ဂဏန်းဗေဒင်လစဉ်ဟောကိန်း (ဒီဇင်ဘာ၊ ၂၀၂၁)

အင်္ဂလိပ်လို မွေးဖွားတဲ့ရက်အလိုက် ဒီလအတွက် ဂဏန်းဗေဒင်ဟောကိန်းကို တင်ပြပေးလိုက်ပါတယ်။ အားလုံး အသုံးတည့် အကျိုးရှိစေဖို့ မျှော်လင့်ပါတယ်။

(၁ ၊ ၁၀ ၊ ၁၉ ၊ ၂၈ တွင် မွေးဖွားသူများ) – ဒီလမှာ ဘယ်ကိစ္စပဲလုပ်လုပ် ကိုယ်ထင်သလောက် မခက်ဘူးဆိုတာ တွေ့ရလိမ့်မယ်။ ကိုယ့်ကိုကိုယ် ယုံကြည်မှု တိုးလာမယ်။ ၁၀ ရက်ကနေ ၂၀ ရက်ကျော်အထိ အလုပ်၊ စီးပွားကံ အားကောင်းနေမယ်။ ဝင်ငွေအကျိုးအမြတ်တွေ ပိုများလာနိုင်တယ်။ မိသားစု၊ အိမ်တွင်းရေး အေးချမ်းမှု ရှိမယ်။

(၂ ၊ ၁၁ ၊ ၂၀ ၊ ၂၉ တွင် မွေးဖွားသူများ)  – ကံကောင်းမယ့်လ ဖြစ်လို့ ဘယ်လိုအခက်အခဲမဆို ဖြေရှင်းနိုင်မယ်။ ဘက်ပေါင်းစုံကနေ အကူအညီပံ့ပိုးမှုတွေ ရလာတတ်တယ်။ သွားရေးလာရေးကိစ္စတွေ အဆင်ပြေချောမွေ့မယ်။ ငွေရေးကြေးရေးကိစ္စမှာ စိတ်ချမ်းသာမှု ရလိမ့်မယ်။ အလုပ်လုပ်ရာမှာတော့ သတိလေး ကပ်ထားဖို့ လိုလာမယ်။

(၃ ၊ ၁၂ ၊ ၂၁ ၊ ၃၀ တွင် မွေးဖွားသူများ) –  အတွေးတွေ သိပ်များနေလို့ လုပ်တဲ့အလုပ်တိုင်းမှာ ထိရောက်မှုတွေ နည်းတတ်တယ်။ တစ်ခုဆိုတစ်ခု အာရုံစိုက် လုပ်တာ ပိုကောင်းမယ်။ မေတ္တာရေးမှာ နှစ်ဦးကြား သူတပါး အဝင် မခံတာ ကောင်းမယ်။ ဒီတစ်လလုံးမှာ အလုပ်ကံဇာတာ သင့်ပေမဲ့ ငွေပေးငွေယူ၊ ချေးငှားတာတွေ သတိထားပါ။

(၄ ၊ ၁၃ ၊ ၂၂ ၊ ၃၁ တွင် မွေးဖွားသူများ) –  ဒီလမှာ လုပ်ငန်းဆောင်တာနဲ့ ပတ်သက်လို့ အဆင်ပြေလွယ်ကူပြီး ချီးမြှင့်ကူညီမှုတွေပါ ရတတ်တယ်။ ဒါပေမဲ့ ငွေကြေးကိစ္စမှာ စိတ်ညစ်စရာတွေ ဖြစ်ပြီးမှ ပြေလည်သွားလိမ့်မယ်။ မိသားစုအရေး အေးချမ်းမယ်။ သတင်းကောင်း ကြားမယ်။ အလုပ်သစ် စလို့ ကောင်းပြီး ရာထူးတိုးတတ်တယ်။

(၅ ၊ ၁၄ ၊ ၂၃ တွင် မွေးဖွားသူများ) – အရင်လနဲ့စာရင် ဒီလမှာ ငွေကြေးကံဇာတာ ပိုကောင်းမယ်။ စကားပြောဆို ငြင်းခုံတာတွေမှာ သတိထားရမယ်။ အမှားပါပြီး စကားကြောင့်ပဲ ပတ်ဝန်းကျင်နဲ့ အဆင်မပြေ ဖြစ်တတ်တယ်။ လုပ်ငန်းမှာ နေရာကောင်းရတာ၊ လုပ်ပိုင်ခွင့် တိုးတာ ကြုံရမယ်။ လလယ်ပိုင်းမှာမေတ္တာရေးကံ အားနည်းမယ်

(၆ ၊ ၁၅ ၊ ၂၄ တွင် မွေးဖွားသူများ)  – တစ်နှစ်လုံးမှာ ဒီလက ငွေကြေးကံ အကောင်းဆုံး ဖြစ်နေတတ်တယ်။ ထီ (သို့) တခြားကိစ္စတွေမှာ ကံစမ်းကြည့်သင့်တယ်။ ဒါပေမဲ့ ငွေအလွှဲအပြောင်း၊ အချေးအငှားတွေတော့ သတိထား လုပ်ရမယ်။ ကျန်းမာရေးပြဿနာ နည်းနည်း ရှိလာနိုင်တယ်။ နှလုံးသားရေးမှာ ဘေးအနှောင့်အယှက် ရှိမယ်။

(၇ ၊ ၁၆ ၊ ၂၅ တွင် မွေးဖွားသူများ) – ပြောစကားဆိုစကားတွေ အောင်မြင်မယ်။ ကိုယ်ပိုင်ဥာဏ်အရည်အချင်းကို အသုံးချလာနိုင်မယ်။ အလုပ်အကိုင်၊ ငွေကြေးကိစ္စတွေမှာ ကိုယ့်အတွေးအခေါ် လုပ်ရည်ကိုင်ရည်ကို သုံးနိုင်ပြီး အောင်မြင်မှုလည်း ရမယ်။ မိသားစုအရေး စိတ်ညစ်ရတတ်သလို ကျန်းမာရေးလည်း နည်းနည်း ဂရုစိုက်ရမယ်။

(၈ ၊ ၁၇ ၊ ၂၆ တွင် မွေးဖွားသူများ) – ဒီလထဲမှာ ဒေါသထွက်စရာ၊ ပေါက်ကွဲချင်စရာတွေ ဖြစ်ပေါ်လာနိုင်တယ်။ ကိုယ်ပြောစကားတွေကို ထိန်းချုပ်နိုင်မှ ဖြစ်မယ်။ ငွေကြေးစီးပွားကံတော့ ကောင်းမယ်။ အလုပ်မှာ ဖြစ်သလို လုပ်မိရင် အမှားလိမ့်များမယ်။ မေတ္တာရေးမှာ ကတောက်ကဆ များတတ်ပြီး ကျန်းမာရေးပါ ညံ့သွားနိုင်တယ်။

(၉ ၊ ၁၈ ၊ ၂၇ တွင် မွေးဖွားသူများ) –  တစ်လလုံးမှာ ကျန်းမာရေး အားနည်းချူချာလာနိုင်တယ်။ ပထမအပတ်နဲ့ နောက်ဆုံးအပတ်တွေမှာ ပိုသတိထားရမယ်။ ဒီလမှာ ဘယ်ကိစ္စမဆို အရင်ဆုံး စိတ်ညစ်စရာ ပင်ပန်းစရာတွေ ဖြတ်သန်းပြီးမှ အဆင်ပြေသွားလိမ့်မယ်။ မေတ္တာရေးမှာ ဘေးလူတွေကြောင့် နှစ်ဦးကြား ရန်များရတတ်တယ်။

မွေးရက်ဂဏန်းအားလုံး ဘေးကင်းကျန်းမာ ပျော်ရွှင်နိုင်ကြပါစေ – ဧက (ဗေဒင်သုတ)

 

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)