အကျိုးစီးပွားအတွက် နေ့နံအလိုက် စိုက်အပ်သော သစ်ပင်

 

အလွယ်ကူဆုံးနဲ့အရိုးရှင်းဆုံးဖြစ်ပြီး … မိမိဘာနေ့သားသမီး သိရုံနဲ့ လုပ်လို့ အဆင်ပြေနိုင်မှာလေးပါ။

တနင်္ဂနွေသားသမီး ဖြစ်ရင် တနင်္လာနံသစ်ပင် ( အရှေ့အရပ်တွင် ထား)

တနင်္လာသားသမီး ဖြစ်ရင် အင်္ဂါနံ သစ်ပင် (အရှေ့တောင်အရပ်)

အင်္ဂါသားသမီး ဖြစ်ရင် ဗုဒ္ဓဟူးနံ/ရာဟုနံ သစ်ပင် ( တောင်အရပ် နှင့် အနောက်မြောက်)

ဗုဒ္ဓဟူးသားသမီး ဖြစ်ရင် ကြာသာပတေးနံ သစ်ပင် (အနောက်အရပ်)

ကြာသာပတေးနံသားသမီး ဖြစ်ရင်…သောကြာနံသစ်ပင် ( မြောက်အရပ်)

သောကြာနံ သားသမီးဖြစ်ရင် … စနေနံသစ်ပင် ( အနောက်တောင်အရပ်)

စနေသားသမီး ဖြစ်ရင် … တနင်္ဂနွေနံသစ်ပင် (အရှေ့မြောက်အရပ်) တို့ကို စိုက်ပျိုးအပ်ပါတယ်။

တိုက်ခန်းနဲ့နေထိုင်သူတွေကတော့ … အလှစိုက်ပန်းအိုးနဲ့ ဖြစ်စေ စိုက်ထားပြီး ထားသိုထားနိုင်ပါတယ်။ စ စိုက်ချိန် မှာ ရွှေရည်ငွေရည်လေးလောင်း….ကောင်းသောအကျိုးစီးပွား ဖြစ်ပါစေ ဆုတောင်းပါ။

တနင်္ဂနွေနေ့ဖွားများ၊ တနင်္လာနံအပင် ၊ စတင်စိုက်ပျိုးသင့်သည့်နေ့ ကြာသပတေးနေ့ ၊ အချိန်နာရီ …. မနက် ၆နာရီတိတိမှ…မနက် ရး၃၀ အတွင်း ။

တနင်္လာနေ့ဖွားများ … အင်္ဂါနံအပင် ၊ စတင်စိုက်သင့်သည့်နေ့ သောကြာနေ့..အချိန်နာရီ …. မနက် ၆နာရီတိတိမှ…မနက် ရး၃၀ အတွင်း ။

အင်္ဂါနေ့ဖွားများ …ဗုဒ္ဓဟူးနံအပင် ၊ စတင်စိုက်သင့်သည့်နေ့.. စနေနေ့၊ အချိန်နာရီ …. မနက် ၆နာရီတိတိမှ…မနက် ရး၃၀ အတွင်း ။

ဗုဒ္ဓဟူးနေ့ဖွားများ…ကြာသာပတေးနံအပင် ၊ စတင်စိုက်သင့်သည့်နေ့ .. တနင်္ဂနွေနေ့ ၊ အချိန်နာရီ …. မနက် ၆နာရီတိတိမှ…မနက် ရး၃၀ အတွင်း ။

ကြာသာပတေးနေ့ဖွားများ..သောကြာနံအပင်၊ စတင်စိုက်သင့်သည့်နေ့…တနင်္လာနေ့ ၊ အချိန်နာရီ …. မနက် ၆နာရီတိတိမှ…မနက် ရး၃၀ အတွင်း ။

သောကြာနေ့ဖွားများ…စနေနံအပင်၊ စတင်စိုက်သင့်သည့်နေ့ ..အင်္ဂါနေ့၊ အချိန်နာရီ …. မနက် ၆နာရီတိတိမှ…မနက် ရး၃၀ အတွင်း ။

စနေနေ့ဖွားများ..တနင်္ဂနွေနံအပင်၊ စတင်စိုက်သင့်သည့်နေ့ ..ဗုဒ္ဓဟူးနေ့၊ အချိန်နာရီ …. မနက် ၆နာရီတိတိမှ…မနက် ရး၃၀ အတွင်း ။

နောက်မှ….ဝန်ထမ်းတွေ ရာထူးတိုးတက်ရေး နဲ့ သြဇာအာဏာအပိုင်း တိုးတက်အောင် သစ်ပင်စိုက်ရတဲ့ နည်းလေးတွေ ထပ်ရေးပေးပါဦးမယ်။

အခုနည်းကတော့ အကျိုးစီးပွားကို တိုးတက်စေသည့် အညွန့်ပင် စိုက်ပျိုးသည့်နည်းစနစ်လေးပါ။ မိမိနေထိုင်ရာ အိမ်အနေအထားအရ ..အရပ်မျက်နှာရွေးရခက်သည့် အနေအထားရှိနေသော်မှ…

အလှစိုက်ပန်းအိုးလေးနဲ့ စိုက်လို့ အဆင်ပြေမယ်ဆိုရင် ဧည့်ခန်းထဲမှာ စိုက်ထားလို့ရပါတယ်။ အားလုံးပဲ ကျန်းမာချမ်းသာပြီး စီးပွားဥစ္စာတိုးတက်ကြပါစေခင်ဗျား။ ဆရာစိုးမိုးထွန်း (ခေါ်) ဆရာဝေသာလီမောင်ဖုန်း 09 789 333 791

 

 

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)