ရတနာဟူသော အမည်များအကြောင်း

ရတနာလိုပဲ မှည့်မှည့်….၊Treasure လို့ပဲ ဘိုလိုခေါ်ခေါ်.ရတနာ အနက်ရသော မည်သည့် ပညတ်တွဲမျိုး မဆို… မှည့်ခေါ်လိုက်မယ် ဆိုရင်….မှည့်လိုက်သူဟာ မိန်းကလေးလည်း ဖြစ်မယ်ဆိုရင်…..အနေအထိုင် ၊ အပြောအဆို…၊ ဘ၀ဖြတ်သန်းမှု ပုံစံမှာ…. ကျစ်လစ် သိပ်သည်းဖို့ လိုအပ်လာပါတယ်။ မိန်းကလေးတို့ရဲ့ ရတနာ…ဟူသည်မှာ အိနြေ္ဒ (၀ါ) စောင့်ထိန်းနိုင်ခြင်း ဖြစ်ပါတယ်။

ထို့အတူ….အနည်းငယ် နားရိုင်းခဲ့ရင် သည်းခံပါခင်ဗျာ..၊ မလိင်..(၀ါ) အမျိုးသမီးတို့ရဲ့ အဖိုးတန်ရတနာကို အင်မတန် ထိမ်းသိန်းနိုင်မှသာ ဘဝကလည်း တည်ငြိမ်အေးချမ်းတတ်ပါတယ်။ သို့မဟုတ်ဘဲ…မှည့်ထားတာက ရတနာ… ဥပမာ. ရတနာခင်ပဲဖြစ်ဖြစ်၊ ရတနာသိင်္ဂီပဲ ဖြစ်ဖြစ်၊ ဘယ်လိုပဲ မှည့်မှည့် မိမိကိုယ်မိမိ တန်ဖိုးမထား …အနေအထိုင် လော်လီလျှပ်ပေါ် ဖြစ်မိလိုက်တာနဲ့…ဂုဏ်သိက္ခာ ပစ်စလက်ခတ် ကျတတ်သည့် ကံသည်….အဆိုပါ အမည်ရှင်မျိုးတွေကို တည့်တည့်ကို ဝင်တိုးတော့တာပါပဲ။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

ဒါပေမယ့် သမီးလေးတွေကို ရတနာလို့ မမှည့်ကောင်း မရှိပါ။ မှည့်နိုင်ပါတယ်။ မှည့်ခဲ့မယ်ဆိုရင် …ကလေးရဲ့ မူလဇာတာမှာ တနင်္ဂနွေဂြိုဟ်အနေအထား ကောင်းမွန်ရပါမယ်။

နောက်တစ်ချက်ကတော့….မိဘတွေသည် သမီးငယ်ကို တန်ဖိုးထားအပ်သော မိန်းမတို့ရဲ့ ရတနာကို တန်ဖိုးထားနိုင်ဖို့ ကြိုတင် ကြပ်မတ် သွန်သင်ထိန်းသိမ်းပေးနိုင်ဖို့ အထူး…အထူးးကို လိုအပ်လှပါသဗျား။ ဒီပို့စ်သည် …သမီးရှင် မိဘများအတွက် များစွာ အကျိုးပြုနိုင်လိမ့်မယ်လို့ ယူဆမိပါကြောင်း။ လေးစားစွာဖြင့် – ဆရာစိုးမိုးထွန်း (ခေါ်) ဆရာဝေသာလီမောင်ဖုန်း

 

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)