နေလ ပညတ် သတိကပ်ဖွယ်

တစ်ချို့က သိပ်နားမလည်တော့ စန္ဒာ ဆိုတဲ့အမည်ကို အင်္ဂါ စနေ တွဲအမည် သော်တာဆိုတဲ့ အမည်ကျတော့ သောကြာနံ နဲ့ စနေနံကြီး။ နေခြည်ကျတော့ စနေနဲ့ တနင်္လာ စသည်ဖြင့်ပေါ့ ယူဆလေ့ရှိတတ်ကြပါတယ်။

တစ်ကယ်တမ်းမှာက စန္ဒာတို့ သော်တာတို့ လိုအမည်မျိုးတွေသည် တနင်္လာဂြိုဟ်က ပိုင်စိုးသော ပညတ်တွဲတွေပါ။ နေ့နံအားဖြင့်သာ အင်္ဂါ စနေ ၊ သောကြာ စနေ စသည်ဖြင့် ဖြစ်နေသည့် တိုင်အောင် ပညတ်တွဲတစ်ခုလုံးသည် တနင်္လာဂြိုဟ် ခေါ် လမင်းရဲ့ ပညတ်တွေပါ။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

နေခြည်တို့၊ နေလင်း၊ တို့ နေမင်းတို့လို အမည်မျိုးတွေလည်း ထိုနည်းလည်းကောင်းပါပဲ။ နေ့နံအားဖြင့် စနေ ၊ ဗုဒ္ဓဟူး၊ တနင်္လာ ၊ ကြာသပတေးတွေ ဖြစ်နေကြသည့်တိုင်အောင် ပညတ်တစ်ခုလုံးကို ကာရက ပြုထားသည်မှာ တနင်္ဂနွေဂြိုဟ် ခေါ်…နေမင်းရဲ့ ပညတ်တွေပါ။

ဆိုတော့ နေပညတ်တွေ၊ လပညတ်တွေ မှည့်ထားရင် ထိုပုဂ္ဂိုလ်ရဲ့ မူလဇာတာတွေမှာ တနင်္ဂနွေဂြိုဟ် နဲ့ တနင်္လာဂြိုဟ်တို့ရဲ့ အနေအထားများ ကောင်းမွန်ပါမှ ဘ၀ချမ်းသာသုခလည်း များစေပါတယ်။ မူလဇာတာတွေမှာ တနင်္ဂနွေဂြိုဟ်နဲ့ တနင်္လာဂြိုဟ်ရဲ့ အနေအထားများ ညံ့ဖျင်းနေပြီး အဆိုပါ ပညတ်တွဲတွေလိုမျိုးလည်း မှည့်မိထားမယ်ဆိုရင် ဘ၀ချမ်းသာသုခ တိုတောင်းပြီး ဆင်းရဲဒုက္ခ ရှည်လျားစေပါတယ်။  (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

နေ့နံအားထက် ပညတ်တွဲတွေရဲ့ ကြီးစိုးမှုသည် ဘ၀ကို ပိုမို လွှမ်းမိုးစေတာလည်း ကျွန်တော် ကြိမ်ဖန်များစွာ လေ့လာ သုတေသနပြုခဲ့ပါတယ်။ အခြားဂြိုဟ်တွေမှာလည်း ဆိုင်ရာ ပညတ်တွဲ ကြီးစိုးမှုတွေ ရှိကြပါသေးတယ်။ နောင်အလျဉ်းသင့်သည့်အခါ ရှင်းပြပေးပါဦးမယ်ခင်ဗျား။

လေးစားစွာဖြင့်  – ဆရာစိုးမိုးထွန်း (ခေါ်) ဆရာဝေသာလီမောင်ဖုန်း

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)