အမည်အရင်းစာလုံးအကြောင်း (၂)

အမည်အရင်းစာလုံး (သို့မဟုတ်) အစစာလုံးအကြောင်း စာစဉ် (၁) ကို ဗေဒင်သုတမှာ အတန်အသင့် ရှင်းပြခဲ့ပြီး ဖြစ်ပါတယ်။ အခု နောက်ထပ် နည်းနည်း ဆက်ချင်ပါသေးတယ်။

အမည်ရဲ့အစစာလုံး နေရာမှာ ဖို/မ အက္ခရာရွေးခြယ်ခြင်းဆိုတာကို ရင်သွေးအမည်ပေးရာမှာ ထည့်သွင်း တွက်စစ်ရပါတယ်။ ယောကျာ်းလေး တွေကို ဖိုအက္ခရာဖြင့် အမည်အစနေရာမှာ ဖိုအက္ခရာများသာ အသုံးပြုသင့်ပြီး မိန်းကလေးတွေကိုတော့ အမည်အစနေရာမှာ မအက္ခရာများသာ အသုံးပြုသင့်ပါတယ်။ (ဒါတွေက ကျွန်တော့်အာဘော် ထွင်လုံးတွေမဟုတ်ပါ။ နာမက္ခရဆန်း ဗေဒင်ကျမ်းတွေမှာလည်း ဖော်ပြထားပြီးသား ဖြစ်ပါတယ်)

ဥပမာအားဖြင့် တနင်္လာနေ့ဖွား အမည်ကို တနင်္လာနေ့နံနဲ့ စတင် မှည့်မယ်ဆိုပါစို့…၊ နာမည်မှည့်မယ့် ကလေးကလည်း မိန်းကလေး ဖြစ်သည် ဆိုပါစို့..။ တနင်္လာနံအက္ခရာ ငါးမျိုးဖြစ်သည့် က၊ ခ၊ ဂ၊ ဃ၊ င ထဲကနေ ဖိုအက္ခရာများဖြစ်သည့် (က) နဲ့ (ဂ) ကို အစစာလုံးနေရာမှာ ရှောင်ပြီး မှည့်ရပါတယ်။ မအက္ခရာများ ဖြစ်သည့်  (ခ) နဲ့ (ဃ) ကို အစနေရာမှာ အဓိက မှည့်ဖို့ ရွေးချယ်ရပါမယ်။ (ဃ) နဲ့ အမည်ပညတ်ကတော့ ဒီခေတ်မှာ မလွယ်ကူပါ။ နောက်ဆုံးက (င) အက္ခရာကတော့ ဒွိစုံအက္ခရာလို့ ခေါ်ပါတယ်။ (ဖိုမဟုတ် မ မဟုတ် အက္ခရာမျိုးပါ။ ) သူ့ကိုလည်း ပယ်ခဲ့သင့်ပါတယ်။ (ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

အခု ကျွန်တော် အပေါ်မှာတင်ပြသွားတာတွေ အားလုံးသည် အခြေခံအဆင့်မျှသာ ဖြစ်ပါတယ်။ လူတိုင်း ကျမ်း ၀ယ်ဖတ်ပြီး သိနိုင်တဲ့ လွယ်ကူကဏ္ဍလေးတွေပါ။ အရေးကြီးတာက ဒါတွေ တကယ် ဟုတ်ရဲ့လား.ဆိုတော့ မောင်ဖုန်းအတွေ့အကြုံပြောပြရရင် အမျိုးသမီးကို (က) အက္ခရာလိုမျိုး ဖိုအက္ခရာနဲ့လည်း အစပျိုးမှည့်ထားမယ် ဆိုရင်….

(၁)….ကိုယ်နှုတ်အမှုအရာ မှာ ကျားဆန်လာတတ်ပါတယ်။ (၂) အိမ်ထောင်ရေးဂြိုဟ် အားနည်းခြင်း သို့မဟုတ် အိမ်ထောင်ဖက် ဇာတာက သောမစရိုက်များလွန်းခြင်း ရှိခဲ့မယ်ဆိုရင်….ယောကျာင်္းကို အားမကိုးရဘဲ ကိုယ်ကပဲ ရှေ့ကနေ ရုန်းကန်လို့ အိမ်ထောင်ကို ဦးဆောင်ရတတ်ပါတယ်။ (၃) မှည့်ခေါ်သည့် မိန်းကလေးရဲ့ မူလဇာတာမှာ မဂြိုဟ်တွေ အားနည်းခဲ့မယ်ဆိုရင် အမျိုးသမီးအချင်းချင်း စုံမက်မှု ဖြစ်လာစေပါတယ်။ တနည်းအားဖြင့် ယောကျာ်းလျာဘ၀ကို တွန်းအားပေးတတ်ပါတယ်။ (ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

ထို့အတူ အခြားအချက်များလည်း ရှိပါသေးတယ်။ အကျယ်တင်ပြမယ်ဆိုရင် အတော်ကို အနုစိတ်ပြီး ရေးရမယ့် ကဏ္ဍတွေပါ။ နောက်တစ်ခုက ထိုသို့ ဖိုမ လွဲနေသည့်တိုင်အောင် ဥပမာ… ဖိုအက္ခရာတစ်ခု ဖြစ်သော ( ပ ) အက္ခရာကိုပဲ…..(မ) ဓါတ် များလာအောင်( ပြည့်) လို့ မှည့်ခေါ်လိုက်တာမျိုး သရများ ဗျည်းများဖြင့် ကူညီပံ့ပိုးမှုအားဖြင့်.. မူလသဘာဝ ဖို/မ ဓါတ်ကို ပြုပြင်ပြောင်းလဲသွားစေတတ်သော အချက်များလည်း များစွာ ရှိပါသေးတယ်။

ဒါကြောင့်လည်း…ယောကျာ်းလေးကို ပြည့်ဖြင့် အစပျိုးမှည့်မယ်ဆိုရင် မူလဇာတာမှာ ကျားဂြိုဟ်တွေ အားကောင်း၊ မကောင်း လိုက်ကြည့်ပေးရတာပါ။ နို့မို့ဆို…ပျော့နွဲ့ပြီး…အဆင်မသင့်ရင် မိန်းမလျာ ဖြစ်သွားစေနိုင်လို့ပါပဲ။ နာမည်အရင်းစာလုံးတွေအကြောင်းကို နောက်ပိုင်း ဆက်ပါဦးမယ်။

လေးစားလျက် – ဆရာစိုးမိုးထွန်း (ခေါ်) ဆရာဝေသာလီမောင်ဖုန်း

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)