အထက်လူကြီးနဲ့ အဆင်ပြေစေဖို့

ဝန်ထမ်းဘဝ ဆိုတာ အထက်လူကြီးနဲ့ အဆင်ပြေ ပနံသင့်မှ လုပ်ငန်းလုပ်ရတာ နေပျော်တာမျိုး ဖြစ်ပါတယ်။ တကယ်လို့ ကိုယ့်လူကြီး နဲ့သာ အဆင်မပြေခဲ့ဘူး၊ အငြိုငြင်ခံရပြီဟေ့ ဆိုရင်တော့ နေ့စဉ်နဲ့အမျှကို စိတ်အနှောင့်ယှက် ဖြစ်ရတော့တာပါပဲ။ ဒီလိုကိစ္စနဲ့ ပတ်သက်လို့ ဖြေရှင်းနိုင်တဲ့ မြန်မာ့လောကီပညာအစီအရင်တစ်ခုကို ဝန်ထမ်းအားလုံးအတွက် ဖော်ပြပေးလိုက်ပါတယ်။

ဦးစွာပထမအနေနဲ့ ကိုယ့်ရဲ့ အထက်လူကြီးက ဘာနေ့ဖွားလဲ ဆိုတာ သိဖို့လိုအပ်ပါတယ်။ အကယ်၍ တိတိကျကျ မသိဖူးရင်လည်း ပြဿနာ မရှိပါ။ သူ့ရဲ့ နာမည်အစစာလုံးကို နေ့နံအဖြစ် သတ်မှတ်ပြီး စီမံနိုင်ပါတယ်။

ဒီအစီအရင်ကတော့ စတုရန်းအမြစ်လက်တစ်ဆစ် ဆိုတဲ့ ရိုးရာဗေဒင်ပညာခန်း တစ်ခုဖြစ်ပါတယ်။ အထက်လူကြီးရဲ့ နေ့နံ (သို့) နာမည်အစ စာလုံးအရ စတုရန်း ကျသော အပင်ရဲ့ အမြစ်ကို ယောကျားလေးဆို ညာလက်ညိုး လက်တစ်ဆစ်၊ မိန်းကလေးဆို ဘယ်လက်ညိုးလက်တစ်ဆစ် ဆောင်ထားလိုက်ရုံပါပဲ။

ဆောင်တဲ့အခါ ပိုက်ဆံအိတ်၊ အလုပ်စားပွဲ၊ အံဆွဲ စသည့်ဖြင့် အဆင်ပြေသလို ဆောင်ထားနိုင်ပါတယ်။ တစ်ခုသတိပြုဖို့က အထက်လူကြီးနဲ့ ကိုယ်နဲ့ အဆင်ပြေ၊ ချောမွေ့ပြီလို့ ယူဆရလောက်တဲ့ အချိန်ကျရင်တော့ စွန့်ပစ်ရမှာ ဖြစ်ပါတယ်။ အထက်လူကြီး နေ့နံ (နာမည်အလိုက်) ကိုယ်က ဆောင်ပေးရမယ့် အမြစ်အသားအမည်တွေကို အောက်ပါဇယားအတိုင်း အလွယ်တကူ သိရှိနိုင်ပါတယ်။  (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

အထက်ပါအတိုင်း အထက်လူကြီးရဲ့ နေ့နံအလိုက် ဆောင်သင့်တဲ့ အပင် အမြစ်ကို လက်တစ်ဆစ် ဆောင်ထားရပါတယ်။ ဒီလို ဆောင်ထားရင်းနဲ့ အထက်လူကြီးနဲ့ ကိုယ့်ကြားမှာ နားလည်မှု လွဲတာ၊ သဘောထားကွဲလွဲပြီး အမြင်မကြည်တာတွေ ကင်းရှင်းပပျောက်သွားမှာ ဖြစ်ပါတယ်။

ကိုယ်စိတ်နှစ်ပါးချမ်းမြေ့ပါစေ – ဆရာလင်းဝေအောင် (မြန်မာ့ဆန်းကျမ်းဗေဒင်နှင့် ကေပီရှေ့ဆောင်နက္ခတ်ပညာရှင်)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)