အိမ်ထောင်ရေးပေါင်းဖက်မှု ကံဇာတာ ဖတ်ခြင်း

တူနှစ်ကိုယ်ပေါင်းဖက်မယ့်ဘဝမှာ အိမ်ထောင်ရေး ကံဇာတာ ဘယ်လိုရှိမလဲဆိုတာအတွက် ဇာတာတိုက်ဆိုင် စစ်ဆေးနည်း များစွာ ရှိပါတယ်။

အရှေ့တိုင်း အနောက်တိုင်း နက္ခတ်ဗေဒင်ပညာဖြင့် ဇာတာတိုက်ဆိုင်စစ်ဆေးခြင်း၊ ဂဏန်းဗေဒင်ဇာတာ တိုက်ဆိုင်စစ်ဆေးခြင်း ၊ မြန်မာ့ရိုးရာမဟာဘုတ်ဗေဒင်ပညာ ဆန်းကျမ်းဗေဒင်ပညာ စသည်တို့ဖြင့် တိုက်ဆိုင်စစ်ဆေးခြင်းများစွာထဲမှ ရှေးပညာရှင်ကြီးများ အသုံးပြုခဲ့သော နေ့နံကို သိရုံဖြင့် ဇာတာချင်း တိုက်ဆိုင်စစ်ဆေးနည်းကို စာဖတ်သူများ လက်တွေ့တွက်စစ်ကြည့်နိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်… (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ ပြန်လည် ကူးချခြင်း၊ YouTube တွင် အသံဖြင့် ပြန်လွှင့်ခြင်းများ လုံးဝ ခွင့်မပြုပါ)

ဦးစွာ အမျိုးသားနေ့နံ နဲ့ အမျိုးသမီးနေ့နံ ၂ ခုကို သိဖို့လိုပါတယ်။ တွက်စစ်နည်းကတော့ အမျိုးသားရဲ့နေ့နံ နဲ့ အမျိုးသမီးရဲ့ နေ့နံ ၂ ခုကို ပေါင်းပြီး ၅ နဲ့ မြှောက်ရမှာ ဖြစ်ပါတယ်။ မြှောက်လို့ ရလာတဲ့ မြှောက်လဒ်ကို ၇ နဲ့စားပြီး အကြွင်းအလိုက် နှစ်ဦးပေါင်းကံဇာတာ အနေအထားကို သိနိုင်ပါပြီ။

ဥပမာ – တနင်္ဂနွေသား နှင့် သောကြာသမီးဆိုပါစို့။ တနင်္ဂနွေသည် ၁ ဂဏန်း ကိုယ်စားပြုပြီး သောကြာသည် ၆ဂဏန်း ကိုယ်စားပြုတာကြောင့် ၁ နဲ့ ၆ ပေါင်းရင် ၇ ဂဏန်းရပါမယ် ။

အဲဒီ ပေါင်းရကိန်း ၇ ဂဏန်းကို ၅နဲ့မြှောက်လိုက်ရင် ၃၅ ရပါမယ်။ ၎င်း ၃၅ ကို ၇ နဲ့ စားတဲ့အခါ အကြွင်း (ဝ) ရပါမယ်။ ဒါကြောင့် (ဝ) ကြွင်းရတဲ့ နှစ်ဦးဘဝပေးကံအဟောကို ဖတ်ရှုရပါမယ်။ ဒီလောက်ဆို တွက်စစ်နည်းကို နားလည်လောက်ပါပြီ။ အကြွင်းအလိုက် နှစ်ဦးပေါင်းဖက်မှု ကံအနေအထားများကတော့ …

(၁) ကြွင်းစုံတွဲများသည် ဘဝတွင် စီးပွားကံဘက် အားနည်းတတ်သည်။ နှစ်ဦးပေါင်း စီးပွားလုပ်ငန်းရေးရာ ကိစ္စများတွင် ထင်သလို မဖြစ်တတ်ခြင်း၊ အကျိုးအမြတ်နည်းခြင်းတို့ကြောင့် ဘဝတွင် လုပ်ငန်းစီးပွားကို ခွဲပြီး လုပ်ကိုင်ဆောင်ရွက်ခြင်းက ပိုမို အဆင်ပြေစေပါလိမ့်မည်။

(၂) ကြွင်းစုံတွဲများသည် သားသမီး မထွန်းကားမီ ခက်ခဲသောအနေအထားအချို့ကို ရင်ဆိုင်ဖြတ်သန်းရတတ်ပြီး သားသမီးတစ်ဦး ထွန်းကားပြီးပါက ချမ်းသာကြွယ်ဝခြင်း၊ ငွေကြေးစီးပွားတိုးတက်ခြင်း ဖြစ်ထွန်းလာပေမည်။

(၃) ကြွင်းစုံတွဲများသည် စားရေရိက္ခာ ပေါကြွယ်ဝခြင်း၊ ဥစ္စာပစ္စည်း ပြည့်စုံခြင်းတို့ ဖြစ်ထွန်းလာမည်။ နှစ်ဦး ပေါင်းဖက်လုပ်ကိုင်သည်များမှ အကျိုးအမြတ် ရရှိခံစားရပေမည်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ ပြန်လည် ကူးချခြင်း၊ YouTube တွင် အသံဖြင့် ပြန်လွှင့်ခြင်းများ လုံးဝ ခွင့်မပြုပါ)

(၄) ကြွင်းစုံတွဲများသည် လူပုံအလယ်တွင် ဂုဏ်သတင်း ကျော်ဇောခြင်း၊ စီးပွားဥစ္စာဖြစ်ထွန်းခြင်းများ ရရှိခံစားရပေမည်။ သို့သော် သားသမီး ၂ဦး ထွန်းကားပြီး ချိန်တွင် အိမ်ထောင်ရေး ခွဲခွာ (သို့) ကွဲကွာနေရတတ်ခြင်းမျိုးကံ သတိပြုရပါမည်။

(၅) ကြွင်းစုံတွဲများသည် ယာဉ်၊ ကား ပိုင်ဆိုင်မှုကံ အားကောင်းတတ်သည်။ အိမ်ထောင်ဦး အစပိုင်း အခက်အခဲများ ကျော်ဖြတ်ပြီး အဆုံးပိုင်းတွင် ပြန်လည်ဆုံစည်း ဦးမော့လာတတ်သောကံမျိုး ဖြစ်သည်။

(၆) ကြွင်းစုံတွဲများသည် ဘေးစကား၊သွေးသားအနှောင့်အယှက်များ အစပိုင်းတွင် ကြုံတွေ့ရပြီး နောက်ပိုင်းတွင် ပြန်လည် အဆင်ပြေသင့်မြတ်မည်။ လုပ်ငန်းစီးပွား အိမ်ထောင်သက်ရှည်လေ ဖြစ်ထွန်းလေ ဖြစ်မည်။

(ဝ) ကြွင်းစုံတွဲများသည် အခက်အခဲများ ရင်ဆိုင်ရတတ်ပြီး နှောင်းပိုင်းတွင် သားသမီးတစ်ဦး ထွန်းကားပြီး ခွဲခွာနေရတတ်ခြင်း ကြုံရတတ်သည်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ ပြန်လည် ကူးချခြင်း၊ YouTube တွင် အသံဖြင့် ပြန်လွှင့်ခြင်းများ လုံးဝ ခွင့်မပြုပါ)

အထက်ပါ အကြွင်းလိုက် နှစ်ဦးပေါင်းဖက်မှုကံအနေထားများသည် ရှေးနှစ်ပေါင်းရာကျော်ခန့်မှ ပညာရှင်ကြီးများ ရေးသားခဲ့သော ရှေးဟောင်းဗေဒင်ကျမ်းလာ ဟောကိန်းများဖြစ်ပါသည်။

နှစ်ဦးပေါင်းဖက်မှုကံ အနေအထားအရ မည်သို့ပင်ဖြစ်စေကာမူ အရာရာတွင် ကံ၊ ဉာဏ်၊ ဝီရိယ ၃ ဌာနပေါင်းမှ အောင်မြင်ကြောင်းကို သိမြင်တွေးဆပြီး ကံကောင်းသော စုံတွဲများသည် ဉာဏ်ဝီရိယ စိုက်ထုတ်၍ ပိုမို ချမ်းသာကြွယ်ဝမှုကို ရှာဖွေနိုင်ပါမည်။

ထို့အတူ ကံအားနည်းသော စုံတွဲများသည်လည်း ဉာဏ်၊ ဝီရိယကို ပိုမိုအားစိုက်ထုတ်ပြီး နားလည်မှုအပြည့်ဖြင့် ခိုင်မာသော အိမ်ထောင်ရေး တစ်ခုကို ထူထောင်သွားရပေမည်။

ကိုယ်စိတ်နှစ်ပါးချမ်းမြေ့ပါစေ – ဆရာလင်းဝေအောင် (မြန်မာ့ဆန်းကျမ်းဗေဒင်နှင့် ကေပီရှေ့ဆောင်နက္ခတ်ပညာရှင်)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)