မပေးခင်က စဉ်းစားပါ

စွမ်းပြည့်လျှံ ဆိုတဲ့ …လူငယ်လေးတစ်ယောက် တွေ့ဖူးပါတယ်။ ကောင်လေးက နုံစစ အစစလေး.။

ယောက္ခမက မကြည်ဖြူ..၊ အစွမ်းအစ နည်းသည့် ပုံစံလေးကို ဖြစ်လို့ရယ် ဆိုတော့ သားမက်ကို ဘယ် ကြည့်ရပါ့မလဲနော်..။

မောင်ဖုန်းကတော့ ဒီသူငယ်ကိုပဲ သနားမိ..။ ခမြာ အမည် ဝိတ်ပိပြီး အသီးညှပ်သွားရှာတယ်ပဲ အောက်မေ့ရဲ့..။

မိုးလုံးပြည့်စုံ၊ စွမ်းရည်ပြည့်စုံ ၊ စွမ်းထက်မိုးလျှံ
စွမ်းဆောင်ရှင်၊ အာကာသိမ်းပိုက်၊ မိုးပိုက်ရာဇာ
ရာဇာထွဋ်၊ ထွဋ်ခေါင်ဇေယျ၊ ဇေယျာမိုးမြင့်

အင်းးး ရေးရလျင် ဆုံးမည်မထင်….။

တော်တော်ကြီးကို ဇာတာ ကောင်းပြီး ရှေးဘုန်းရှေးကံ ပြည့်စုံပါမှ အမည်နဲ့လူကိုက်ညီပြီး အကျိုးပေးတတ်ပါရဲ့။ အမည်က ဟိန်းလွန်း ထောင်လွန်း မြင့်လွန်း မြတ်လွန်းနေပြီး ဇာတာနဲ့ လူက မလိုက်နိုင်တော့ အမည်ကို ထမ်းရင်းပိုးရင်း ( မမြင်ရဘဲ ထမ်းနေရတာနော်) .လူက ကြာတော့ နုံစစ အစစ မစွမ်းမပေါက်ကလေးတွေ ဖြစ်လာကြပါတယ်။

 

ဆိုတော့ ကိုယ်က အမည်တစ်ခု ကိုယ့်ရင်သွေးကို မှည့်တော့မယ်ဆိုရင် ..ကိုယ်ကိုယ်တိုင်က ကိုယ့်ရင်သွေး မူလဇာတာ အနေအထား နဲ့ ရာဇယုဂ် အင်အား ရှိမရှိကို သိနိုင်ရင်သိ…

မသိနိုင်ရင် သိနိုင် နားလည်ကျွမ်းကျင်သည့် ပညာရှင်တွေနဲ့ တိုင်ပင်ပြီးမှသာ ထိုကဲ့သို့သော အမည်မျိုးကို မှည့်ခေါ်သင့်ပါတယ်။ ဖြစ်နိုင်ရင် မမှည့်တာက ပိုကောင်းပါတယ်။ သင့်တင့်ရုံ မှည့်တာ အကောင်းဆုံးပါပဲ။

ဗိုလ်ချုပ်ကြီး မြင့်မိုရ်အာကာမိုးဝေယံလို့ …….ကြားမှ မကြားဖူးတာ..။
သူဌေးကတော်ကြီး ရွှေရည်ပန်းဆက်လင်းလက်တာရာလို့လည်း …ကြားဖူးပေါင်ဗျာ..။

စဉ်းစားပြီးလုပ်ကြပါလေ..။

လေးစားစွာဖြင့်..

ကိုဖုန်း
သုတေသီ ဝေသာလီမောင်ဖုန်း ကိုစိုးမိုးထွန်း (ဗေဒင်ပညာသုတေသီ) 09 789 333 791 , 09 318 17 287
ဟောခန်းလိပ်စာ တိုက် 6 ၊ အခန်း 3 ၊ မြေညီထပ် မြကန်သာအိမ်ယာ၊ မြကန်သာလမ်းကမာရွတ်မြို့နယ် ၊ ရန်ကုန်။

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)