ကောင်း ဖြစ်လာကြသူတွေ မနည်းလှပါ။ ဥပမာအားဖြင့် ကုလသမဂ္ဂအတွင်းရေးမှူး ဦးသန့် ၊မင်းတုန်းမင်းတရားကြီး ၊ ကနောင်မင်းသားကြီး ၊ တောင်တန်းသာသနာပြု ဆရာတော်ဘုရားကြီး စသည်ဖြင့် အကျော်ဒေးယျ ပုဂ္ဂိုလ်ကြီးတွေဟာ လူတော်တော်များများက မလိုချင်မနှစ်သက်ကြတဲ့ မရဏဖွား ဇာတာရှင်တွေပါပဲ။

ဆိုတော့ လွယ်လွယ်လေး တွေးတောပြီး အထက်တန်းဖွားအကောင်း အောက်ဖွားအညံ့ ဆိုတာမျိုး မိမိတို့ရဲ့ ရင်သွေးငယ်လေးတွေ အပေါ်မှာ မသုံးသပ်သင့်ကြပါကြောင်း။ ဆရာစိုးမိုးထွန်း (ခေါ်) ဆရာဝေသာလီမောင်ဖုန်း

 

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)