လုံခြုံရေးကျိုးပေါက်ခြင်းကံ

လူတော်တော်များများ သူခိုးခိုး ခံရမှာ၊ မသမာသူရဲ့ စနက်နဲ့ မိမိဥစ္စာပစ္စည်း ဆုံးရှုံးရမှာကို ကြောက်တတ်ကြပါတယ်။ ဗေဒင်ဆရာ တော်တော်များများကလည်း ..စနေ အဆိုးမြင်လိုက်တာနဲ့ ခိုးကိန်းမီးကိန်း တယ်ဟောတတ်ကြ။ ဟောမယ်ဆိုလည်း ဟောလောက်စရာ ရယ်ပါ။ စနေဂြိုဟ်သည် ဆိုးကျိုးပေးနိုင်သော အနေအထားနဲ့ လူတစ်ယောက်ရဲ့ ကံဇာတာကို ပတ်သက်ဆက်နွယ်လာပြီဆိုရင် မသမာသော နည်းလမ်းများနဲ့ မကောင်းမှုကံ ကျရောက်ရန် လွယ်လာစေတတ်ပါတယ်။

သို့သော်…ခိုးဝှက်ခံရခြင်း၊ ဖောက်ထွင်းခံရခြင်း စသည်တို့အတွက်တော့ သောကြာဂြိုဟ် အင်အားပျက်ယွင်းမှု ပါကိုပါနေမှ….. ခိုးယူဖောက်ထွင်းမှုခံရသည်အထိ ဖြစ်စေတာပါ။ ထားပါတော့… ဒါတွေပြောနေလည်း စာဖတ်သူအများစုက ဗေဒင်ပညာကို အခြေခံတီးမိခေါက်မိနေမှ…သဘောသွားကို ရိပ်စားမိမှာပါ။ ဆိုတော့….တင်ကြိုကာကွယ်နည်းလေးပဲ ပြောကြပါစို့။

(၁) သံပုရာသီး လေးတွေကို အခန်းထောင့် ၊ ခြံထောင့်များမှာ ပစ်ထားခြင်းကို အသုံးပြုနိုင်ပါတယ်။ ထောင့်တွေမှာ ထားရပါတယ်။ ထောင့်အရပ်တွေသည်..ပါပဂြိုဟ်တို့ အစိုးရပါတယ်။ ထောင့်ကျရာ အရပ်တွေသည် မကောင်းမှုကို ဖိတ်ခေါ်တတ်သော နေရာတွေလို့ ယျေဘုယျသတ်မှတ်နိုင်ပါတယ်။ သံပုရာသီးလေးတွေ ညှိးသွားခြောက်သွားရင် ပြန်လဲပေးသင့်ပါတယ်။ (ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

(၂) ဗုဒ္ဓဘာသာဝင်များ အဖို့….အလွယ်ကူဆုံးအားဖြင့် … အမျိုးအစားကောင်းသော သော့တို့ကို ..လစဉ် ဘုန်းတော်ကြီးကျောင်း၊ ဘုရားကျောင်းကန် စသည်တို့မှာ (ဤကောင်းမှုအားဖြင့် ..သာသနာ နှင့် ရဟန်းသံဃာတို့၏ အကျိုးစီးပွားကို လုံခြုံစေခြင်းငှာ ဖြစ်ပါစေသတည်း ဆိုပြီး) လစဉ် လှူပေးသွားပါ။ တတ်နိုင်သူတွေဖြစ်ရင်…တံတိုင်းအလှု.၊ တံခါးသံပန်း၊ အမိုးအကာ စသည်ဖြင့် …အထက်ပါအတိုင်း ရည်စူးပြီး လှုဒါန်းသွားပါ။ တော်ရုံ ကျရောက်လာနိုင်သော ခိုးကိန်းကံတို့ကို ကြိုတင်ကာကွယ်ထားနှင့်ပြီးသား ဖြစ်စေပါတယ်။ (ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

(၃) မိမိနေအိမ်မှာ သော့အပျက်တွေ မထားသင့်ပါ။ ပြင်သုံးချင်ရင် ပြင်သုံး ၊ စွန့်တန်ရင်စွန့်ပါ။ ထို့အတူ.. သတိထားသင့်တာက.. .နေရင်းထိုင်ရင်း အိမ်မှာ သော့တွေ ထူးထူးခြားခြားပျက်လာတာ ၊ ပျောက်ရှလာတာ…စသည်ဖြင့်တွေ အကြိမ်ရေ များလာရင်…. သတိပြုသင့်သော အဆင့် အဖြစ် သတ်မှတ်ပြီး…မိမိတို့နေအိမ် လုံခြုံရေးကို သတိလေး ကပ်ပေးသင့်ပါပြီ။

ချမ်းသာခြင်း ရှိကြပါစေ – ဆရာစိုးမိုးထွန်း (ခေါ်) ဆရာဝေသာလီမောင်ဖုန်း

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)