အတည့်ပြန်သွားတဲ့ စနေဂြိုဟ်နဲ့ ရာသီခွင်အလိုက် ဗေဒင်ဟောစာတမ်း
နက္ခတ်ဗေဒင်အရ ဒီနှစ် ဇွန်လ ၄ ရက်ကနေ အောက်တိုဘာ ၂၂ အထိ အသွားမမှန်ဘဲ နောက်ပြန် လှည့်ခဲ့တဲ့ စနေဂြိုဟ်ဟာ အခုတော့ ပုံမှန်အတိုင်း ပြန်သွားနေပါပြီ။ စနေဂြိုဟ် ပုံမှန် ပြန်သွားချိန်မှာ ၁၂ ရာသီခွင်အလိုက် ဘယ်လို ကောင်းကျိုးတွေ ပြန်ဖြစ်လာနိုင်မလဲဆိုတာ ဖော်ပြလိုက်ပါတယ်။
မိဿရာသီဖွား (မတ် ၂၁ – ဧပြီ ၁၉) – ကြန့်ကြာနေတဲ့ အလုပ်တွေ ပုံမှန် ပြန်လည်ပတ်နိုင်မယ်။ ရပ်ထားရတဲ့ လုပ်ငန်းတွေ ပြန်စတင်နိုင်မယ်။ ငွေကြေးပိုင်းမှာ အဆင်ပြေချောမွေ့လာမယ်။ မိတ်ဆွေတွေ ကူညီလာမယ်။
ပြိဿရာသီဖွား (ဧပြီ ၂၀ – မေ ၂၀) – အကြီးအကဲတွေနဲ့ ဆက်ဆံရေး မပြေလည်တာတွေ ပြန်ကောင်းလာပြီး လုပ်ငန်းစီးပွားတွေလည်း အရှိန်အဟုန် ပြန်ရလာမယ်။ ဘာသာရေးကိစ္စတွေ၊ ခရီးကိစ္စတွေ ပြန်လုပ်နိုင်မယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)
မေထုန်ရာသီဖွား (မေ ၂၁ – ဇွန် ၂၀) – မမျှော်လင့်တဲ့ ငွေကြေးကံကောင်းမှုတွေ ကြုံရမယ်။ ရင်းနှီးမြှုပ်နှံမှုက ပြန်အကျိုးပြုမယ်။ ဘာသာရေးဘက် ပြန်ဦးလှည့် ဖြစ်လာမယ်။ ကြီးကဲသူတွေဆီက ကူညီပံ့ပိုးမှုတွေ ရရှိမယ်။
ကရကဋ်ရာသီဖွား (ဇွန် ၂၁ – ဇူလိုင် ၂၂) – ငွေကြေး စိစစ်သုံးစွဲရတာ၊ ငွေကျပ်တာတွေ ပြန်ပြေလည်မှု ရမယ်။ လက်တွဲဖော်နဲ့ နားလည်မှုတွေ ပြန်တည်ဆောက်နိုင်မယ်။ ကျန်းမာရေး ညံ့နေသူတွေ ပြန်သက်သာလာမယ်။
သိဟ်ရာသီဖွား (ဇူလိုင် ၂၃ – သြဂုတ် ၂၂) – ချစ်ရေးချစ်ရာ၊ အိမ်ထောင်မှုကိစ္စတွေမှာ အပြန်အလှန် နားလည် နွေးထွေးမှု ရလာမယ်။ အိမ်ထောင်ကျကိန်း ပေါ်လာနိုင်တယ်။ အတိုက်အခံလုပ်နေသူတွေကို ရင်ဆိုင်နိုင်မယ်။
ကန်ရာသီဖွား (သြဂုတ် ၂၃ – စက်တင်ဘာ ၂၂) – အရင်လတွေက ကမောက်ကမ ဖြစ်ခဲ့တဲ့ နေ့စဉ်အလုပ်တွေ ပုံမှန် ပြန်လုပ်လာနိုင်မယ်။ ရောဂါဝေဒနာ ခံစားရရင် ပြန်သက်သာမယ်။ နှလုံးသားရေးမှာ သည်းခံလာရမယ်။
တူရာသီဖွား (စက်တင်ဘာ ၂၃ – အောက်တိုဘာ ၂၂) – ပြီးခဲ့တဲ့လတွေက မပြေမလည် ဖြစ်နေခဲ့တဲ့ မိသားစု အိမ်တွင်းရေးတွေ ပြန်အေးချမ်းလာနိုင်တယ်။ အိုးအိမ်ခြံမြေကိစ္စ ပြန်စတင်နိုင်မယ်။ လောင်းကစား ရှောင်ပါ။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)
ဗြိစ္ဆာရာသီဖွား (အောက်တိုဘာ ၂၃ – နိုဝင်ဘာ ၂၁) – အိုးအိမ်နေရာထိုင်ခင်းကိစ္စ အခက်အခဲ ပြဿနာတွေ ပြန်ပြေလည်မယ်။ ယာဉ်၊ ကားကိစ္စတွေ ဖြေရှင်းနိုင်လိမ့်မယ်။ ဝေးကွာနေသူတွေနဲ့ ပြန်ဆုံဆည်းရတတ်တယ်။
ဓနုရာသီဖွား (နိုဝင်ဘာ ၂၂ – ဒီဇင်ဘာ ၂၁) – အရင်လတွေက ခက်ခဲနေတဲ့ ငွေကြေးကိစ္စတွေ တဖြည်းဖြည်းနဲ့ ပြန်ပြေလည်မှု ရသွားမယ်။ အဆက်အသွယ် ပြတ်နေတာတွေနဲ့ ပြန်ချိတ်မိမယ်။ ခရီးတိုလေးတွေ ပေါ်လာမယ်။
မကာရရာသီဖွား (ဒီဇင်ဘာ ၂၂ – ဇန်နဝါရီ ၁၉) – နေ့စဉ်လုပ်ငန်းဆောင်တာတွေမှာ ဖြစ်နေတဲ့ ပြဿနာတွေကို ရှင်းလင်းလာနိုင်မယ်။ ငွေအပေးအယူတွေ ဆက်သတိထားရမယ်။ ငွေအသုံးအစွဲကို ပြန်ထိန်းကွပ်နိုင်လာမယ်။
ကုမ်ရာသီဖွား (ဇန်နဝါရီ ၂၀ – ဖေဖော်ဝါရီ ၁၈) – ပြီးခဲ့တဲ့ မိုးတွင်းတလျှောက် ဖြစ်ပေါ်ခဲ့တဲ့ ကိုယ်ရေးကိုယ်တာ ရှုပ်ထွေးမှု၊ မွန်းကြပ်မှုတွေကနေ ပြန်အသက်ရှူပေါက်ရမယ်။ လူအများနဲ့ဆက်ဆံရေးလည်း ပြန်အဆင်ပြေမယ်။
မိန်ရာသီဖွား (ဖေဖော်ဝါရီ ၁၉ – မတ် ၂၀) – အရင်က ကြိုးစားခဲ့တာတွေကို ပြန်ခံစားရမယ်။ စောင့်မျှော်နေရတဲ့ ငွေကြေးတွေ ရရှိလာမယ်။ ဒါပေမဲ့ ကုန်ကျစရာတွေတော့ ဆက်ရှိနေမယ်။ စိုးရိမ်ပူပန်မှုတွေ လျော့ပါးသွားမယ်။
၁၂ ရာသီဖွားအားလုံး ကံကောင်းကြပါစေ – ဧက (ဗေဒင်သုတ)
Zawgyi Font