မေထုန်ရာသီဖွား (မေ ၂၁ မှ ဇွန် ၂၀ အတွင်း မွေးဖွားသူများ)

ငွေကြေးစီးပွား – ဝန်ထမ်းဖြစ်စေ၊ကိုယ်ပိုင်လုပ်ငန်းသမားဖြစ်စေ ယခုလတွင် အခက်အခဲမျိုးစုံကို ကြုံလာရမည်။ နေ့စဉ် လုပ်နေကျ တာဝန်များကိုပင် ခက်ခက်ခဲခဲ လုပ်ယူရလိမ့်မည်။ လုပ်ဖော်ကိုင်ဖက်များနှင့် ပတ်ဝန်းကျင်၏ စနက်များကြောင့် လုပ်ငန်းဆောင်တာ ထိခိုက်မှု ဖြစ်မည်။

အလုပ်သစ်အကိုင်သစ်များ စသင့်သေးဘဲ ရှိတာနှင့် ကျေနပ်ရလိမ့်မည်။ ငွေကြေးကိစ္စတွင် အဝင်ထက်အထွက်က ပိုများနေမည်။ ဝင်ငွေရလမ်း နည်းပါးတတ်သည်။

မေတ္တာရေးရာ – ချစ်သူဟောင်းနှင့် ပြတ်စဲ၍ အချစ်သစ်ဆီ ဦးတည်ရတတ်သည်။ စုံတွဲများအကြားတွင် ပြဿနာ ဖြစ်လွယ်နေမည်။ အိမ်ထောင်ရေးတွင်လည်း သိသာထင်ရှားသော အချင်းများမှုပဋိပက္ခတို့ ပေါ်ပေါက်နိုင်သည်။ ယခင်ကဖုံးကွယ်ထားသည့်ကိစ္စများ လူသိရှင်ကြားဖြစ်တတ်သည်။ လနှောင်းပိုင်းတွင်မှ အရာရာအေးချမ်းမည်။

အခြားကဏ္ဍများ – သွားလာရင်းလာရင်း မတော်တဆမှု ဖြစ်တတ်၍ ယာဉ်မောင်း၊ ယာဉ်စီးရာတွင် သတိပြုပါ။ အသောက်အစား အပျော်အပါးများကိုလည်း သတိထားရမည်။ ရန်ဖြစ်လွယ်၊ ပြဿနာ တက်လွယ်ချိန် ဖြစ်၍ ဂရုစိုက်ရလိမ့်မည်။ မိတ်ဆွေရင်းချာများနှင့် အချင်းများတတ်သော်လည်း မိသားစုအတွင်း ပျော်စရာများမည်။

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)