အစာမှား၊ ဆေးမှား ဖြစ်လွယ်သော ဇာတာရှင်များ

မြန်မာ့မဟာဘုတ်ဗေဒင်ပညာအရ အောက်ပါ ဇာတာရှင်တွေဟာ အစားမှား၊ ဆေးမှား ဖြစ်ဖို့ အခွင့်အလမ်းတွေ ပိုများကြပါတယ်။

ထိုဖွားဇာတာ (၇) မျိုးဟာ လူကြီး ဖြစ်စေ ကလေးသူငယ်အရွယ်ဖြစ်စေ..အစာမှား ဆေးမှား ဖြစ်လွယ်ကြသော ကံရှိကြသူတွေပါ။ ကိုယ့်မဟာဘုတ်ဖွားက ဘာလဲ မသိရင် မွေးဖွားတဲ့ မြန်မာမွေးသက္ကရာဇ်ကို (၇) နဲ့စားပြီး ရလာတဲ့ အကြွင်းအလိုက် ဘာဖွားလဲ ဆိုတာ အောက်ပါဇယားမှာ ကြည့်နိုင်ပါတယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

ဥပမာ ၁၃၄၆ မှာ မွေးရင် ၇ နဲ့ စားတဲ့အခါ (၂) ခုကြွင်းပါတယ်။ နေ့သားက တနင်္ဂနွေဆိုရင် (၁) ဂဏန်းပေါ်မှာ အထွန်းလို့ ပြထားပါတယ်။ တနင်္ဂနွေ – အထွန်းဖွားဇာတာရှင်လို့ သတ်မှတ်ပါတယ်။

အစားမှားဆေးမှား ဖြစ်တတ်တဲ့ ကံရှိကြတာတော့ ဟုတ်ပြီ။ ဒီလိုကံကြမ္မာကို ဘာလုပ်သင့်သလဲ။ ဘယ်လိုကာကွယ်ခြင်းဖြင့် သက်သာလျော့ပါး ကျော်လွှားစေနိုင်မလဲ။ ထိုဖွားဇာတာရှင်များသည် နှစ်စဉ် အသက်ရှည်စွာ နေထိုင်နိုင်သော ပုဂ္ဂိုလ်များ (၀ါ) ဘိုးဘွားရိပ်သာ၊ သက်ကြီးရွယ်အိုများကို အသက် ရှည်စေသော ဆေးဝါးနှင့် အစားအစာ အာဟာရများကို ဗုဒ္ဓဟူးနေ့တွင် လှူဒါန်းပေးသင့်ကြောင်းပါခင်ဗျား။ ဘဝအဆက်ဆက် ..အစာမှားခြင်း..ဆေးမှားခြင်းကြောင့် ဥပါဒ်ဖြစ်ခြင်းမျိုး ကင်းနိုင်သည် ဖြစ်ကြပါစေသတည်း။ လေးစားစွာဖြင့် – ဆရာစိုးမိုးထွန်း (ခေါ်) ဆရာဝေသာလီမောင်ဖုန်း

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)