သက်စေ့နံတူ ကုသိုလ်ယူ ယတြာ

အလုပ်သဘာဝအရ ပရိတ်၊ ပဌာန်း၊ ဂါထာတော်များကို နေ့စဉ် အချိန်မှန် ရွတ်ဖတ် ပူဇော်ရန် ခက်ခဲကြသူများ၊ အဓိဌာန်ဝင်၊ ပုတီးစိပ် စသည့် ကျင့်စဉ်မျိုး မဝင်နိုင်သူများအတွက် တစ်လလျှင် တစ်ကြိမ်မှ နှစ်ကြိမ်ခန့်အထိ ကုသိုလ်ပြုပေးရုံနှင့် ဘေးကင်းရန်ကွာ လာဘ်လာဘ ပေါများစေနိုင်သည့် သက်စေ့နံတူကုသိုလ်ယူယတြာကို ဖော်ပြပေးလိုက်ပါသည်။

ယခု ဖော်ပြမည့် အစီအရင်သည် သမ္မအာဇီဝကျကျ လုပ်ကိုင် အသက်မွေးနေသူများ၊ မင်္ဂလာတရားတော်နှင့် အညီ နေထိုင်သူများ၊ မိဘနှစ်ပါးကို လုပ်ကျွေးပြုစုနေသူများ၊ ရတနာမြတ်သုံးပါးကို ရိုသေကိုင်းရှိုင်း၍ စိတ်ထား ဖြူစင်သူများအတွက်သာ ဖြစ်ပြီး အသောက်အစား မပြတ်သူများ၊ လောင်းကစားသမားများ၊ ဖြတ်လမ်းမှ စီးပွား ရှာလိုသူများအတွက် မဟုတ်ကြောင်း ဦးစွာ အသိပေးလိုပါသည်။

သက်စေ့နံတူ ကုသိုလ်ယူသော အစီအရင် ဖြစ်၍ မိမိမွေးနံသင့် ပန်း/အညွှန့်/ဆွမ်းနှင့် မီးအလင်းတိုင်များကို အမြိတ္တစုတ်ရက် မနက်ပိုင်းတွင် တန်ခိုးကြီး စေတီဘုရားရှိ မိမိမွေးနံထောင့်မှာပင် သက်စေ့ လှူဒါန်း ကုသိုလ်ပြုရပါမည်။ အမြိတ္တစုတ် နေ့ကောင်းရက်သာ ရွေးချယ်ပုံမှာ အောက်ပါအတိုင်း ဖြစ်သည်။

ဥပမာ လာမည့် အောက်တိုဘာ ၁၂ ရက်နေ့ (သီတင်းကျွတ်လဆန်း ၇ ရက်) သည် အင်္ဂါနေ့ ဆုံသောရက် ဖြစ်၍ အမြိတ္တစုတ်ရက် ဖြစ်သည်။ ထိုနည်းအတိုင်း လစဉ် အမြိတ္တစုတ်ရက်ကို တွက်ချက် ရှာဖွေယူနိုင်ပါသည်။

အမြိတ္တစုတ်ရက်နေ့တွင် မနက်ပိုင်း၌ စေတီတစ်ဆူသို့ သွား၍ မိမိတို့ နေ့နံနှင့်ကိုက်ညီသော ပန်း (သို့) ဆွမ်း လှူဖွယ်များနှင့် အလင်းတိုင် သက်စေ့ကို လှူဒါန်းပူဇော်ရပါမည်။ နေ့သားအလိုက် နေ့နံသင့် ပူဇော်ရမည့် အရာများမှာ အောက်ပါအတိုင်း ဖြစ်သည်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

ဥပမာ စနေသားတစ်ဦးသည် ဖော်ပြပါ အမြိတ္တစုတ်ရက်နေ့ မနက်ပိုင်းတွင် စေတီတစ်ဆူရှိ မိမိမွေးနံထောင့်ရှိရာ သွား၍ စနေနံသင့် ပန်းများ ဖြစ်သော နှင်းဆီ ၇ ပွင့်နှင့် အလင်းတိုင် ၇ တိုင်ကို ပူဇော်ရပါမည်။ ထို့နောက် မိမိတို့ လိုရာဆန္ဒကို အလေးအနက်ထား၍ ဆုတောင်းယူရပါမည်။ ကျန်နေ့သားများလည်း ဤအတိုင်း ပြုလုပ်ရပါမည်။

အမြိတ္တစုတ်ရက်သည် တစ်လလျှင် အနည်းဆုံး တစ်ရက်မှ နှစ်ရက် သုံးရက်အထိ ရှိတတ်သောကြောင့် အဆိုပါ နေ့များတွင် မပျက်မကွက် ရအောင် ကြိုးစားလျက် လှူဒါန်းပူဇော်နိုင်ပါက မိမိတို့ ကြုံတွေ့နေရသော အခက်အခဲ ပြဿနာများ ပြေလည်သွားမည့်အပြင် လာဘ်ရွှင်ခြင်း၊ ဘေးအန္တရာယ်ကင်းခြင်းဟူသော အကျိုးတရားများကိုပါ ရရှိခံစားရပါလိမ့်မည်။

နေ့သားသမီးအားလုံး ဘေးကင်းရန်ကွာ၍ လိုရာဆန္ဒများ ပြည့်ဝနိုင်ကြပါစေ – ဧက (ဗေဒင်သုတ)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)