အလုပ် ရလွယ်၊ ဆုံးရှုံးလွယ်သော အသက်ပိုင်းခြားကာလများ

ဒီနည်းစနစ်ကို ရေးသားရာမှာ ဗေဒင်ပညာကို နားမလည်သူတွေအတွက် ဖတ်လို့ရ အကျိုးရှိမယ့် အနေအထား ဖြစ်အောင် ကြိုးစားပေးလိုက်ပါတယ်။ ဗေဒင်ပညာနဲ့ စိမ်းသူများအဖို့ ဘယ်အသက်ပိုင်းမှာဘယ်လိုဆိုတာကို အလွယ်တစ်ကူ ဖတ်ရှုနိုင်ပြီး ဗေဒင်ပညာနဲ့ ရင်းနှီးထိတွေ့ဖူးသူတို့အတွက်တော့ အယူအဆပိုင်းအချို့ကို သီးသန့် ထည့်သွင်း ရေးသားဖော်ပြပေးထားပါတယ်။

(၁) အလုပ်အကိုင် ရရှိရန် တွန်းအားပေးသော အသက်ပိုင်းများ – ဘာနေ့သားသမီးမဆို အောက်ပါအသက်ပိုင်းများမှာ အလုပ်အကိုင် ရရှိခြင်း၊ လုပ်ငန်းခွင်နေရာ ကံကောင်းခြင်း လုပ်ငန်း တိုးတက်ခြင်း (သို့မဟုတ်) ရာထူးတိုးတက်ခြင်း စသည်ဖြင့် ဖြစ်ပွား ကြုံတွေ့ရတတ်ပါတယ်။ ၁၁ နှစ်  ၊  ၁၈ နှစ်   ၊  ၂၅ နှစ်  ၊ ၃၂ နှစ်  ၊ ၃၉ နှစ်  ၊ ၄၆ နှစ် ၊ ၅၃ နှစ် ၊ ၆၀ နှစ် ၊ ၆၇ နှစ်၊ ၇၄ နှစ်


တနင်္ဂနွေဂြိုဟ်ဟာ  အသက်ဓာတ်ကို ပေးပြီး အသက်ကို  ရှင်သန်အောင် မွေးမြူရသောကံ တနည်းအားဖြင့် အသက်မွေးမှုကံကို အဓိကဖော်ပြတဲ့အတွက် အလုပ်အကိုင်နဲ့ ပတ်သက်ရင်လည်း အဓိက ကြည့်ရှု စစ်ဆေးရတဲ့ဂြိုဟ်တစ်လုံး ဖြစ်ပါတယ်။

ဒီဂြိုဟ် အားမကောင်းချိန်မှာ အလုပ်အကိုင်နဲ့ပတ်သက်ပြီး လူတွေမှာ မကောင်းတဲ့ အခြေအနေအမျိုးမျိုး ဖြစ်ပေါ်လာတတ်သလို၊ ဒီဂြိုဟ် အားကောင်းချိန်မှာလည်း    အလုပ်အကိုင်အသက်မွေးမှုနဲ့ ပတ်သက်လို့ အခြေအနေကောင်း အမျိုးမျိုး ဖြစ်ပွား ကြုံတွေ့ရတတ်ပါတယ်။ ကဲ ဟုတ်ပြီ။ ဒါဆိုဂြိုဟ်အား ကောင်း မကောင်းကို    ဘာနဲ့ကြည့်ကြမလဲ ဆိုပြီး မေးခဲ့ရင်၊  ဘာနဲ့ကြည့်ကြည့် သိနိုင်ပါတယ်။ လက္ခဏာ၊ နက္ခတ်၊ လက်ရိုးလက်ဆန်း၊ ကေပီ၊ စသည်ဖြင့်  မည်သည့်နည်းစနစ်နဲ့ဖြစ်ဖြစ် ခွဲခြား ဆန်းစစ်နိုင်ပါတယ်။

တွက်လို့ လွယ်တယ်ဆို့လို့ မှန်ပါ့မလား မေးစရာရှိပါတယ်။ တွက်လို့ လွယ်သလောက် တွေးရခက်ပြီး တိတိကျကျမှန်တဲ့ ပညာရပ်များစွာ ရှိတယ်လို့ပဲ ဆိုပါရစေ။ အသုံးပြုသူ ဆက်စပ်တွေးခေါ်သူရဲ့ အနေအထားပေါ်မှာသာ မှန်တယ်၊ မမှန်ဘူး ဆိုတာကို  အဓိကဆုံးဖြတ်ရပါလိမ့်မယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

(၂) အလုပ်အကိုင် ဆုံးရှုံးရန် လွယ်ကူသော အသက်ပိုင်းများ – အလုပ်အကိုင် ဆုံးရှုံးဖို့ လွယ်ကူတဲ့ အသက်ပိုင်းများကတော့  ဒီအသက်ပိုင်းများ ဖြစ်ပါတယ်။ ၁၃ နှစ်၊  ၂၀ နှစ်၊ ၂၇ နှစ်၊ ၃၄နှစ်၊ ၄၁ နှစ်၊ ၄၈ နှစ်၊ ၅၅ နှစ်၊ ၆၂ နှစ်၊ ၆၉ နှစ်၊ ၇၆နှစ်  စတဲ့ အသက်ပိုင်းများမှာ ဘယ်နေ့နံ သားသမီးမဆို အသက်မွေးမှု အလုပ်အကိုင် ပျက်ဆီးလွယ်ပါတယ်။ ကျိန်းသေ ပျက်မယ်လို့တော့  မယူဆလိုက်ပါနဲ့ ။ သို့ပေမယ့် ပျက်ဆီးရန် လွယ်ကူတယ် ဆိုတာကိုတော့ အမှန်ပဲ သတိပြုထားရပါမယ်။   ဒီကိန်းစနစ် ကလေးတွေကို သတိမမူမိလို့  အလုပ်အကိုင် ပျက်ဆီးပြီး  ထိခိုက်ဆုံးရှုံးနေသူ အမြောက်အများ ရှိပါတယ်။ သတိချပ်နိုင်ဖို့ တင်ပြပေးလိုက်ပါတယ်။

ဒီနေရာမှာ အထက်ပါ တင်ပြရေးသားချက် အချက်နှစ်ချက်နဲ့ ပတ်သက်လို့ အယူမမှားဖို့ တင်ကြို သတိပေးရပါမယ်။ ကိန်းအရ ပျက်ကိန်း ဖြစ်ကိန်း ကြုံသည့်တိုင်အောင်    ကာယကံရှင်ရဲ့လက်ရှိ ဝီရိယ၊ ကံ၊ ဥာဏ် ၊လုံလ၊ သတိ ၊ အခြားအားဖြင့်သော ရောက်ဆြဲဂိုဟ်အိပ် ၊ သက္ခတ်၊ ဒသာ၊   စသည်တို့အရ ကျော်လွှားသွားနိုင်တယ် ဆိုတာကို အထူးသတိချပ်စေလိုပါတယ်။  (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

ဒီလိုပါပဲ. တစ်ဖက်က မှာချင်တာကလည်း မိမိတို့ အတွေ့အကြုံအရ ကိုယ့်ဘ၀လမ်းကြောင်း ထိုထိုအသက်ပိုင်းများမှာ  ကောင်း၊ဆိုး ကြုံခဲ့တာလေးတွေကို စစ်ဆေးမှတ်သားထားပြီး သတိချပ်စေလိုပါတယ်။ စာရေးသူရဲ့ အတွေ့အကြုံအရ  အားကိုးလို့ရတဲ့ ပညာကောင်းလေးမို့ တင်ပြပေးလိုက်တာပါ။ နောက်ပိုင်းမှာလည်း အလုပ်အကိုင်အသက်မွေးမှုကို ထောက်ဆလို့ ရတဲ့ အချက်ကလေးတွေကို တင်ပြ ရေးသားသွားပါ့မယ်။ တစ်ဆင့်ပြီးတစ်ဆင့်  နာမည်အရ အသက်မွေးမှုကံ ဖြစ်တည်လာပုံအထိ ဆိုပါတော့။

အားလုံး ချမ်းမြေ့ကြပါစေ – ဆရာစိုးမိုးထွန်း (ခေါ်) ဆရာဝေသာလီမောင်ဖုန်း

 

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)