မီ .. နဲ့ မီး နာမည်ရှင်တွေအတွက်

မီ  – မအက္ခရာကို လုံးကြီးတင်ဆံခတ်ဖြင့် မီ ဆိုပြီး မှည့်ခေါ်ခြင်းမျိုးပါ။ မူလဇာတာအခြေအနေတွေ ဘယ်လိုပဲ ရှိသည်ဖြစ်စေ…. မီဟူသော ပညတ်သည် …မိန်းကလေးများအတွက် …မှည့်ကို မမှည့်သင့်သော ပညတ်လို့သာ ဆိုပါရစေ။

မူလဇာတာကပါ အားနည်းချက်များရှိခဲ့လျင်….မီသည်….အတင်းအကြပ် ဖိအားပေးခံရခြင်း ..၊ ချုပ်နှောင် ခံရခြင်း၊ သူတစ်ပါးမှ မိမိအား ကြိုးကိုင်ခြယ်လှယ်မှု ခံရခြင်း၊ ထို့ထက်ဆိုးပါမူ အဓမ္မ ပြုကျင့်ခံရခြင်းမျိုး အထိ…သက်ရောက်မှု အား ရှိစေတတ်ပြီး အထူးသဖြင့် အသားဖြူသော လတ်သော မိန်းကလေးမျိုးတွေ အတွက် ပိုမို ဆိုးကျိုးပေးအား ပြင်းလှပါတယ်။

နှုတ်ခမ်းလေးက ထူထူ..အသားလေးကဖြူဖြူ….မီကလေး နဲ့ မိန်းကလေးမျိုးဘ၀သည်… မူလဇာတာ အတော်ကို အားကောင်းသော်မှ…..ပတ်ဝန်းကျင် မေးငေါ့ခံရသည့် အခြေအနေမျိုး မလွတ်ကင်းနိုင်လှပါ။ မူလဇာတာအနေအထားကပါ ..အားနည်းချက်တွေ များခဲ့ရင်တော့…. ဆက်တောင် မပြောလိုတော့ပါ။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

မီး မီကဲ့သို့ပင်…အကျိုးပေးအား ထပ်တူ ရှိပြီး…. ပိုဆိုးတာက.. .ဘယ်လောက်တားတား. ..ဇွတ်လုပ်ပစ်ခြင်း ..တားမရဆီးမနိုင် ဖြစ်တတ်ခြင်းကိုပါ ..ဖြစ်စေတတ်ခြင်းပါပဲ။ ကောင်းတာကတော့…. သူ့ကို ဖိအားပေး ကြိုးကိုင် ခံရသည့်ကံ ရင်ဆိုင်ရတာခြင်း အတူတူမှာ…. မီသည် ဖောက်မထွက်နိုင် … လွတ်မြောက်ရန်ခဲယဉ်းစေတတ်ပြီး မီး…ကတော့ ..ဖောက်ထွက်နိုင် လွတ်မြောက်တတ်စေခြင်းပါပဲ။

ဘာပဲဖြစ်ဖြစ်….မီ ရောမီး ရောသည်…မိန်းကလေးတွေကို မှည့်ခေါ်မယ်ဆိုရင် အလွန်သတိထားရပါတယ် ခင်ဗျာ။ အမည်ရင်း ဆိုရင် ဘ၀တစ်လျှောက်လုံးမှာ ဆိုးကျိုးပေးအား ပြုနိုင်ပြီး ငယ်နာမည် ..အမည်ပြောင် အဆင့်မှာ ဆိုလျင်တော့ ..ကာလအပိုင်းအခြား တစ်ခုမျှသာ အကျိုးအပြစ် ပေးနိုင်ပါကြောင်း။

ယုံတာ မယုံတာထက်….ကိုယ့်ရင်သွေးငယ်တွေနဲ့ ပတ်သက်ရင် ..သတိပြု ..ဆင်ခြင်ပေးဖို့က မိဘတိုင်း အတွက် တာဝန်တစ်ခုသာပါ။ မေတ္တာဖြင့် အကြံပြုရေးသားပေးခဲ့ပါကြောင်း……..။

ဗေဒင်မေး၊ အမည်ပေးလိုပါက – ဆရာစိုးမိုးထွန်း (ခေါ်) ဆရာဝေသာလီမောင်ဖုန်း

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)