၁၂ ရာသီဖွားတို့ရဲ့ အားသာချက်၊ စွမ်းအားများ
အနောက်တိုင်းနက္ခတ်ဗေဒင်အရ ရာသီခွင် ၁၂ ခုစလုံးမှာ အားသာချက်နဲ့ အားနည်းချက် ကိုယ်စီတွေ ရှိနေကြပါတယ်။ ကိုယ်မွေးဖွားတဲ့ ရာသီခွင်အရ ကိုယ့်အားသာချက်တွေ၊ စွမ်းအားတွေက ဘာတွေ ဖြစ်နေသလဲ၊ ဘယ်နေရာတွေမှာ အသုံးချနိုင်သလဲ ဆိုတာ ကြည့်ရအောင်ဗျာ..
မိဿရာသီဖွား (မတ် ၂၁ မှ ဧပြီ ၁၉ ထိ) – အင်္ဂါနဲ့ တနင်္ဂနွေဂြိုဟ်တွေ လွှမ်းမိုးတဲ့ ရာသီခွင် ဖြစ်လို့ အရာရာမှာ ဦးဆောင်နိုင်စွမ်း ရှိသူ၊ အများအပေါ်မှာ သြဇာ ပေးနိုင်၊ လွှမ်းမိုးနိုင်သူတွေ ဖြစ်ပါတယ်။ သတ္တိ ကောင်း၊ စွန့်စားလိုစိတ်လည်း ပြင်းပြသူတွေ ဖြစ်တယ်။ ဘာလုပ်လုပ် တက်ကြွထက်သန်တဲ့ စိတ်ဓာတ်နဲ့ လုပ်ကိုင်ကြပါတယ်။
ပြိဿရာသီဖွား (ဧပြီ ၂၀ မှ မေ ၂၀ ထိ) – မြင်တာနဲ့ အားကိုးလောက်တဲ့သူလို့ အထင်ခံရအောင် အရှိန်အဝါ ရှိကြပါတယ်။ တစ်ခုခုကို စိတ်ပါလက်ပါနဲ့ စွဲစွဲမြဲမြဲ လုပ်တတ်ကြသူတွေ ဖြစ်တယ်။ ဇွဲကောင်း၊ သည်းခံစိတ် ကြီးမားကြပြီး ဂရုတစိုက်နဲ့ လုပ်တတ်ကြတယ်။ အပေါင်းအသင်း မင်သလို ဘဝကို ပျော်ပျော်ကြီး ဖြတ်သန်းချင်ကြပါတယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)
မေထုန်ရာသီဖွား (မေ ၂၁ မှ ဇွန် ၂၀ ထိ) – ဉာဏ်ရည်ထက်မြက်ပြီး နေရာတကာမှာ ဝင်ဆံ့သူတွေ အပေါင်းအသင်းတွေနဲ့ ပျော်မွေ့သူတွေ ဖြစ်ကြပါတယ်။ နူတ်သီးကောင်း လျှာပါး ပြောဆိုတတ်ပြီး ဇဝနဉာဏ်လည်း ရွှင်လို့ လူစိမ်းတွေနဲ့တောင် ရောနှောနိုင်ကြပါတယ်။ မှတ်ဉာဏ်လည်း ကောင်းပြီး တစ်ခုထက်မကတဲ့ ပညာတွေ တတ်မြောက်ကြပါတယ်။
ကရကဋ်ရာသီဖွား (ဇွန် ၂၁ မှ ဇူလိုင် ၂၂ ထိ) – ခံစားချက် အားကောင်းသူတွေ ဖြစ်လို့ ခင်မင်ရင်းနှီးသူတွေ၊ မိသားစုတွေရဲ့ အားကိုးလေးစားမှုကို ရရှိကြတယ်။ သနားတတ်သူ၊ ကိုယ်ချင်းစာတရား ကြီးမားသူတွေလည်း ဖြစ်ပါတယ်။ စိတ်ကူးဉာဏ် ကွန့်မြူးမှု အားကောင်းပြီး အနုပညာဓာတ်ခံလည်း ကောင်းမွန်သူတွေ ဖြစ်ပါတယ်။ အတွေးတွေ မှန်နေတတ်ပါတယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)
သိဟ်ရာသီဖွား (ဇူလိုင် ၂၃ မှ သြဂုတ် ၂၂ ထိ) – ထူးချွန် ထက်မြက်သူ၊ ဦးဆောင်နိုင်သူ၊ သြဇာလွှမ်းမိုးနိုင်သူတွေပဲ ဖြစ်ပါတယ်။ မြင်ရုံနဲ့ ရှိန်သွားလောက်တဲ့ အဆင်းသဏ္ဍာန် ရှိတတ်ကြပြီး ရောက်တဲ့နေရာတိုင်းမှာ ခေါင်းဆောင်နိုင်ကြပါတယ်။ ဘုန်းတန်ခိုးအရှိန်အဝါ ပါလာသူတွေမို့ ထိထိရောက်ရောက် အသုံးချတတ်ရင် ဘဝမှာ အောင်မြင်ဖို့ လွယ်ကူပါတယ်။
ကန်ရာသီဖွား (သြဂုတ် ၂၃ မှ စက်တင်ဘာ ၂၂ ထိ) – ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်ပြီး အသေးစိတ်ကအစ ရှာဖွေစူးစမ်းနိုင်သူတွေ ဖြစ်ပါတယ်။ မွေးရာပါ ပါရမီ ဓာတ်ခံ ကောင်းသူ ဖြစ်လို့ တတ်လွယ်မြင်လွယ်ကြပါတယ်။ နေရာတိုင်းမှာ အပေါင်းအသင်း ဝင်ဆံ့နိုင်သူတွေ ဖြစ်ပြီး လူပေါင်းစုံနဲ့ ဆက်ဆံနိုင်စွမ်း ရှိပါတယ်။ လက်တွေ့ကျသူတွေလည်း ဖြစ်ပါတယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)
တူရာသီဖွား (စက်တင်ဘာ ၂၃ မှ အောက်တိုဘာ ၂၂ ထိ) – ဘယ်နေရာမှာမဆို အလိုက်သင့်အလျားသင့် နေထိုင်ပြောဆို တတ်သူတွေပါပဲ။ အရာရာကို မျှမျှတတ တွေးဆ ဆင်ခြင်တတ်ပြီး ဘက်မလိုက်တတ်သူတွေ ဖြစ်ပါတယ်။ သဘောမနောလည်း ကောင်းကြပြီး အလုပ်ကိုလည်း ကြိုးစားလုပ်ကိုင်တတ်ကြပါတယ်။ ခင်မင်လွယ်ပေမယ့် မဟုတ်မခံစိတ်လည်း ရှိကြပါတယ်။
ဗြိစ္ဆာရာသီဖွား (အောက်တိုဘာ ၂၃ မှ နိုဝင်ဘာ ၂၁ ထိ)- ရာသီဖွားအားလုံးထဲမှာ အကြမ်းပတမ်း အခံနိုင်ဆုံး၊ လောကဓံကို ပျက်ရယ်အပြုနိုင်ဆုံးသူတွေ ဖြစ်ပါတယ်။ လျှို့ဝှက်နိုင်စွမ်း ကြီးမားပြီး ဇွဲသန်သူတွေလည်း ဖြစ်ပါတယ်။ တစ်ခုခုကို စွဲမြဲသေချာအောင် မှတ်သားနိုင်ပြီး စေ့စပ်ကျနသူတွေ ဖြစ်ပါတယ်။ ပင်ကိုယ်ပါရမီမှာ စွမ်းရည်တစ်ခုခု ပါလာသူတွေပါပဲ။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)
ဓနုရာသီဖွား (နိုဝင်ဘာ ၂၂ မှ ဒီဇင်ဘာ ၂၁ ထိ) – ရည်မှန်းချက် မြင့်မားသလို ရောက်အောင်လည်း သွားပြနိုင်သူတွေ ဖြစ်ပါတယ်။ ထူးချွန်ထက်မြက်ပုံကလည်း သူများတွေ လိုက်မမီအောင်ပါပဲ။ တစ်ခုဆိုတစ်ခု ရည်မှန်းထားပြီး ဆုံးဖြတ်ချက်လည်း ပြတ်သားနိုင်သူတွေ ဖြစ်ပါတယ်။ စကားပြော ကောင်းသူ၊ နားလည်ပေးတတ်တဲ့ မိတ်ဆွေကောင်း ဖြစ်ပါတယ်။
မကာရရာသီဖွား (ဒီဇင်ဘာ ၂၂ မှ ဇန်နဝါရီ ၁၉ ထိ) – ဘယ်နေရာမှာ ဖြစ်ဖြစ် အလုပ်ကို ကြိုးစားရုန်းကန်သူ၊ တိတိကျကျ အကုန် လိုက်လုပ်တတ်သူတွေ ဖြစ်တယ်။ အေးအေးဆေးဆေးနဲ့ ပျော်ပျော် နေတတ်သလို လူကြီးသူမတွေကို ရိုသေလေးစားသူတွေလည်း ဖြစ်ပါတယ်။ တစ်ခုခုကို ဆုံးဖြတ်ထားရင် အဆုံးတိုင် ရောက်အောင် လုပ်ကိုင်တတ်သူတွေ ဖြစ်ပါတယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)
ကုမ်ရာသီဖွား (ဇန်နဝါရီ ၂၀ မှ ဖေဖော်ဝါရီ ၁၈ ထိ) – တီထွင်ဖန်တီးမှု ကောင်းမွန်သူ၊ တခါတလေ ထူးထူးခြားခြား ဖောက်ထွက် တွေးတော လုပ်ကိုင်နိုင်သူတွေ ပါပဲ။ ဗဟုသုတရော အတွေ့အကြုံပါ ပြည့်စုံသူတွေ ဖြစ်လု့ိ ဇွဲလုံ့လနဲ့ ပေါင်းစပ်တဲ့အခါ အောင်မြင်မှုကို ရယူသိမ်းပိုက် ပွဲခံနိုင်ကြပါတယ်။ တည်ငြိမ်မှုအပြည့် ရှိပြီး စိတ်ရောကိုယ်ပါ နှစ်မြုပ်လုပ်ကိုင်တတ်ကြပါတယ်။
မိန်ရာသီဖွား (ဖေဖော်ဝါရီ ၁၉ မှ မတ် ၂၀ ထိ) – စိတ်ကူးစိတ်သန်းနဲ့ အတွေးအခေါ် သိပ်ကောင်းတဲ့သူတွေ ဖြစ်ပါတယ်။ ခံစားချက် ရေယဉ်ကြောမှာ မျောကြပြီး ကိုယ့်ဖီးလ်နဲ့ကိုယ် အေးဆေးနေတတ်သူတွေလည်း ဖြစ်ပါတယ်။ တစ်ယောက်တည်းပဲ နေရတာ သိပ်ကြိုက်လို့ ဘေးလူ ဝိုင်းကူစရာ သိပ်မလိုဘဲ တစ်ကိုယ်တော် ရှင်သန်နေထိုင်နိုင်ကြပါတယ်။
၁၂ ရာသီဖွားအားလုံး ကိုယ့်ရဲ့ အားသာချက်တွေကို ထုတ်ဖော် အသုံးချနိုင်ကြပါစေ – ဧက