အရောင်များ၏ အစွမ်းသတ္တိ

အဝါရောင်ဟာ လူတွေကို စုဝေးစေတဲ့ သတ္တိ ရှိတယ်လို့ ဖတ်မှတ်ခဲ့ရဖူးပါတယ်။ လက်တွေ့လည်း လေ့လာကြည့်တော့ ဟုတ်သဗျ။ ဒီတော့ လူများများ ကိုယ့်ဆိုင် ကိုယ့်အလုပ်မှာ လာစေချင်ရင် အ၀ါရောင်ကို သုံးကြည့်ပါ။

ခရီးသွားလုပ်ငန်းဆိုရင် အစိမ်းရောင်နဲ့ တွဲသုံးပါ။ အစိမ်းရောင်ဟာ အသွားအလာနဲ့ လှုပ်ရှားပြောင်းလဲမှုကို လှုံ့ဆော်ပေးတတ်လို့ပါ။ မယုံသေးခင်..ဖိနပ်အစိမ်းလေး အရင်စီးကြည့်ပြီး သုတေသနလုပ်ပေါ့။ မောင်ဖုန်းတော့ အလုပ်ကောင်းလို့ ဖိနပ်အစိမ်းလေးပါ သူများ မ သွားရဲ့..။ မငြိမ်ပုံများပြောပါတယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါ)

စားသောက်ဆိုင်လုပ်ငန်းမျိုးဆိုရင်တော့ အဝါရောင်ကို အနီရဲရဲအရောင်နဲ့ တွဲသုံးပါ။ အနီရောင်ဟာ အစာကို ခြေဖျက်ပေးပါတယ်။ လူတွေဟာ အနီရောင်များတဲ့နေရာမှာ နေမိရင် အလိုလို ဗိုက်ဆာလာတတ်ပါကြောင်း။ မယုံလည်း လက်တွေ့သတိပြုကြည့်ကြပါ။

စားသောက်ဆိုင်တွေသည် ခဲရောင်ကို ရှောင်သင့်ပါတယ်။ မီးခိုရောင် (၀ါ) ခဲရောင်ဟာ အစာအိမ်ကို ဒုက္ခ ပေးတတ်လို့ပါ။ အစာအိမ်သမားတွေ ခဲရောင် မီးခိုရောင်များတဲ့ အခန်းမှာနေထိုင်ရင် ရောဂါပိုသည်းစေတတ်ပါတယ်။ စားသောက်ဆိုင်ဆိုတာ အစာအိမ်နဲ့ တိုက်ရိုက်သက်ဆိုင်ပါတယ်။ ခဲရောင် လျှော့သုံးပါ။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါ)

အဝါရောင်ကို အနက်ရောင်နဲ့တွဲသုံးရင် အလုပ်သမား ရှားပါးမှု ကြုံနေသူများ ပြေလည်စေတတ်ပါတယ်။ လုပ်သားအင်အား ရရှိရေးမှာ အသုံးပြုရပါတယ်။ ကြိုက်တာ၊ မကြိုက်တာတွေ…၊ ယုံတာမယုံတာတွေ ကွန်မန့်မှာ လာမရေးစေလိုပါ။

လက်တွေ့လုပ်ကြည့်..သုံးကြည့်..၊ အကျိုးရှိရင်ဆောင်..၊ ကိုယ်နဲ့ အံမဝင်ဘူး၊ အကျိုးမရှိဘူးဆို မသုံးနဲ့။ မေ့ပစ်လိုက်ပါ။ စေတနာရှိလို့ ကျွန်တော် ရေးပေးခဲ့တာပါ။ နားလည်လာအောင် လေ့လာခဲ့ရတဲ့. ကျွန်တော် ပေးခဲ့ရတဲ့ အချိန်တွေ အများကြီးပါ။

အားလုံးကို လေးစားချက် – ဆရာစိုးမိုးထွန်း (ခေါ်) ဆရာဝေသာလီမောင်ဖုန်း

 

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)