အရှည်သဖြင့်…

အသက်ဂြိုဟ် တနင်္ဂနွေ အားနည်းရင် ဘယ်နေရာမှာမှ မကောင်းပါ။ လူ့သက်တမ်း ရှည်ရှည် နေရဦးတော့..တနင်္ဂနွေ အားနည်းရင် အရှည်သဖြင့် ..အကျိုးကျေးဇူးကို ဖြစ်စေခဲလှပါတယ်။

အလုပ်အကိုင်မှာ သက်တမ်းရှည်ချင်မှလည်း ရှည်ပါတယ်။ အိုးအိမ်နေရာထိုင်ခင်း ..ရာထူးဌာန… သက်တမ်း ရှည်ချင်မှလည်း ရှည်ပါတယ်။

အိမ်ထောင်ရေးမှာ သက်တမ်းရှည်ချင်မှလည်းရှည်ပါတယ်။ အဆွေခင်ပွန်း ကဏ္ဍမှာ သက်တမ်းရှည်ချင်မှလည်း ရှည်ပါတယ်။ စပ်တူအစုရှယ်ယာကဏ္ဍတွေမှာ သက်တမ်းရှည်ချင်မှလည်းရှည်ပါတယ်။

မင်းအဖြစ်ကို ရဦးတော့ နန်းသက်ရှည်ချင်မှ ရှည်ပါတယ်။ ဘာဗေဒင်မှ…တွေးဖို့ တွက်ဖို့ မကြိုးစားနဲ့ဦး။ မကြာခဏ ..အရှည်သဖြင့် မဖြစ်စေသော ကံ တနည်း ကိစ္စအကြောင်းအရာများစွာတို့တွင် ကာလမကြာရှည် မစွဲမြဲတတ်သောကံ သင့်လာ ရောက်လာနေပြီ ဆိုရင်…အများစု နားလည်လွယ်အောင် အောက်ပါကဲ့သို့ လုပ်ဆောင်ပေးသင့်တာလေးတွေကို ရေးသားပေးလိုက်ပါတယ်။

သက်တမ်း မရှည်ကြာ မစွဲမြဲခြင်းကံသင့်တာကို ကုစားဖြေပြေလျော့ပါးစေဖို့ အသက်ရှည်နေသောလူများ (သက်ကြီးရွယ်အိုများ) ကို.. အသက်ဓါတ်ကို လှုံ့ဆော်ပေးနိုင်သော …ဆေးဝါး ၊ အစာအဟာရ စသည်တို့ကို ဒါနပြုပေးရပါတယ်။

ပြီးရင် ထိုကုသိုလ်အမှုသည်..ဘုရားတပည့်တော်၏ (မည်သည့်အခန်းကဏ္ဍတို့တွင် ..သက်တမ်းရှည်ကြာစွာ အကျိုးပေးခြင်းကံကို ဖြစ်ပါစေသတည်း .ဥပမာ ကျန်းမာရေး၊ အလုပ်၊ နေရာ ) စသည်ဖြင့် ဆုတောင်းရပါတယ်။

ဒီ့အပြင်နည်းလမ်းတွေလည်း များစွာ ရှိပါသေးတယ်။ ယခုတော့ ဒီမျှပဲ ဖတ်မှတ်ပြုကြည့်ကြပါခင်ဗျာ အသက်လိုချင်… အသက်ဆက်ပေးရပါမယ်။ အရှည်သဖြင့် အကျိုးကျေးဇူး ဖြစ်ကြပါစေသတည်း။

လေးစားစွာဖြင့် – ဆရာစိုးမိုးထွန်း (ခေါ်) ဆရာဝေသာလီမောင်ဖုန်း

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)