အင်္ဂါနေ့ဖွားများအတွက် ၁၃၈၁၊ လုပ်ငန်းစီးပွားဟောကိန်း

ဒီတစ်နှစ်မှာ အင်္ဂါနေ့ဖွားတွေ အလုပ်အကိုင်ထဲမှာ မထင်မှတ်ဘဲ ကြားညှပ်သည့် ပြဿနာလေးတွေတော့ နည်းနည်း ပေါ်လာတတ်ပါတယ်။

မိမိတို့သည် လုပ်ငန်းနယ်ပယ်ထဲမှာလည်း ကြားခံလုပ်ပေးရတာ..၊ ကြားဝင်ပေးရတာ ၊ တစ်ဆင့်ကြားခံအဖြစ် ဆောင်ရွက်ပေးရတာလေးတွေ ပေါ်ပေါက်လာမယ့်နှစ်ပါပဲ။ (ဗေဒင်သုတ – BaydinThyuta Facebook Page မှ တင်ဆက်သည်။ ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

အဲ လူချစ်လူခင်ကတော့ များလာမယ့်နှစ်မို့ လုပ်ငန်းစီးပွားပိုင်းမှာလည်း ဒါလေးကို အသုံးချတတ်မယ်ဆိုရင် မိတ်ပိုပေါများလာပြီး …အကျိုးပိုမိုဖြစ်ထွန်းနိုင်တယ်လို့ ယူဆရပါမယ်။ (ဗေဒင်သုတ – BaydinThyuta Facebook Page မှ တင်ဆက်သည်။ ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

အင်္ဂါနေ့ဖွားတွေ အဖို့ ဒီတစ်နှစ်မှာ အလုပ်နယ်ပယ်မှာ တစ်ခုဂရုစိုက်ရမှာက …မိမိတို့ရဲ့ ဆံပင်ပါပဲ။ ဆံပင်ကို မတိုလွန်း မရှည်လွန်း သေသေသပ်သပ်ညှပ်ခြင်း၊ ထိမ်းညှိပေးခြင်း ပြုပေးသင့်ချိန်တွေပါ။ ဥပမာ အလုပ်အကိုင်ကံ နည်းနည်း ညံ့လာတယ်ဆိုရင် ဆံပင်ကို သွားပြုပြင်ကြည့်ပါ။ ထူးခြားတာလေးတွေကို တွေ့လာရပါလိမ့်မယ်။

ထို့အတူ ..အလုပ်အကိုင်ကံကောင်းနေချိန်မှာတော့ ဆံပင်ကို သွားမကလိ မိပါစေနဲ့။ ကလိလိုက်မှ အလုပ်အကိုင်ကံ အညံ့ဘက်ကို ပြောင်းသွားတာမျိုးသော်လည်းကောင်း ကြုံကြိုက်ရတတ်ချိန် ဖြစ်ပါတယ်။ တနည်းအားဖြင့်တော့ ဒီတစ်နှစ်မှာ အင်္ဂါနေ့ဖွားတို့ရဲ့ ဆံကေသာဟာ အလုပ်အကိုင်ကံနဲ့ ဆက်နွယ်နေတယ်လို့ ဆိုရမယ့်အနေအထားဖြစ်ပါတယ်။

ဒီနှစ်မှာ အင်္ဂါနေ့ဖွားများ …၀ါးညွန့်လေးကို အလုပ်ခန်းမှာ ထိုးထားခြင်း၊ သို့မဟုတ်…အိပ်ဆောင်ပြုထားခြင်း ဖြင့် လုပ်ငန်းစီးပွားကံ တိုးတက်နိုင်ဖွယ်ရာလည်း ရှိပါတယ်။ (ဗေဒင်သုတ – BaydinThyuta Facebook Page မှ တင်ဆက်သည်။ ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

အင်္ဂါနေ့ဖွားများအဖို့ ဒီတစ်နှစ်မှာ အလုပ်အကိုင်ကံ အားသာချက် ရချင်တယ်ဆိုရင် အရောင်ရင့်ရင့်တွေ၊ အနက်ရောင် ၊ အစိမ်းရောင်တွေကို အသုံးပြုသင့်ကြပြီး အရောင်နုနုတွေ၊ အဖြူရောင် နဲ့ နံ့သာရောင် တွေကိုတော့ ဖြစ်နိုင်သမျှ လျော့ချအသုံးပြုသင့်ချိန်ဟု ယူဆမိပါကြောင်း….ဆိုရင်းဖြင့်..။

လေးစားခြင်းဖြင့်

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)