အိမ်နဲ့ ပတ်သက်သမျှ ဗေဒင်သုတ

မြန်မာ့ရိုးရာဗေဒင်ပညာမှာ အိုးအိမ်နေရာထိုင်ခင်းနဲ့ ပတ်သက်လို့ ဆောင်ရန်၊ ရှောင်ရန် အချက်တွေ ရှိပါတယ်။ တချို့တွေ ပြင်ပစီးပွားရေး ကောင်းပါလျက်နဲ့  မိသားစုတွေ ဆူဆူပူပူ ဖြစ်တာ၊ အလှည့်ကျ နေထိုင်မကောင်း ဖြစ်ကြတာ၊ ရှာသမျှ စီးပွားဥစ္စာတွေ အဖတ်မတင်မျိုး ကြုံရတတ်ပါတယ်။ ဒီလိုတွေ မဖြစ်အောင်လို့ အိမ်နဲ့ ပတ်သက်သမျှ ဗေဒင်သုတတချို့ကို ဝေမျှပေးလိုက်ပါတယ်။

ရှောင်ကျဉ်အပ်ရာ ဘုမ္မိမျက်နှာစာ – တကယ်လို့ အိမ်၊ တိုက်ခန်းရဲ့ မျက်နှာစာဟာ အိမ်ထောင်ဦးစီးရဲ့ ဘုမ္မိအရပ်ကို လှည့်ထားမိမယ်ဆိုရင် စီးပွားဖြစ်ဖို့ ခဲယဉ်းပါမယ်။ စီးပွားဖြစ်လာတဲ့အခါမှာလည်း ကျန်းမာရေး၊ အိမ်ထောင်ရေး အညံ့အခိုက် ဖြစ်လာတတ်ပါတယ်။ နေ့သားအလိုက် ဘုမ္မိအရပ်မျက်နှာတွေကို အောက်မှာ ပြထားပေးပါတယ်။ ဘုမ္မိအခိုက်ဓာတ် ဖြေပုံကို ကျွမ်းကျင် ဗေဒင်ပညာရှင်များဆီမှာ မေးမြန်း အကြံဉာဏ် ယူနိုင်ပါတယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

တံခါးနှစ်ပေါက် တိုးလျှိုဖောက် – အိမ်အဝင်တံခါးမကြီးနဲ့ နောက်ဖေးတံခါး တည့်တည့် ဖြစ်နေရင် ငွေ ဘယ်လောက် ရှာရှာ အဖတ်တင်ဖို့ ခက်ခဲတတ်ပါတယ်။ တံခါးမကြီးနဲ့ နောက်ဖေးတံခါး တိုးလျှိုပေါက် တည့်တည့် ဖြစ်လေလေ ငွေစုဖို့ရာ ခက်လေလေပါပဲ။ အလယ်မှာ လိုက်ကာ ခြားတာပြီးတော့ ယတြာသဘော ကာကွယ်နိုင်ပါတယ်။

တံမြက်လှည်းခေါင် စီးပွားပြောင် – အိမ်ဘေး၊ အိမ်ရှေ့တွေမှာ စိုက်ထားတဲ့ သစ်ပင်တွေရဲ့ အကိုင်းအခက်အလက်တွေက အိမ်ခေါင်ပေါ် ကျပြီး လေတိုက်တိုင်း ပွတ်တိုက်လှုပ်ရှား အသံထွက်နေရင် အိမ်ခေါင်ပေါ် တံမြက်လှည်းသလို ဖြစ်ပြီး ရှာသမျှ စီးပွားဥစ္စာ မမြဲဘဲ ဖြစ်တတ်ပါတယ်။ အိမ်ခေါင်ပေါ်မှာ တံမြက်စည်း လှည်းသလို ဖြစ်နေတဲ့ သစ်ကိုင်းသစ်ခက်တွေကို အမြန် ရှင်းလင်း ဖယ်ရှားသင့်ပါတယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

လမ်းဦးတိုက် အခိုက်ဓာတ် – ရှေးတုန်းကတော့ လှေ၊ လှည်းတွေ ကိုယ့်အိမ်တည့်တည့် ဦးတိုက်တာကို လှေဦး၊ လှည်းဦးတိုက်အိမ် လို့ သတ်မှတ်ကြပါတယ်။ လမ်းဦးတိုက် ဆိုတာကလည်း ယာဉ်ကားတွေက ကိုယ့်အိမ်တည့်တည့်မှာ အဆုံးသတ်တာကို ခေါ်ဝေါ်တာပါပဲ။ ဒီလို ဦးတိုက်အိမ်တွေဟာ မနေကောင်းဘူး၊ ခိုက်တတ်တယ်လို့ ရှေးဗေဒင်ပညာရှင်တွေက ရှောင်ခိုင်းတတ်ကြပါတယ်။ တကယ့်လက်တွေ့မှာလည်း ဦးတိုက်အိမ်မျိုးမှာ နေထိုင်မိရင် ကျန်းမာရေး၊ စီးပွားရေးတွေ ပျက်ပြားတတ်တာ တွေ့ရပါတယ်။

တကယ်လို့များ ဒီလိုအိမ် နေရာမျိုးမှာ နေမိရင် ကြည့်မှန်တစ်ချပ်ပေါ်မှာ မာန်ဖီဟိန်းဟောက်နေတဲ့ ကျားမျက်နှာပုံကို ရေးဆွဲပြီး အိမ်မျက်နှာစာမှာ ချိတ်ဆွဲထားပါ။ တချို့ကလည်း အိမ်ရှေ့မျက်နှာစာမှာ သောက်ရေအိုးစင်လေးတွေ ဆောက်ပြီး ဦးတိုက်အိမ်ရဲ့ အခိုက်ဓာတ်တွေကို တိုက်ထုတ်ကြပါတယ်။ နှစ်သက်ရာနည်းလမ်းကို သုံးနိုင်ပါတယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

အိမ်နဲ့ ပတ်သက်သမျှ ဗေဒင်သုတဟာ ဒီနေရာမှာ မဆုံးသေးပါဘူး။ အိမ်ဆိုတာ ကံအကြောင်းတရား ပေါင်းစုံ ဆက်စပ် ပတ်သက်လာတဲ့ မိသားစုတစ်စုရဲ့ နားခိုရာ ဖြစ်လို့ အထားအသို၊ အနေအထိုင်တွေ မှန်ဖို့ လိုအပ်ပါတယ်။ နောက်ပိုင်းမှာ အိမ်အကြောင်း ဗေဒင်ဗဟုသုတတွေ ဆက်ဖို့ ရှိပါတယ်။ ဧက (ဗေဒင်သုတ)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)