အင်္ဂါနေ့ဖွားများအတွက် ၁၃၈၂ ခုနှစ် ဟောစာတမ်း

မြန်မာနှစ်သစ် ၁၃၈၂ ခုနှစ်မှာတော့ အင်္ဂါနေ့ဖွားတွေသည် ကျရောက်လာသည့် အပြောင်းအလဲ ကံအချိုးအကွေ့တွေကို အလိုက်သင့် စီးမျော ပြောင်းလဲပေးနိုင်ဖို့ လိုအပ်လာသည့်အချိန်ပါပဲ။ အလုပ်အကိုင် အသက်မွေးမှုပဲ ဖြစ်ဖြစ် ၊ မိမိရဲ့ တွေးခေါ်မှု ၊ မူလစွမ်းရည်နဲ့ လုပ်ငန်းဆောင်တာ လုပ်ကိုင်တတ်သည့် သဘာဝ စသည်ဖြင့် အခြေအနေအရပ်ရပ်ကို မီးစင်ကနေ ကြည့်ကပြီး ပြောင်းလဲသင့်တာ ပြောင်းလဲပေးဖို့ အထူးလိုအပ်လာချိန် ဖြစ်ပါတယ်။

ပုံသေ လှေနံဓါးထစ်သွားတတ်သူတွေအတွက် ဒီတစ်နှစ်သည် အခက်အခဲများမယ့်နှစ် ဖြစ်ပါတယ်။ ပြောင်းလဲတတ်သည့် သဘာဝထဲမှာ အပြောင်းအလဲ လုပ်ကို လုပ်သင့်လာပြီ ဆိုတဲ့ အချိန်တွေမှာ လိုအပ်သလို ပြောင်းလဲပေးနိုင်စွမ်းသည် အင်္ဂါနေ့ဖွားအားလုံးအတွက် ဒီနှစ်ရဲ့ သော့ချက်ပဲ ဖြစ်ပါလိမ့်မယ်။ ပြီးတော့ ရန်အထူးများမယ့် ..ပြိုင်ဘက်တွေ ပေါမယ့် ကာလလည်း ဖြစ်ပါတယ်။ အားစမ်းမှုတွေ ၊ အစမ်းသပ်ခံရတာတွေကိုလည်း ကျော်လွှားကြရပါမယ်။

တစ်ခါတစ်ရံမှာ မိမိတို့ရဲ့ မူလသဘာဝနဲ့စွမ်းရည်ကို လုံးဝ အသိမှတ်ပြု မခံလိုက်ရဘဲ အချည်းနှီး ဖြစ်ခံလိုက်ရတာမျိုးတွေလည်း ကြုံလာရတတ်ချိန်ပါ။ အရမ်းအားထုတ်ထားပေမယ့် တစ်စက်ကလေးမှ အရာမထင်လိုက်တာမျိုးပေါ့။ ဆိုးတဲ့ကံ ညံ့တဲ့ကံလေးတွေ ရှိသလို …ကောင်းတဲ့ကံလေးတွေလည်း တွေ့ရပါတယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)

ဒီတစ်နှစ်မှာ နေရာထိုင်ခင်း၊ နေရာဌာန ၊ လုပ်ငန်းနေရာ ပိုင်းဆိုင်ရာကဏ္ဍတွေမှာ အကောင်းဆုံး ကံကျိုးပေး ရရှိနိုင်သူတွေသည် အင်္ဂါနေ့ဖွားတွေပါပဲ။ မထင်မှတ်ဘဲ နေရာကောင်းလေးကို ရသွားတာ၊ ၀န်ထမ်းဆိုရင်လည်း ဌာနကောင်းကောင်းကို ရောက်သွားတာ စသည်ဖြင့် ကံလေးတွေကို မျှော်လင့်နိုင်ခွင့်ရှိသောကာလ ဖြစ်လာပါမယ်။

အိုးအိမ် အဆောက်အအုံ ..နေရာထိုင်ခင်းနဲ့ ပတ်သက်ပြီး ရည်မှန်းချက် ရှိသူတွေလည်း ဒီတစ်နှစ် ပိုမို ပြည့်ဝခွင့် ရရှိလာကြပါမယ်။ ကောင်းသော အထောက်အပံ့ကောင်းတွေ၊ ကောင်းသော ပံ့ပိုးမှု ခံရခြင်းတွေ၊ အထူးသဖြင့် အထက်လူကြီး ၊ သို့မဟုတ် အမျိုးသား အကြီးအကဲတစ်ဦးဦးကနေ မိမိတို့ကို ထောက်ပံ့ကူညီမှု ပေးလာတာလေးတွေလည်း ကံအားလျော်စွာ ကြုံလာရတတ်ပါတယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)

ဗုဒ္ဓဘာသာဝင်များကို တော့ အထက်ပါကံအကျိုးပေးများနဲ့ ပတ်သက်ပြီး ထူးထူးခြားခြား အမှန်တစ်ကယ် ကံကောင်းလိုတယ် ဆိုရင် တနင်္ဂနွေထောင့်မှာ သေချာကျကျနန အဓိဌာန်တစ်ခုခုဝင်ပြီး ဆုတောင်းကြည့်ပါလို့သာ လမ်းညွှန်ပေးလိုက်ရပါတယ်။

အင်္ဂါနေ့ဖွားတွေအတွက် သည်တစ်နှစ် အကျိုးစီးပွား ရှာဖွေရာမှာ ပုံစံတစ်မျိုးထဲ အတည်အကျ မဟုတ်ဘဲ ..အနေအထား အနည်းဆုံး နှစ်မျိုးလောက် ရောစပ်ပြောင်းလဲ ရှာဖွေလာရတတ်ပါတယ်။ ဥပမာ ဝန်ထမ်းတွေမှာ လုပ်ငန်းတာဝန်အမျိုးအစားက တစ်မျိုးတည်း မဟုတ်ဘဲ ဟိုဘက်လည်း ပါလိုက်ရ သည်ဘက်လည်း ၀င်လုပ်ပေးလိုက်ရ စတဲ့ အနေအထားတွေ ရှိလာနိုင်ပါတယ်။

အင်္ဂါနေ့ဖွားတွေ ဒီတစ်နှစ်ထဲမှာ …အတိတ်ကာလက မိမိတို့ နဲ့ မေတ္တာရေးမှာ ပတ်သက်ဖူးသော ငယ်ချစ်ဟောင်းတွေ၊ အိမ်ထောင်ဖက်ဟောင်းတွေ..၊ Crazy ဖြစ်လောက်အောင် ကိုယ်ငယ်ငယ်က စွဲခဲ့ရဖူးတဲ့ ချစ်သည်းကျော်ကြီးတွေနဲ့ အမှတ်မထင် ပြန်ဆုံရတတ်တဲ့ နှစ်လည်း ဖြစ်ပါတယ်။(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)

ဒါ့အပြင်.. ဒီတစ်နှစ်မှာ ကျန်တာတွေ ဘာတွေပဲ ညံ့ညံ့..မေတ္တာရေးရာဂြိုဟ်တွေကတော့ အားကောင်းလာချိန်ဖြစ်တာမို့ အများစုသောအင်္ဂါနေ့ဖွားတွေအတွက် ဒီတစ်နှစ် ချစ်မေတ္တာရေးကတော့ အပေါင်းလက္ခဏာ ဘက်မှာ ပြလာကြပါမယ်။ မသိမသာ မထင်မရှားလောက် ပြမယ့်သူတွေရယ်…သိသိသာသာ ထင်ထင်ရှားရှား ပြမယ့်သူတွေရယ်သာ ကွာဟနိုင်ပါလိမ့်မယ်။ မိမိတို့ထက် အသက်အားဖြင့် ဖြစ်စေ၊ ဂုဏ်အား ၊ ဓနအား စသည်ဖြင့် အခြေအနေတွေ ပိုမို သာလွန်ကြီးမြင့်သော ဖူးစာဖက်မျိုးကိုလည်း အချို့သောအင်္ဂါနေ့ဖွားတွေ တွေ့ဆုံခွင့်ရလာကြမှာ ဖြစ်ပါတယ်။

ဆိုတော့ အပျိုကြီးလူပျိုကြီးတွေထဲက စွံချင်သူတွေ ဒီနှစ်ဟာ အခွင့်အလမ်းများတဲ့ ကာလ ဖြစ်လို့ အားခဲလို့ ကြိုးစားကြည့်နိုင်ပါတယ်။ အများအားဖြင့် အင်္ဂါနေ့ဖွားတွေသည် တနင်္ဂနွေနေ့ဖွားတွေနဲ့ သည်တစ်နှစ်မှာ ပိုမိုပြီး နဖူးစာကံ ဖန်လာတတ်ကြပါတယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)

အင်္ဂါနေ့ဖွားတွေသည် ယခုနှစ်ထဲမှာ မမျှော်လင့်ဘဲ သူများငွေတွေကို လက်ခံပေးထားရပြီးရင် ကိုယ်တိုင်တော့ နည်းနည်း ဘူပိတ်သွားရတတ်ပါတယ်။ ဒါကြောင့် သည်တစ်နှစ်ထဲမှာ သူများငွေတွေကို လက်ခံပေးထားတာ၊ သိမ်းဆည်းပေးထားတာမျိုးမပြုသင့်ပါ။ မိသားစုရေးရာမှာတော့ မိမိအောက်က မွေးချင်းအငယ်တွေနဲ့ ဒီနှစ်မှာ မသင့်မတင့် အနည်းငယ် ဖြစ်ရတတ်ပါတယ်။ မောင်တွေ၊ ညီ၊ ညီမတွေ ၀မ်းကွဲတွေနဲ့ အယူအဆ ဆန့်ကျင်တတ်ပါတယ်။

မတော်တဆ ထိခိုက်ရှနာများတတ်သော နှစ်မျိုး ဖြစ်သလို ဆီး ၊ မျက်စိ၊ အဆုတ်၊ ခြင်ဆီ အားနည်းတဲ့ လက္ခဏာလေးတွေ ၊ အနာရောဂါလေးတွေလည်း ဖြစ်တတ်ပါတယ်။ ဒါကြောင့် ခုလိုကပ်ရောဂါဆိုး ပျံ့နှံ့နေချိန်မျိုးမှာ အသွားအလာ ပိုမိုဆင်ခြင်သင့်သော နေ့နံတစ်ခုအဖြစ်လည်း အင်္ဂါနေ့ဖွားတွေကို သတိပေးလိုက်ရပါတယ်ခင်ဗျား။

ဘာပဲဖြစ်ဖြစ် ကံကောင်းမှု အားသာမှု ပိုမိုရစေရန်အလို့ငှာ ဗုဒ္ဓဟူးနေ့ မနက်ခင်း ၆ နာရီတိတိကနေ ၇း၃၀ အတွင်း မှာ ပယင်းလေးကို မိမိအသားနဲ့ နီးနီးစပ်စပ်ထားပြီး စတင်ဆောင်ထားသင့်ပါတယ် လို့သာ အားလုံးသော အင်္ဂါနေ့ဖွားတွေကို အကြံပြုလိုက်ရပါတယ်။ အားလုံးသော အင်္ဂါနေ့ဖွားအပေါင်း သူတော်ကောင်းတို့သည် ကျန်းမာချမ်းသာကြသည် ဖြစ်ကြပါစေသတည်း။ လေးစားလျက် – ဆရာစိုးမိုးထွန်း (ခေါ်) ဆရာဝေသာလီမောင်ဖုန်း

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)