အိမ်ထောင်ရေး သာယာစေမယ့် ဖုန်းရွှေနည်းလမ်း (၅) ခု

တရုတ်လူမျိုးတွေ နှစ်ပေါင်းထောင်ချီ အသုံးပြုခဲ့တဲ့ ရှေးဟောင်းလောကီပညာတစ်ခု ရှိပါတယ်။ ဒီပညာရပ်ဟာ ဘာသာရေး မဟုတ်၊ သိပ္ပံပညာလည်း မဟုတ်၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးလည်း မဟုတ်ဘဲ သဘာဝတရားရဲ့ စွမ်းအင်ဓာတ်တွေကို နည်းလမ်းအမျိုးမျိုးနဲ့ ဆွဲယူ အသုံးချတဲ့ ပညာတစ်ခု ဖြစ်ပါတယ်။

တရုတ်လို ဖန်ရွှီးလို့ ခေါ်ပေမယ့် ဒီပညာအကြောင်းကို မြန်မာပြည်မှာ ပထမဆုံး မိတ်ဆက်ပေးခဲ့တဲ့ ဆရာဟိန်းလတ်က မြန်မာသံနဲ့ အနီးစပ်ဆုံး လှပအောင် ဖုန်းရွှေလို့ ပြန်ဆို ခေါ်ဝေါ်ခဲ့ပါတယ်။ ဒီဖုန်းရွှေပညာရပ်ကို သုံးပြီး အိမ်ထောင်ရေး သာယာစေမယ့် နည်းလမ်း (၅) ခု အကြောင်းကို ပြောပြချင်ပါတယ်။

အိမ်ထောင်သည်တိုင်း အိမ်ထောင်ရေးဘဝတွေ အမြဲ  မသာယာနိုင်ဘဲ လင်နဲ့မယား လျှာနဲ့သွားလိုပဲ မကြာခဏ ခလုတ်တိုက်လေ့ ရှိမှာပါ။ ဒီဖုန်းရွှေနည်းလမ်း (၅) ခု ဟာ အိမ်ထောင်ရေးဘဝ သာယာချမ်းမြေ့စေဖို့သာမကဘဲ အိမ်ထောင် တည်တံ့ ခိုင်မြဲရေး အတွက်လည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ (ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

၁။ မလိုတာတွေ ရှင်းထုတ်ပါ – အိမ်ထောင်မကျသေးခင် ဟိုအရင်အတိတ်က ပွေးခဲ့ ရှုပ်ခဲ့သမျှ ရည်းစားတွေနဲ့ ပတ်သက်သမျှ အမှတ်တရ ဘာညာ အားလုံးကို ရှင်းပစ်ထားပါ။ အဲဒီလိုပဲ ဖုန်းရွှေပညာအရ ကိုယ့်အိမ်ရဲ့ အနောက်တောင်ထောင့်ဟာ နှစ်ဦးသား ဆက်ဆံရေးကို ကိုယ်စားပြုတဲ့ အတွက် အဲဒီထောင့်အရပ်ကိုလည်း သန့်ရှင်းသပ်ယပ်အောင် ထားရပါမယ်။ ဒါမှသာ မကောင်းတဲ့ ဓာတ်တွေကို ဖယ်ရှားနိုင်မှာပါ။

၂။ ပြုပြင် ထိန်းသိမ်းပါ – အိမ်ထဲမှာ ကျိုးပဲ့ ပျက်စီးနေတာမှန်သမျှ မထားပါနဲ့။ အထူးသဖြင့် ခုနက ပြောထားတဲ့ အနောက်တောင်ထောင့် အရပ်မှာ အဟောင်းအမြင်း အပျက်အစီးတွေ ရှိနေရင် ရှင်းပါ။ ပြင်လို့ ရသေးရင် ပြုပြင်ပါ။ ပြင်လို့ မရတော့ရင် အပြတ် ရှင်းထုတ်လိုက်ပါ။

၃။ ချစ်သင်္ကေတတွေ ထားရှိပါ – ချစ်ခြင်းတရားရဲ့ သင်္ကေတဖြစ်တဲ့ ရုပ်ပုံကားချပ်တွေ၊ အရုပ်ကလေးတွေကို အနောင်တောင်ထောင့်မှာ ထားရှိပါ။ ဥပမာအားဖြင့် ငန်းနှစ်ကောင် ရေထဲမှာ မြူးတူးနေပုံ ပန်းချီ၊ ဒါမှမဟုတ် အရုပ်လေးတွေ ထားပါ။  (ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

ဇနီးမောင်နှံနှစ်ဦး ပြုံးပျော်ရယ်မောနေတဲ့ ဓာတ်ပုံတွေ ချိတ်ဆွဲထားပါ။ အဆင်ပြေမယ်ဆို လှပတဲ့ ဖယောင်းတိုင် (အလင်းဓာတ်) တွေကို မကြာခဏ ထွန်းညှိပါ။ နှစ်ထပ်ကွမ်းသုခလို့ အမည်ရတဲ့ အောက်ပါ တရုတ်စာလုံးကိုလည်း ချိတ်ဆွဲထားနိုင်ပါတယ်။ (ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

ဒါ့အပြင် တရုတ်တွေရဲ့ မင်္ဂလာဖိတ်စာမျက်နှာဖုံးမှာ ပါလေ့ ရှိတဲ့ နဂါးနဲ့ ဇာမဏီငှက် စုံတွဲပုံကိုလည်း ချိတ်ဆွဲ ထားရှိနိုင်ပါတယ်။ ဒီသရုပ်ဖော်ပုံဟာ အောင်မြင် ပျော်ရွှင်တဲ့ အိမ်ထောင်ရေးကို နိမိတ်ဆောင်ပါတယ်။

၎။ မှန်တွေကို ဖယ်ရှားပါ။ – လင်မယားနှစ်ယောက်ရဲ့ အိပ်ခန်းထဲမှာ မှန်တွေ မရှိသင့်ပါဘူး။ အထူးသဖြင့် အိပ်ယာဟာ မှန်ထဲမှာ ပေါ်နေရင် အဲဒီမှန်ချပ်ကို ဖယ်ရှားပစ်ပါ။ ဒါဟာ ဖုန်းရွှေအရ လုံးဝ မသင့်တော်တဲ့ အနေအထားပါ။ အဲဒီလိုပဲ ရုပ်သံ ဖန်သားပြင်တွေကလည်း ရောင်ပြန်တွေ ဖြစ်လို့ အိပ်ခန်းထဲမှာ မထားသင့်ပါဘူး။ (ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

၅။ သန့်စင်ခန်းကို သတိပြုပါ။ – အိမ်ထောင်ရေးအတွက် အရေးပါတဲ့ အနောက်တောင်ထောင့်မှာ အိမ်သာ မထားသင့်ပါဘူး။ အိမ်သာက အဲဒီမှာ ရှိနေရင် ကံမကောင်း ဖြစ်တတ်ပါတယ်။ ရေချိုးခန်းကို အနီရောင် ဒါမှမဟုတ် ပန်းနုရောင် သုတ်နိုင်ရင် ဒါမှမဟုတ် အနောက်တောင်တောင့်မှာ ပန်းပင်၊ ပန်းအိုးတွေ ထားပေးလိုက်ရင် အိမ်ထောင်ရေးနဲ့ ပတ်သက်တဲ့ အညံ့တွေကို ဖယ်ရှားနိုင်မှာ ဖြစ်ပါတယ်။

သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရှင်ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေ – ဧက (ဗေဒင်သုတ)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)