မဟာဘုတ္ေဗဒင္ပညာ ႏွင့္ ဘဝေနထိုင္မႈပုံစံ

ျမန္မာ့မဟာဘုတ္ေဗဒင္ပညာတြင္ ေန႔ဖြားအလိုက္ ၀ ႂကြင္း မွ ၁ ႂကြင္း ထိရွိၿပီး မဟာဘုတ္ဖြား ၇-မ်ိဳးရွိေၾကာင္း ေဗဒင္ပညာႏွင့္ မစိမ္းသူတိုင္း သိၾကေပသည္။

မဟာဘုတ္ေဗဒင္ပညာအရ အႂကြင္ဖြားအလိုက္ ေနထိုင္မႈဘဝပုံစံ ကိုက္ညီပါက ဘဝတိုးတက္ေအာင္ျမင္မႈ ရရွိေပမည္။  တြက္စစ္နည္းမွာ မိမိရဲ႕ ျမန္မာေမြးသကၠရာဇ္ကို ၇-ျဖင့္ စားပါ။

ရလာသည့္အႂကြင္းဖြားအလိုက္ ေနထိုင္ရမည့္ ေနထိုင္မႈပုံစံမွာ..

 

(၁) ႂကြင္းဖြားမ်ား … သန႔္ရွင္းသပ္ရပ္စြာေနထိုင္ ေျပာဆိုလုပ္ကိုင္ပါ။ မိမိလုပ္ငန္း အႀကံအစည္မ်ား အေကာင္အထည္ေဖာ္ရာတြင္ စီမံကိန္းမ်ား စနစ္တက် ခ်မွတ္ၿပီး အစီအစဥ္တက် လုပ္ေဆာင္သင့္သည္။ မလိုလားအပ္ေသာ ေငြေၾကးသုံးစြဲမႈမ်ားကို စနစ္တက်ထိန္းခ်ဳပ္ျခင္းျဖင့္ ဘဝတိုးတက္မႈ ရရွိမည္။ (ေဗဒင္သုတ၏ မူပိုင္ေဆာင္းပါး ျဖစ္သည္။ အျခားေသာ Social Media Platform မ်ား ႏွင့္ Website မ်ားတြင္ ျပန္လည္ကူးယူေဖာ္ျပျခင္းကို ခြင့္မျပဳပါ)

(၂) ႂကြင္းဖြားမ်ား … ဇြဲရွိပါ။ သည္းခံပါ။ ေရရွည္ႀကိဳးစားလုပ္ကိုင္ျခင္းျဖင့္ ေကာင္းက်ိဳးခံစားရေပမည္။ အေလာတႀကီး ဆုံးျဖတ္ လုပ္ကိုင္ျခင္းမ်ား မရွိသင့္။ အစဥ္လာအတိုင္း လုပ္ကိုင္ေဆာင္႐ြက္ျခင္းသည္ ပိုမို ေကာင္းမြန္ေသာ အနာဂတ္ကို ေပးစြမ္းေပမည္။ ပရဟိတလူမႈကယ္ဆယ္ေရးမ်ားတြင္ တတ္အားသေ႐ြ႕ ကူညီေပးပါ။

(၃) ႂကြင္းဖြားမ်ား… ေက်းဇူးတရားကို တတ္သိနားလည္ရန္ ႀကိဳးစားပါ။ မိဘ ဆရာသမားမ်ားအေပၚ ေက်းဇူး သိတတ္ျခင္းျဖင့္ ဘဝေအာင္ျမင္မႈ လြယ္ကူေပမည္။ အလင္းဓာတ္မ်ားေသာ ေနရာတြင္ ေနထိုင္ပါ။ အေရးႀကီးေသာ အႀကံအစည္မ်ား ေနထြက္ခ်ိန္တြင္ ေတြးဆႀကံစည္မႈ ျပဳပါ။ နိမ့္က်ေသာ အေတြးအေခၚ၊ အေျပာအဆိုမ်ားကို ေနထြက္ခ်ိန္ (ဝါ) မနက္ခင္းပိုင္းမ်ားတြင္ အထူး ေရွာင္ၾကည္ပါ။

(၄) ႂကြင္းဖြားမ်ား… ေမတၱာတရားႏွင့္ ရွင္သန္ပါ။ စိတ္ေကာင္းထားျခင္းျဖင့္ တန္ျပန္ေကာင္းက်ိဳး ခံစားရလြယ္မည္။ ေရအိုင္ ျမစ္ေခ်ာင္း ..စေသာ ေရႏွင့္နီးေသာ ေနရာမ်ားတြင္ ေနထိုင္ရန္သင့္သည္။ လျပည့္ေန႔ရက္မ်ားတြင္ ေရကုသိုလ္ မၾကာခဏ ျပဳေပးပါ။ စိတ္ခံစားမႈ ဦးစားေပးလြန္းျခင္း မရွိသင့္ပါ။ (ေဗဒင္သုတ၏ မူပိုင္ေဆာင္းပါး ျဖစ္သည္။ အျခားေသာ Social Media Platform မ်ား ႏွင့္ Website မ်ားတြင္ ျပန္လည္ကူးယူေဖာ္ျပျခင္းကို ခြင့္မျပဳပါ)

(၅) ႂကြင္းဖြားမ်ား.. လက္ေတြ႕က်က် လုပ္ကိုင္ေဆာင္႐ြက္မႈဘက္ ဦးစားေပးပါ။ ပန္းတိုင္သစ္မ်ား ခ်မွတ္ၿပီး လမ္းေဟာင္းမွ ခြဲထြက္ကာ စြန႔္စားမႈမ်ားလုပ္ေဆာင္ႏိုင္ရန္ ႀကိဳးစားပါ။ အမ်ားႏွင့္ အသိုင္းအဝိုင္းႏွင့္ ပူးေပါင္း လုပ္ကိုင္ေဆာင္႐ြက္ျခင္းျဖင့္ တိုးတက္မႈ ေပၚထြန္းလာမည္ ။

(၆) ႂကြင္းဖြားမ်ား.. အေျပာင္းအလဲလုပ္ရန္ ဝန္မေလးပါႏွင့္။ စကားပရိယာယ္ ကြၽမ္းက်င္စြာ ေျပာဆို လုပ္ကိုင္ႏိုင္စြမ္း ျမင့္မားေလ ေအာင္ျမင္မႈရေလ ျဖစ္မည္။ လုပ္ငန္းအႀကံအစည္ ႏွစ္မ်ိဳးျဖင့္ ေအာင္ျမင္မႈ ရလြယ္ျခင္းေၾကာင့္ အပိုအလုပ္မ်ား ထားရွိသင့္သည္။ ဉာဏ္ပညာ ျဖန႔္က်က္ႏိုင္စြမ္းကို ဖြင့္လွစ္ထားပါ။

(ဝ) ႂကြင္းဖြားမ်ား.. အတတ္ပညာကို ဦးစားေပးပါ။ ပညာေကာင္း ဆည္းပူးရျခင္း၊ ဆရာသမားေကာင္း ႀကဳံႀကိဳက္ျခင္းေၾကာင့္ ေကာင္းက်ိဳးရမည္။ အလႉဒါနႏွင့္ ေပးကမ္းစြန႔္ႀကဲမႈ ကုသိုလ္ဒါန မၾကာခဏျပဳပါ။ နီးစပ္ရာ ဝန္းက်င္အသိုင္းဝိုင္းေပၚ စိတ္ထားသန႔္သန႔္ျဖင့္ ကူညီမႈေၾကာင့္ ေအာင္ျမင္တိုးတက္မႈမ်ားရမည္။

ဤကား ျမန္မာ့မဟာဘုတ္ေဗဒင္ပညာရပ္ျဖင့္ ေအာင္ျမင္တိုးတက္မႈမ်ား ရရွိေစရန္အတြက္ ေနထိုင္မႈပုံစံပင္ ျဖစ္ပါသည္။ တတ္အားသေ႐ြ႕ လိုက္နာက်င့္ႀကံျခင္းျဖင့္ ေအာင္ျမင္တိုးတက္မႈမ်ား ျဖစ္ထြန္းပါေစသတည္း….

ကိုယ္စိတ္ႏွစ္ပါးခ်မ္းေျမ့ပါေစ ဆရာလင္းေဝေအာင္ (ျမန္မာ့ဆန္းက်မ္းေဗဒင္ႏွင့္ေကပီေရွ႕ေဆာင္ နကၡတ္ပညာရွင္)

Unicode Font

မြန်မာ့မဟာဘုတ်ဗေဒင်ပညာတွင် နေ့ဖွားအလိုက် ၀ ကြွင်း မှ ၁ ကြွင်း ထိရှိပြီး မဟာဘုတ်ဖွား ၇-မျိုးရှိကြောင်း ဗေဒင်ပညာနှင့် မစိမ်းသူတိုင်း သိကြပေသည်။

မဟာဘုတ်ဗေဒင်ပညာအရ အကြွင်ဖွားအလိုက် နေထိုင်မှုဘဝပုံစံ ကိုက်ညီပါက ဘဝတိုးတက်အောင်မြင်မှု ရရှိပေမည်။ တွက်စစ်နည်းမှာ မိမိရဲ့ မြန်မာမွေးသက္ကရာဇ်ကို ၇-ဖြင့် စားပါ။

ရလာသည့်အကြွင်းဖွားအလိုက် နေထိုင်ရမည့် နေထိုင်မှုပုံစံမှာ..

(၁) ကြွင်းဖွားများ … သန့်ရှင်းသပ်ရပ်စွာနေထိုင် ပြောဆိုလုပ်ကိုင်ပါ။ မိမိလုပ်ငန်း အကြံအစည်များ အကောင်အထည်ဖော်ရာတွင် စီမံကိန်းများ စနစ်တကျ ချမှတ်ပြီး အစီအစဉ်တကျ လုပ်ဆောင်သင့်သည်။ မလိုလားအပ်သော ငွေကြေးသုံးစွဲမှုများကို စနစ်တကျထိန်းချုပ်ခြင်းဖြင့် ဘဝတိုးတက်မှု ရရှိမည်။

 

(၂) ကြွင်းဖွားများ … ဇွဲရှိပါ။ သည်းခံပါ။ ရေရှည်ကြိုးစားလုပ်ကိုင်ခြင်းဖြင့် ကောင်းကျိုးခံစားရပေမည်။ အလောတကြီး ဆုံးဖြတ်လုပ်ကိုင်ခြင်းများ မရှိသင့်။ အစဉ်လာအတိုင်း လုပ်ကိုင်ဆောင်ရွက်ခြင်းသည် ပိုမို ကောင်းမွန်သော အနာဂတ်ကို ပေးစွမ်းပေမည်။ ပရဟိတလူမှုကယ်ဆယ်ရေးများတွင် တတ်အားသရွေ့ ကူညီပေးပါ။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

(၃) ကြွင်းဖွားများ… ကျေးဇူးတရားကို တတ်သိနားလည်ရန် ကြိုးစားပါ။ မိဘ ဆရာသမားများအပေါ် ကျေးဇူး သိတတ်ခြင်းဖြင့် ဘဝအောင်မြင်မှု လွယ်ကူပေမည်။ အလင်းဓာတ်များသော နေရာတွင် နေထိုင်ပါ။ အရေးကြီးသော အကြံအစည်များ နေထွက်ချိန်တွင် တွေးဆကြံစည်မှု ပြုပါ။ နိမ့်ကျသော အတွေးအခေါ်၊ အပြောအဆိုများကို နေထွက်ချိန် (ဝါ) မနက်ခင်းပိုင်းများတွင် အထူး ရှောင်ကြည်ပါ။

(၄) ကြွင်းဖွားများ… မေတ္တာတရားနှင့် ရှင်သန်ပါ။ စိတ်ကောင်းထားခြင်းဖြင့် တန်ပြန်ကောင်းကျိုး ခံစားရလွယ်မည်။ ရေအိုင် မြစ်ချောင်း ..စသော ရေနှင့်နီးသော နေရာများတွင် နေထိုင်ရန်သင့်သည်။ လပြည့်နေ့ရက်များတွင် ရေကုသိုလ် မကြာခဏ ပြုပေးပါ။ စိတ်ခံစားမှု ဦးစားပေးလွန်းခြင်း မရှိသင့်ပါ။

(၅) ကြွင်းဖွားများ.. လက်တွေ့ကျကျ လုပ်ကိုင်ဆောင်ရွက်မှုဘက် ဦးစားပေးပါ။ ပန်းတိုင်သစ်များ ချမှတ်ပြီး လမ်းဟောင်းမှ ခွဲထွက်ကာ စွန့်စားမှုများလုပ်ဆောင်နိုင်ရန် ကြိုးစားပါ။ အများနှင့် အသိုင်းအဝိုင်းနှင့် ပူးပေါင်း လုပ်ကိုင်ဆောင်ရွက်ခြင်းဖြင့် တိုးတက်မှု ပေါ်ထွန်းလာမည် ။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

(၆) ကြွင်းဖွားများ.. အပြောင်းအလဲလုပ်ရန် ဝန်မလေးပါနှင့်။ စကားပရိယာယ် ကျွမ်းကျင်စွာ ပြောဆို လုပ်ကိုင်နိုင်စွမ်း မြင့်မားလေ အောင်မြင်မှုရလေ ဖြစ်မည်။ လုပ်ငန်းအကြံအစည် နှစ်မျိုးဖြင့် အောင်မြင်မှု ရလွယ်ခြင်းကြောင့် အပိုအလုပ်များ ထားရှိသင့်သည်။ ဉာဏ်ပညာ ဖြန့်ကျက်နိုင်စွမ်းကို ဖွင့်လှစ်ထားပါ။

(ဝ) ကြွင်းဖွားများ.. အတတ်ပညာကို ဦးစားပေးပါ။ ပညာကောင်း ဆည်းပူးရခြင်း၊ ဆရာသမားကောင်း ကြုံကြိုက်ခြင်းကြောင့် ကောင်းကျိုးရမည်။ အလှူဒါနနှင့် ပေးကမ်းစွန့်ကြဲမှု ကုသိုလ်ဒါန မကြာခဏပြုပါ။ နီးစပ်ရာ ဝန်းကျင်အသိုင်းဝိုင်းပေါ် စိတ်ထားသန့်သန့်ဖြင့် ကူညီမှုကြောင့် အောင်မြင်တိုးတက်မှုများရမည်။

ဤကား မြန်မာ့မဟာဘုတ်ဗေဒင်ပညာရပ်ဖြင့် အောင်မြင်တိုးတက်မှုများ ရရှိစေရန်အတွက် နေထိုင်မှုပုံစံပင် ဖြစ်ပါသည်။ တတ်အားသရွေ့ လိုက်နာကျင့်ကြံခြင်းဖြင့် အောင်မြင်တိုးတက်မှုများ ဖြစ်ထွန်းပါစေသတည်း….

ကိုယ်စိတ်နှစ်ပါးချမ်းမြေ့ပါစေ
ဆရာလင်းဝေအောင် (မြန်မာ့ဆန်းကျမ်းဗေဒင်နှင့်ကေပီရှေ့ဆောင် နက္ခတ်ပညာရှင်)

 

(ေဗဒင္သုတ၏ မူပိုင္ေဆာင္းပါး ျဖစ္သည္။ အျခားေသာ Social Media Platform မ်ား ႏွင့္ Website မ်ားတြင္ ျပန္လည္ကူးယူေဖာ္ျပျခင္းကုိ ခြင့္မျပဳပါ။ ဖတ္ရႈအားေပးမႈအတြက္ ေက်းဇူးတင္ပါသည္)