လူချမ်းသာဇာတာ ပါတဲ့ ရာသီခွင်များ

တကယ်လို့ ခင်ဗျားဟာ လေဓာတ်ရာသီခွင် (မေထုန်၊ တူ၊ ကုမ်) မှာ မွေးဖွားခဲ့တယ်ဆိုရင် သူဋ္ဌေးကြီး ဖြစ်ဖို့ အခွင့်အလမ်း ပိုများတယ်လို့ မှတ်ယူလိုက်ပါ။ ဘာလို့လဲ ဆိုတော့ နှစ်စဉ်နှစ်တိုင်း ကမ္ဘာပေါ်က အချမ်းသာဆုံး ဘီလျံနာသူဌေးကြီးတွေ စာရင်းကို ထုတ်ပြန်ပေးနေကျ Forbes စာစောင်ရဲ့ ဖော်ပြချက်အရ  ၂၀၂၀ ရဲ့ ထိပ်တန်းဘီလျံနာ (၁၀၀) စာရင်းမှာ လေဓာတ်ရာသီဖွားတွေက အများဆုံး လွှမ်းမိုးထားလို့ပါပဲ။

လေဓာတ် ရာသီခွင်ဖွားတွေရဲ့ နောက်မှာ မြေဓာတ်ရာသီဖွား (ပြိဿ၊ ကန်၊ မကာရ) တွေက ဒုတိယ အများဆုံး ဖြစ်နေပြီး အဲဒီနောက်မှာတော့ ရေဓာတ် (ကရကဋ်၊ ဗြိစ္ဆာ၊ မိန်) နဲ့ မီးဓာတ် (မိဿ၊ သိဟ်၊ ဓနု) တွေက အစဉ်လိုက် ရပ်တည်နေပါတယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

ဉာဏ်ရည်သမား လေဓာတ်ရာသီဖွား (မေ ၂၁ မှ ဇွန် ၂၀ အတွင်း) (စက်တင်ဘာ ၂၃ မှ အောက်တိုဘာ ၂၂ အတွင်း) (ဇန်နဝါရီ ၂၀ မှ ဖေဖော်ဝါရီ ၁၈ အတွင်း) မွေးဖွားကြသူများ

အချမ်းသာဆုံးစာရင်းမှာ အများဆုံး ပါဝင်လာတဲ့ လေဓာတ်ရာသီဖွားတွေဟာ မူလသဘာဝဓာတ်ခံအရ တီထွင်ဉာဏ် ရင့်သန်သူတွေ ဖြစ်ကြပြီး ဘယ်လိုအခြေအနေမျိုးမှာ မဆို လိုက်လျောညီထွေ ဖြတ်သန်း ရင်ဆိုင်နိုင်ကြတဲ့ အစွမ်း ရှိပါတယ်။ ဒါ့အပြင် ခေတ်ပေါ်နည်းပညာရဲ့ အပြောင်းအလဲတွေမှာ လိုက်ပါ စီးမျော စွန့်စားနိုင်သူတွေလည်း ဖြစ်ပါတယ်။ လေဓာတ်ရာသီခွင် (၃) ခု ရှိရာမှာ

တူရာသီဖွားတွေက လူချမ်းသာဦးရေ အများဆုံးနဲ့ မေထုန်ရာသီဖွားတွေက တတိယအများဆုံး ဖြစ်နေပါတယ်။ လေဓာတ် ရာသီခွင်တွေထဲမှာ Walmart လက်လီလုပ်ငန်းကြီးရဲ့ ပိုင်ရှင် အပါအဝင် ဒိတ်ဒိတ်ကြဲ ဘီလျံနာတွေ အများအပြား ပါဝင်နေပါတယ်။ ခင်ဗျားရော လေဓာတ်ရာသီဖွားများ ဖြစ်နေသလား.. ဖြစ်နေရင်တော့ ဂုဏ်ယူဝမ်းမြောက်လိုက်ပါ။ သူများထက် ချမ်းသာနိုင်ခြေ ပိုများလို့ပါပဲ။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

ဇွဲသန်စိတ်ခိုင်တဲ့ မြေဓာတ်ရာသီဖွား (ဧပြီ ၂၀ မှ မေ ၂၀ အတွင်း) (သြဂုတ် ၂၃ မှ စက်တင်ဘာ ၂၂ အတွင်း) (ဒီဇင်ဘာ ၂၂ မှ ဇန်နဝါရီ ၁၉ အတွင်း) မွေးဖွားကြသူများ

မူလဓာတ်ခံအရ ဇွဲကောင်းသူ၊ စိတ်ရှည်သည်းခံနိုင်သူ၊ ရည်မှန်းချက် စွဲမြဲခိုင်မာသူတွေ ဖြစ်တဲ့ ပြိဿ ရာသီဖွားတွေဟာ လူချမ်းသာစာရင်းရဲ့ ဒုတိယအများဆုံးနေရာမှာ ရပ်တည်နေပါတယ်။ သူတို့ထဲမှာ Facebook ပဲ့ကိုင်ရှင် မတ်ခ်ဇူကာဘတ်ဂ်ျနဲ့ Alibaba သူဋ္ဌေးကြီး ဂျက်မားလို ဒိတ်ဒိတ်ကြဲတွေလည်း ပါဝင်နေပါတယ်။ ၂၀၁၉ တုန်းက မြေဓာတ် ရာသီခွင်ထဲက မကာရရာသီဖွားတွေဟာ အချမ်းသာဆုံး ဘီလျံနာ (၁၀၀) စာရင်းမှာ ထိပ်ဆုံးက ဦးဆောင်ခဲ့ပေမယ့် ၂၀၂မှာတော့ လေဓာတ်ရာသီခွင်တွေကို ဖယ်ပေးခဲ့ရပါတယ်။

ဒါပေမဲ့ မြေဓာတ်ရာသီခွင် ပြိဿဟာ အချမ်းသာဆုံးစာရင်းမှာ ဒုတိယအများဆုံး ပါဝင်နိုင်ခဲ့တဲ့အတွက် မဆိုးဘူးလို့ ဆိုရပါမယ်။ ခင်ဗျားလည်း မြေဓာတ်ရာသီခွင်တစ်ခုမှာ မွေးဖွားတယ် ဆိုရင် ချမ်းသာကြွယ်ဝဖို့ အလားအလာ များတယ်လို့ ပြောချင်ပါတယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)

ကျန်တဲ့ ရေဓာတ်နဲ့ မီးဓာတ် (ကရကဋ်၊ ဗြိစ္ဆာ၊ မိန်၊ မိဿ၊ သိဟ်၊ ဓနု) ရာသီဖွားတွေက နောက်ဆုံးမှာ ဆိုပေမယ့် ဒီရာသီခွင်တွေထဲမှာလည်း Dell ကွန်ပျူတာလုပ်ငန်းရှင် Michael Dell ၊ SpaceX တည်ထောင်သူ Elon Musk ၊ Google ပူးတွဲ ပိုင်ရှင် Sergey Brin တို့လို နာမည်ကျော် ဘီလျံနာကြီးတွေ ပါဝင်နေတာမို့ ကြိုးစားခွင့် ၊ ကြီးပွားခွင့်တွေ လူတိုင်းမှာ ရှိတယ်လို့ ဆိုပါရစေ။ ရာသီခွင်ဖွားအားလုံး ကြီးပွားချမ်းသာဖို့ ဆန္ဒပြုပါတယ် ဧက (ဗေဒင်သုတ)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)