မှဲ့တည်နေရာအလိုက် ဟောချက်များ

မှဲ့သျှတ္တရကျမ်းတွေထဲက လေ့လာတွေ့ရှိသလောက် လူအတော်များများမှာလည်း မြင်ရတတ်တဲ့ မှဲ့အဟောတွေ ဗေဒင်သုတအဖြစ် တင်ပေးလိုက်ပါတယ်။ တိုက်ဆိုင်စစ်ဆေးကြည့်ကြပါဦး…။

မှဲ့ကျမ်းတွေအရ မျက်ရည်ခံမှဲ့ ရှိရင် အိမ်ထောင်ရေး မကောင်းဘူး။ အိမ်ထောင်ဖက် ဇနီး၊ ခင်ပွန်း အသက် ဆုံးရှုံးရတတ်ပါတယ်။ မျက်ရည်ခံမှဲ့ဆိုတာ မျက်ရည်စီးကျတဲ့ လမ်းကြောင်း တည့်တည့်က နေရာကို ရည်ညွှန်းပါတယ်။ ဘေးရောက်နေတဲ့၊ နေရာ မကျတဲ့ မှဲ့ မဟုတ်ပါဘူး။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)

တချို့လူတွေက နဖူးတည့်တည့်မှာ မှဲ့ရှိရင် ကောင်းတယ်လို့ ယူဆကြပါတယ်။ တကယ်က နဖူး တည့်တည့်မှာ မှဲ့ရှိရင် ငွေကြေးနဲ့ပက်သက်ပြီး စွပ်စွဲပြောဆို ခံရတာ၊ ပူပင်သောကတွေ များတာ၊ ကိုယ့်ရှိတာထက် လူအထင်ကြီးခံရတာကြောင့် ဒုက္ခရောက်တာတွေ ဖြစ်တတ်ပါတယ်။

မေးစေ့တည့်တည့်မှာ မှဲ့ရှိရင် ကိုယ်ပိုင်လုပ်ငန်းနဲ့ ကြီးပွားတတ်ပါတယ်။ နာမည်၊ သတင်းကောင်းနဲ့ ကျော်ကြားမယ့် လူလို့ ဆိုရမှာပါပဲ။ မေးစေ့နားတစ်ဝိုက်မှာ ရှိရင်တော့ ဆင်းရဲဒုက္ခအမျိုးမျိုး ကြုံပြီးမှ အောင်မြင်မယ့်သူ ဖြစ်ပါတယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)

ခြေဖဝါးဗွေပါသလား အောင့်မေ့ရအောင် လမ်းများတဲ့သူဆိုတာ မှဲ့အဟောတွေကနေ ဆင်းသက်မယ် ထင်ပါတယ်။ ဘာလို့လဲဆိုတော့ ခြေဖဝါး အလယ်တည့်တည့်မှာ မှဲ့ရှိနေရင် တစ်နေရာတည်းမှာ အတည်တကျ မရှိဘဲ၊ ခြေသလုံးအိမ်တိုင် လျှောက်သွားတတ်လို့ပါပဲ။

ယောင်္ကျားတန်ဆာထိပ်မှာ မှဲ့ပါရင်တော့ စန်းပွင့်သူ၊ လိင်ကိစ္စ ရှုပ်ထွေးမယ့်သူ၊ အိမ်ထောင်ဆက် များမယ့် သူလို့ ဆိုနိုင်ပါတယ်။ တန်ဆာထိပ်ကိုသာ ဆိုလိုပြီး အရင်းပိုင်းမှာပါတာနဲ့ မပက်သက်ပါဘူး။ မှဲ့များလေ ပိုအားကောင်းလေပဲလို့ ဆိုပါတယ်။ ဒါမျိုးက မိန်းမမှာ ပါလာရင်တော့ ကာမစိတ်များပြားပြီး ဖောက်ပြန်လွယ်သူ၊ မာယာပရိယာယ်များသူ၊ တစ်နည်းအားဖြင့် ကိုယ့်စိတ်ကို လုံးဝမထိန်းနိုင်သူ အဖြစ် တွေ့ရတတ်ပါတယ်။(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)

ရင်ညွှန့်တည့်တည့်မှဲ့ရှိရင်တော့ သူတော်ကောင်း ဖြစ်သူ၊ တရားရှိသူ၊ ဒါမှမဟုတ် လောကီပညာတွေ ပေါက်မြောက် ထူးခြားမယ့်သူ ဖြစ်ပါတယ်။ လည်ပင်းမှာ မှဲ့ရှိသူကတော့ ချမ်းသာမယ့်သူဖြစ်ပါတယ်။ ဆင်းရဲလည်း ခဏသာဖြစ်ပြီး မထင်မှတ်တဲ့ အကြောင်း တစ်ခုကြောင့် စီးပွား ပြန်ဖြစ်မယ့်သူ ဖြစ်ပါတယ်။

မှဲ့စလွယ်ဆိုတဲ့ ရင်ဘတ်မှာ စလွယ်ပုံစံဖြစ်နေတဲ့ မှဲ့ပိုင်ရှင်ကတော့ ရှေးအယူအဆအရ ဘုရင် ဖြစ်ဖူးသူလို့ ဆိုပါတယ်။ အဟောကတော့ အဆင့်အတန်းမြင့်တဲ့ ဘဝမှာ နေရမယ်။ လူအများရဲ့ ကြည်ညိုလေးစားခံရမယ်။ ဇနီးမယားအပေါ်မှာ သြဇာညောင်းမယ်လို့ ဆိုပါတယ်။

မိန်းခလေးတွေရဲ့ အထက်နူတ်ခမ်း အောက်နူတ်ခမ်းနားမှာ မှဲ့ရှိရင် ယောင်္ကျားလေးတွေရဲ့ ချစ်မြတ်နိုးမှုကို ရရှိတဲ့အပြင်၊ အစားကောင်းမှ ကြိုက်တတ်သူအဖြစ်လည်း ပေါ်လွင်တတ်ပါတယ်။ အစွဲအလန်း ကြီးတတ်သူ ဖြစ်ပါတယ်။

အဲဒီ မှဲ့အဟောတွေအကုန် ယုံရမှာလား မေးလာရင် လက်တွေ့လေ့လာကြည့်ပါလို့ပဲ ပြောချင်ပါတယ်။ လက်တွေ့ မပါဘဲ အဟောတွေ ဖတ်ပြီး အပျော်လွန်တာ ၊ ဒါမှမဟုတ် စိတ်မကောင်းခြင်းတွေ ဖြစ်တာ ဆိုတဲ့ အစွန်းနှစ်ဖက်က လွတ်ကင်းပြီး ပညာရပ် ဗဟုသုတတစ်ခုအနေနဲ့ မှတ်သားသင့်ပါကြောင်း.။

ဗေဒင်သုတ တိုးပွားရရှိကြပါစေဟု ဆန္ဒပြုလျက် – ဧက

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)