သားဦးစနေ မီးလိုမွှေ

ဗေဒင်ဟောပြောသည့် သက်တမ်းတစ်လျှောက်လုံးတွင် သားဦးစနေ မီးလိုမွှေ ဆိုသည့် ပြဿနာသည် ခဏခဏ ဖြေပေးရသော ပြဿနာတစ်ခု ဖြစ်သည်။ လိုတိုရှင်း ကျွန်တော် တစ်သက်လုံး မြင်ဖူးတွေ့ဖူးသမျှ အတွေ့အကြုံ နှင့် ဖြေပါမည်။ သားဦးစနေ မီးလိုမွှေ ဆိုသည့်အတိုင်း ခိုက်ပါသည်။ အခြားသူများကို ခိုက်ခြင်းမဟုတ်ပါ။ ထိုစနေသားဦးအား ခိုက်ခြင်း ဖြစ်သည်။

သူတို့ခမြာ….ဘာမှနားမလည်သည့် အရွယ်ကတည်းက စပြီး သားဦးစနေကြီးနော် ဆိုသည့် ဘုမသိဘမသိ စကားဖြင့် ….အပြစ်ဖို့စရာ ၊ လက်ညှိးထိုးစရာအဖြစ် ….စပြီးရင်ဆိုင်ကြရသူ များစွာ တွေ့ဖူးသည်။ ဘာအပြစ်မှ မလုပ်ရဘဲ….. သားဦးဖြစ်ခြင်း၊ စနေနေ့တွင် ဇာတိပုညလေး စရမိခြင်း နှစ်ချက်တည်းနှင့်ပင် အပြစ်ပေးခံနေရသလို …ခံစားနေကြရသည့် ဘ၀လေးတွေ။ (ဗေဒင်သုတ – BaydinThyuta Facebook Page မှ တင်ဆက်သည်။ ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

အညာမှာနေစဉ်က ကျွန်တော် စာသင်ပေးခဲ့ဖူးသော တပည့်လေးတစ်ဦး ကို သူ့မိဘက နာမည်ပေးထားသည်မှာ “မသေနိုင်”တဲ့။ မင်းဟာက ဟုတ်မှ ဟုတ်ရဲ့လားကွာဟု အတန်တန် မေးခဲ့ရဖူးသည်။ အမှန်ဖြစ်၏။ မွေးကတည်းက အနှိမ်ခံ အပယ်ခံထားခဲ့ရသည့် သားဦးစနေ တပည့်လေးတစ်ဦး။ စိတ်ကို မကောင်းမိခဲ့သလို…၊ သူမိဘတွေရဲ့ နှလုံးသားကိုလည်း ဒီနေ့ထိ နားကို မလည်နိုင်ခဲ့ပါ။

အမိအဖတွေ စီးပွားဖြစ်လာလျင် သူတို့ကြောင့်ဟု နာမည်မတပ်ကြသော်လည်း…စီးပွားကျလာလျင်တော့ ဒါကြောင့်နေမှာ ဟူသော ဆိုင်းဘုတ်တပ်ခံရသည့် အနှိမ်ခံ ကလေးငယ်များ။ (ဗေဒင်သုတ – BaydinThyuta Facebook Page မှ တင်ဆက်သည်။ ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

မလုပ်သင့်ကြပါ။ အစစ အဆင်ပြေရုံမက…အမိအဖကိုပင် လုပ်ကြွေးပြုစုနေကြသော သားဦးစနေပေါင်း များစွာကို လောကတွင် တစ်ချက်လောက် သတိပြုမိကြပါစေ။

လေးစားလျက်…

ဆရာစိုးမိုးထွန်း (ခေါ်) ဆရာဝေသာလီမောင်ဖုန်း

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)