ရာသီခွင်အလိုက် ထူးခြားသော စရိုက်များ

လူတိုင်းမှ မတူညီတဲ့ စိတ်သဘာဝတွေ ရှိသလိုပဲ ရာသီခွင် ၁၂ ခုမှာလည်း တစ်ခုနဲ့တစ်ခု မတူကွဲပြား ထူးခြားတဲ့ စရိုက်လေးတွေ ရှိပါတယ်။ ကိုယ်ကရော ဘယ်လို ထူးခြားချက်တွေ ရှိသနေလဲ ဆိုတာ ကြည့်ရအောင်ဗျာ။

မိဿရာသီဖွား (မတ် ၂၁ မှ ဧပြီ ၁၉ အထိ) ဘာပဲလုပ်လုပ် တိုတိုတုတ်တုတ်နဲ့ မြန်မြန်ဆန်ဆန် လုပ်ချင်သူတွေပါ။ ပေရှည်လေးကန်နေရင် စိတ်တိုလာရော။ ဘာမဆို အချိန်တွေ သိပ်မဆိုင်းဘဲ ခပ်ပြတ်ပြတ် မြန်မြန်လေး လုပ်ပစ်လိုက်ချင်တဲ့ စရိုက်ရှိပါတယ်။

ပြိဿရာသီဖွား (ဧပြီ ၂၀ မှ မေ ၂၀ အထိ) ဇွဲကောင်းသလောက် ဇိမ်ကျကျလည်း နေချင်သူတွေမို့လို့ အစားကောင်းကောင်းနဲ့ သိပ်ကို ဇိမ်ကျတဲ့ နေရာမျိုးတွေ ကြိုက်ပါတယ်။ အစားအသောက်တွေ မကောင်းရင် ဂဂျီဂဂျောင်လုပ် ပြဿနာ ရှာချင်ကြသူတွေပါပဲ။

မေထုန်ရာသီဖွား (မေ ၂၁ မှ ဇွန် ၂၀ အထိ) အငြိမ်မနေ ဟိုလစ် ဒီဒိုး လုပ်ချင်သူတွေ ဖြစ်လို့ ကိုယ့်ကို လာပွားသူတွေဆိုရင် နည်းနည်းမှ ကြည့်မရ။ ကိုယ်ကသာ စကားများမယ်။ ကိုယ့်ကို စကား လာများ၊ လေဖောရင်၊ လာပြီး တင်းကျပ်ရင် လုံးဝ မကြိုက်ပြန်ဘူး။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

ကရကဋ်ရာသီဖွား (ဇွန် ၂၁ မှ ဇူလိုင် ၂၂ အထိ) သူများကိစ္စ အထူးသဖြင့် ကိုယ်ချစ်ခင်ရသူတွေရဲ့ ကိစ္စဆို သေးသေးကြီးကြီး ဝင်ကူလိုက်ရမှ ကျေနပ်သူ။ ဘာမဆို အကူအညီ ပေးတတ်သူတွေ ဖြစ်လို့ မလိုတော့ပါဘူးဆိုရင်တောင် နည်းနည်း ကူချင်သေးတယ်။

သိဟ်ရာသီဖွား (ဇူလိုင် ၂၃ မှ သြဂုတ် ၂၂ အထိ) ငါတကော ကောတတ်သူ၊ ငါမှငါသာ ဆိုပြီး အတ္တ ကြီးတတ်သူတွေ ဖြစ်လို့ သူများက လာခေါင်းစားရင် နည်းနည်းမှ မကြိုက်။ မှားနေရင်တောင် ကိုယ့်ဖာသာ ကြိတ်ခံမယ့် သဘော ရှိတဲ့ ခေါင်းမာသူတွေပါ။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

ကန်ရာသီဖွား (သြဂုတ် ၂၃ မှ စက်တင်ဘာ ၂၂ အထိ) နည်းနည်းဇီဇာကြောင်တယ်။ ချေးများမယ်။ အသန့်အပြန့်လည်း သိပ်ကြိုက်မယ်။ ညစ်ပတ်နံစော်နေရင် ဘယ်လိုမှ သည်းခံဖို့ မလွယ်တော့။ သူများအားနည်းချက်ကို အသေးစိတ်ကအစ လျှောက်မြင်နိုင်သူ။

တူရာသီဖွား (စက်တင်ဘာ ၂၃ မှ အောက်တိုဘာ ၂၂ အထိ) ချစ်ခင်ရသူတွေနဲ့ တပူးပူးတတွဲတွဲ လျှောက်လိမ့်ချင်သူပါ။ တစ်ကိုယ်တည်း နေရပြီဆို ဘယ်လိုမှ မခံစားနိုင်လို့ အပေါင်းအဖော်ကို တောင့်တတယ်။ တစ်ယောက်ယောက် ရှိနေမှ စိတ်ချတယ်။

ဗြိစ္ဆာရာသီဖွား (အောက်တိုဘာ ၂၃ မှ နိုဝင်ဘာ ၂၁ အထိ) ဂူအောင်းလူသားတွေလို နေတတ်သူမို့ လူရှေ့သူရှေ့ ထွက်ရပြီဆို ဂိမ်းပြီ။ တစ်ယောက်တည်း နေထိုင် တစ်ဗွေတည်း လိမ့်ရတာ ကြိုက်တယ်။ လူအများနဲ့ မရောတတ်ဘဲ ရောမိရင် ပြန်ပြေးဖို့ လုပ်နေသူပါ။

ဓနုရာသီဖွား (နိုဝင်ဘာ ၂၂ မှ ဒီဇင်ဘာ ၂၁ အထိ) ဝမ်းတွင်းပါ စိတ်တန်ခိုး အားကောင်းသူတွေမို့လို့ စိတ်ထဲထင့်ခနဲ ဖြစ်ရင် တကယ် ဖြစ်လာတတ်တယ်။ အလုပ်ကို အင်တိုက်အားတိုက် လုပ်ပေမယ့် စိတ်များသူမို့ တိုးလို့တန်းလန်း အလုပ်တွေ များလိမ့်မယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

မကာရရာသီဖွား (ဒီဇင်ဘာ ၂၂ မှ ဇန်နဝါရီ ၁၉ အထိ) တစ်ပဲခြောက်ပြားကအစ ချွေတာတတ်သူ ဖြစ်လို့ အကြောင်းမဲ့များ ကုန်မိရင် နှမျောနေတတ်သူ၊ ဘဏ်စာအုပ်လေး ကြည့်လိုက် ပီတိ ဖြစ်လိုက်နဲ့ မလိုအပ်ဘဲ ပိုက်ဆံကုန်မှာကို သိပ်စိုးရိမ်ကြသူတွေ။

ကုမ်ရာသီဖွား (ဇန်နဝါရီ ၂၀ မှ ဖေဖော်ဝါရီ ၁၈ အထိ) တစ်ကိုယ်ရေတကာယ နေတတ်သူတွေ ဖြစ်ပြီး ဟိုသွားဒီလာနဲ့ ဟေးလားဝါးလားကိစ္စတွေ စိတ်မပါသူ။ တခါတလေ ထူးဆန်းတဲ့ အမူအကျင့်တွေ လုပ်တတ်ပြီး အများနဲ့ ကန့်လန့် ဖြစ်နေတတ်သူတွေပါ။

မိန်ရာသီဖွား (ဖေဖော်ဝါရီ ၁၉ မှ မတ် ၂၀ အထိ) ချစ်ရခင်ရတဲ့ အပေါင်းအဖော်တွေနဲ့သာ နားအေးပါးအေး နေချင်ကြတယ်။ ဒါပေမဲ့ တစ်ယောက်တည်း နေဖို့ကျ အဆင်မပြေဘူး။ စောင့်ရှောက်ဖေးမမှုနဲ့ အကြံဥာဏ်ကောင်းတွေ ပေးမယ့်သူ လိုအပ်တယ်။

၁၂ ရာသီဖွားအားလုံး ကျန်းမာပျော်ရွှင်ကြပါစေ- ဧက (ဗေဒင်သုတ)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)