ဝင်ငွေမမြဲ ၊ လာဘ်တိတ်နေရင် ဒီ (၂) ချက်ကို ပြင်ကြည့်ပါ

ရေ (သို့မဟုတ်) ငွေ – မြန်မာလူမျိုးတွေက ငွေကို ရေနဲ့ ခိုင်းနှိုင်းဥပမာ ပေးလေ့ရှိပါတယ်။ ဥပမာ လက်ထဲ ငွေ ပေါပေါများများ ရှိနေချိန် ရေလျှံတယ်လို့ ဆိုတတ်ကြသလို ငွေပြတ်နေပြီ ဆိုရင်လည်း ရေခန်းသွားပြီလို့ ပြောတတ်ကြပါတယ်။ ဒါကြောင့် ရေနဲ့ ငွေဟာ နိမိတ်တဘောင်မှာ အသက်ဝင် ဆက်နွယ်မှု ရှိလာပါတယ်။

တကယ်တမ်းမှာလည်း အိမ်တစ်အိမ် ၊ မိသားစုတစ်စုမှာ ငွေ ဘယ်လောက် ဝင်ဝင် အကြောင်းပေါင်းစုံနဲ့ ရမယ် ရှာပြီး ကြံဖန် ပြန်ထွက်သွားတယ်ဆိုရင် အဲဒီအိမ်မှာ ရေပိုက် ပေါက်တာ၊ ရေယိုစိမ့်တာ ၊ အကြောင်းမဲ့ ရေတွေ ကုန်ခမ်းတာတွေကို မပြုမပြင်ဘဲ ဒီအတိုင်းပဲ ပစ်ထားတာကို တွေ့ရတတ်ပါတယ်။ ဒါမှမဟုတ်ရင် သောက်ရေ၊ သုံးရေကို မခမ်းခင် ပြန်မဖြည့်ဘဲ အိုးဖင် မြင်ရတဲ့အထိ ပစ်ထားရင်လည်း လာဘ်တိတ်စေတတ်ပါတယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

တကယ်လို့များ သင့်မိသားစုလည်း ငွေအဝင်အထွက် မြန်ဆန်ပြီး လက်ထဲ ငွေမမြဲဘဲ ဖြစ်နေတယ်ဆိုရင်တော့ သင့်အိမ်၊ တိုက်ခန်း၊ ဆိုင်ခန်း နေရာမှာ အလဟဿ ရေယိုစိမ့်မှုတွေ ဖြစ်နေသလား ပြန်ကြည့်ဖို့ လိုပါလိမ့်မယ်။ တွေ့ရင် အမြန်ပြင်ဆင်သုံးစွဲဖို့လည်း တိုက်တွန်းပါတယ်။ သောက်ရေသုံးရေကိုလည်း ရေမပြတ် ဖြည့်ရပါမယ်။

အသက်ဓာတ်စာ အလေးထားပါ – ထမင်းဟာ မြန်မာလူမျိုးများရဲ့ အသက်ဓာတ်ကို အဓိက ဆောင်ကျဉ်းပေးတဲ့ အစားအစာ ဖြစ်လို့ ထမင်းစားတဲ့ ထမင်းချက်တဲ့ အချိန်တွေကို အလေးအနက် ထားရပါမယ်။ ထမင်း ဖြစ်လာဖို့က တကယ်တော့ မလွယ်ကူပါဘူး။ တောင်သူလယ်သမားတွေ အပင်ပန်းခံ ရုန်းကန်လို့သာ ဒီထမင်းစေ့လေးတွေ ဖြစ်ပေါ်လာရတာပါ။ ဒါကြောင့်မို့ ရှေးလူကြီးတွေက ထမင်းချက်ရင်း သီချင်း မဆိုဖို့ ၊ ထမင်းစားရင် အစားမှာပဲ အာရုံစိုက်ဖို့ မှာကြားခဲ့ကြပါတယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

ဒါ့အပြင် ထမင်းဟင်းထည့်တဲ့ အိုးခွက်ပန်းကန်တွေကို တီးခတ်သီချင်းဆိုတာတွေ မလုပ်ဖို့နဲ့ အိုးခွက်ပန်းကန်ကို ဆူညံသံ ထွက်အောင် ကြမ်းကြမ်းတမ်းတမ်း မသုံးဖို့ကို လူကြီးများက တားမြစ်ထားပါတယ်။ ဘာကြောင့်လဲ ဆိုတာ့ စားသောက်ရာမှာ သုံးတဲ့ အိုးခွက်ပန်းကန်တွေကို တီးခတ်တာ၊ အသံမြည်အောင် ဆောင့်ချပစ်ချတာမျိုး လုပ်ရင် အစာရေစာ ရှားပါးတတ်လို့ပါပဲ။  

နေ့စဉ် အသက်ဓာတ်ကို ဖန်တီးပေးတဲ့ ထမင်းဟင်းကို စားသုံးရာမှာ လေးစားမှု ရှိဖို့လည်း လိုအပ်ပါတယ်။ ဥပမာအားဖြင့် ထမင်းပန်းကန်ထဲမှာ စားကြွင်းစားကျန်တွေ ပုံထည့်တာ၊ စားပြီး အိုးခွက်ပန်းကန်တွေကို မနက်မှ ဆေးမယ်ဆိုပြီး တစ်ညလုံး ပစ်ထားတာတွေကလည်း ဝင်မယ့် လာဘ်ကို တိတ်စေတတ်ပါတယ်။ အိမ်ကို ကျက်သရေ ညိုးနွမ်းစေတတ်ပါတယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

ထမင်းစားရင်း စကား အရမ်း ပြောသူတွေနဲ့ ထမင်းစားချိန် ဂဏှာ မငြိမ်ဘဲ လျှောက်သွားတတ်သူတွေဟာလည်း ဆင်းရဲ တာရှည်တာ၊ ချမ်းသာရင်လည်း မခံစားရတာ၊ မလိုအပ်ဘဲ ရုန်းကန်ပင်ပန်းရတာတွေ ဖြစ်တတ်ပါတယ်။ ဒီလောက်ဆိုရင် ကျွန်တော်တို့ နေ့စဉ်ရှင်သန်နေထိုင်မှုဘဝမှာ အရေးပါတဲ့ ရေနဲ့ထမင်းက လောကီပညာအရပါ ဘယ်အထိ အရေးကြီး ခရီးပေါက်သလဲ ဆိုတာ ရိပ်မိ သဘောပေါက်လောက်ပါပြီ။

အားလုံးပဲ အရေးကြီးတဲ့ အာဟာရဓာတ်နှစ်ခုကို အလေးထားရင်း ပိတ်နေတဲ့ လာဘ်တွေ ပွင့်လန်းပါစေ၊ ဝင်ငွေ ရလမ်း ဖြောင့်တန်းပါစေ၊ စီးပွားဓန ချမ်းသာကြွယ်ဝကြပါစေလို့ ဆန္ဒပြုလိုက်ရပါတယ်။ ဧက (ဗေဒင်သုတ)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)