သင်္ကြန်ပန်းအိုးနှင့် သင်္ကြန်မင်းကို ကြိုဆိုခြင်း

မြန်မာသက္ကရာဇ်နှစ်တစ်ခု၏ နောက်ဆုံးရက်ဖြစ်သော မဟာသင်္ကြန်ရက်များတွင် အကြို၊ အကျ၊ အကြတ်၊ အတက် ရက်များသည် ကောဇာနှစ်တစ်ခု၏ နောက်ဆုံးရက်များဖြစ်သည်။

သင်္ကြန်စာများတွင် ဘာဏုရာဇာဟုခေါ်သော တနင်္ဂနွေဂြိုဟ်မင်းကို သင်္ကြန်မင်းဟု ခေါ်တွင်သည်။ အနောက်တိုင်းအလိုအရဆို Apollo (Sun) ဟုခေါ်သော နေနတ်သားကို ကိုယ်စားပြုထားသည်။ (ဗေဒင်သုတ – BaydinThyuta Facebook Page မှ တင်ဆက်သည်။ ကူးယူဖော်ပြခွင့် မပြုပါ)

အများသူငှာပြောသကဲ့သို့ သင်္ကြန်ရက်များတွင် သိကြားမင်းဆင်းသည်ဟူသော စကားသည် သင်္ကြန်စာအရ မှားယွင်းလှ၏။ အမှန်မှာ သင်္ကြန်မင်း ဖြစ်သည်။ သင်္ကြန်မင်းကို ခေါ်ဝေါ်ရာမှ နှစ်ကာလ ကြာမြင့်သည့်အခါ သိကြားမင်းဟု အစားထိုး ခေါ်ဝေါ်သုံးစွဲလာခဲ့ကြခြင်းသည် အယူအဆမှားတစ်ခုဖြစ်ပါသည်။

သင်္ကြန်အကြိုနေ့တွင် သင်္ကြန်မင်းအား တနင်္ဂနွေမှ ရာဟုနံသင့်ထိ (၈)မျိုးသော ပန်းအညွန့်များနှင့် အတာအိုးထိုးပြီး ကြိုဆိုသည့် ဓလေ့ရိုးရာ ရှိသည်။ (ဗေဒင်သုတ – BaydinThyuta Facebook Page မှ တင်ဆက်သည်။ ကူးယူဖော်ပြခွင့် မပြုပါ)

ယခုနှစ် အတွက် သင်္ကြန်အကြိုနေ့သည် ၁၃.၄.၂၀၁၉ စနေနေ့ဖြစ်ပါ၏။

၁၃၈၁-ခုနှစ် သင်္ကြန်စာအရ “ဘာဏုရာဇာခေါ် တနင်္ဂနွေဂြိုဟ်မင်း (သင်္ကြန်မင်း)သည် ကြာဝတ်ဆံ အဆင်းနှင့် တူသော အဝတ်တန်ဆာကို ဝတ်ဆင်လျှက် နဂါးကိုစီး၍ လက်တစ်ဖက်က မြှား၊ လက်တစ်ဖက်က လွှားကို ကိုင်၍ အရှေ့မြောက်ထောင့်မှသည် အနောက်သို့ဝင်၏။ ဤကား သင်္ကြန်မင်းလာမည့်လမ်းကို ဖော်ပြထားခြင်းဖြစ်သည်။

သင်္ကြန်အတာအိုးကို စနစ်တကျ ထိုး၍ သင်္ကြန်မင်းကို ကြိုဆိုရာတွင် အတာအိုးအတွင်း ထိုးရမည့် နေ့နံသင့် ပန်းများကို အောက်ပါ အတိုင်း ဖော်ပြပေးလိုက်ပါသည်။ (ဗေဒင်သုတ – BaydinThyuta Facebook Page မှ တင်ဆက်သည်။ ကူးယူဖော်ပြခွင့် မပြုပါ)

သင်္ကြန်မင်းကို သင်္ကြန်ပန်းအိုးဖြင့် ကြိုဆိုရာတွင် ၄င်းနေ့နံသင့် ပန်းတစ်မျိုးစီကို အတာအိုးအတွင်း တစ်ညွန့်စီ (၈)မျိုး ရေခံပြီး ထိုးရမည်။ ထို့ပြင် နေအိမ်ရှိ နေ့သားအလိုက် နေ့သင့်နံသင့် ထပ်ထိုးရမည်။

ဥပမာ-နေအိမ်တွင် တနင်္ဂနွေ၂ယောက်၊ ၃င်္ဂါ ၁ယောက်ရှိသည်ဆိုပါက ၄င်းပုံမှန်ပန်း (၈)မျိုးအပြင် အုန်း ၂ညွန့်၊ ဇီး ၁ညွန့် ထပ်မံထိုးပေးရပါမည်။ ကျန်နေ့သားများလည်း နေအိမ်ရှိ နေ့သားအလိုက် နံသင့်ပန်းကို ထပ်မံ ထိုးပေးရမည်ဟု ဆိုလိုပါသည်။

သင်္ကြန်မင်းသည် အရှေ့မြောက်အရပ်မှ ဝင်မည်ဖြစ်ပေရာ အလုပ်နေရာ (သို့မဟုတ်) နေအိမ် ဧည့်ခန်းများ၏ အရှေ့မြောက်အရပ်တွင် အတာအိုးကို ထားရှိရပေမည်။ ဤသည်မှာ မြန်မာ့ရိုးရာ ဓလေ့ထုံးတမ်းအရ သက်ြန်မင်းအား သင်္ကြန်ပန်းဖြင့် စနစ်တကျ ကြိုဆိုခြင်းပင် ဖြစ်ပါသည်။

ကိုယ်စိတ်နှစ်ပါးချမ်းမြေ့ပါစေ

ဆရာလင်းဝေအောင်

 

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)