သိဟ်ရာသီဖွား (ဇူလိုင် ၂၃ မှ သြဂုတ် ၂၂ အတွင်း မွေးဖွားသူများ)

ငွေကြေးစီးပွား – အလုပ်အကိုင်နှင့် စီးပွားရေးအခြေအနေအရပ်ရပ်မှာ တိုးတက်အောင်မြင်လာရန် ရှိနေသည်။ ဘက်ပေါင်းစုံက အကူအညီ၊ ပံ့ပိုးမှုများလည်း ရရှိလိမ့်မည်။ လုပ်ငန်းကိစ္စ ခရီးများမှ ရလဒ်ကောင်းများ ရရှိမည်။

လုပ်ငန်းတိုးချဲ့လိုသူများ၊အလုပ်နေရာသစ်ပြောင်းရွှေ့လိုသူများ အစပိုင်း အခက်အခဲရှိသော်လည်း နောက်ပိုင်း အဆင်ပြေအောင်မြင်မည်။ ပုံမှန်ဝင်ငွေအပြင် အခြားရလမ်းအသစ်များလည်း ပေါ်လာမည်။ စိတ်ချမ်းသာရမည်။

မေတ္တာရေးရာ – လလယ်ပိုင်းရက်များတွင် အချစ်ရေး၊ နှလုံးသားရေး ကံခေပြီး စိတ်ညစ်စရာများ ဖြစ်လိမ့်မည်။ ထိုနောက်ပိုင်းတွင်မူ ချစ်ခရီးလမ်း အစစအရာရာ ဖြောင့်ဖြူးသာယာလိမ့်မည်။ အိမ်ထောင်ပြုလိုသူ၊ တွဲဖက်ကို ရှာဖွေနေသူများ ယခုလနှောင်းပိုင်းတွင် အစပြုနိုင်သည်။ မေတ္တာရေးရာ သောကများ ကင်းဝေးသွားလိမ့်မည်။

အခြားကဏ္ဍများ – အပျော်အပါးကိစ္စများ၊ လောင်းကစားများ ခါတိုင်းထက် ပိုများလာနိုင်သောကာလ ဖြစ်သည်။ လူငယ်များအဖို့ ပျော်ပွဲရွှင်ပွဲ လူမှုရေးကိစ္စများတွင် ပါဝင်ပတ်သက်မှု များလာမည်။ ကျန်းမာရေး ပြဿနာကြီးမျိုး မရှိနိုင်ဘဲ ဘေးကင်းလိမ့်မည်။ သို့သော် အလွန်အကျွံ အပျော်လိုက်ခြင်း၊ အပင်ပန်းခံခြင်းတို့ကို သတိပြုရမည်။

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)