အရောင်းအဝယ်သမားများအတွက်

ဒီနေရာမှာ ပထမဦးစွာ ဆိုင်နဲ့ရောင်းဝယ်ဖောက်ကားနေတဲ့သူတွေအတွက် ဦးစွာဖော်ပြပေးပါမယ်။ ရောင်းဝယ်မှုပြုတဲ့အခါ ကိုယ့်ကုန်ပစ္စည်းရဲ့ အရည်အသွေး ၊ တန်ရာတန်ကြေးနဲ့၊ ဆက်ဆံမှုမှာဖော်ရွေမှု ၊စားသုံးသူအများစု စိတ်ကျေနပ်ဖို့ ဒီအပိုင်းတွေမှာ လိုအပ်မှု ရှိလား အရင်ကြည့်ပါ။ ကြည့်လို့ အဆင်ပြေပြီဆိုမှ အခု ဖော်ပြပေးမယ့် အစအီရင်ကို ဆောင်ရွက်ပါ…

(၁) ဆိုင်ခန်းဖွင့်ရောင်းဝယ်သူများအတွက်ပထမဆုံး ဆိုင်ရှင်ဟာ ဘာနေ့ဖွားလဲ သိဖို့ လိုပါမယ်… နေ့ဖွားမသိရင် နာမည်အစစာလုံးကို နေ့သားအဖြစ် ကောက်ယူပါ။ လက်ဖက်ရည်ဆိုင် ဖွင့်ထားတဲ့ ကိုအောင်သိန်းဟာ တနင်္ဂနွေသားလို့ သိရင် တနင်္ဂနွေ ယူပါ။ နေ့ဖွားသိပြီ ဆိုတာနဲ့ သက်ဆိုင်ရာနေ့ဖွားအလိုက် အရွက်အခက်ကို တစ်ပတ်တစ်ကြိမ် အတာအိုး (သို့) ပန်းအိုးထဲမှာ သတ်မှတ်ထားတဲ့ မိတ်ဓာတ်ပန်း အညွန့်ကို ဆိုင်ဘုရားမှာ ထိုးလှူသွားရမှာပါ…(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

အထက်ပါ အရွက်အခက်အညွန့်များကို မိမိတို့ မွေးနေ့ မနက် ၉း၀၅ မိနစ်မှာ ပန်းအိုး၊ မြေအိုးနဲ့ ဆိုင်က ဘုရားမှာ ပိုင်ရှင်ကိုယ်တိုင် ထိုးလှူပေးရမှာ ဖြစ်ပါတယ်။ အဲ့ဒီနောက် နေ့သားအလိုက် အညွန့်အခက်နဲ့ အစားအသောက်ကို ဆိုင်က ဘုရားကျောင်းဆောင်မှာပဲ ကပ်လှူရမှာ ဖြစ်ပါတယ်။

(နေ့သားအလိုက် ကပ်လှူရမယ့် အညွှန့်အခက်တွေနဲ့ ဆွမ်းအမည်တွေကို အထက်ပါဇယားမှာ ပူးတွဲပြီးတော့ ဖော်ပြထားပါတယ်။ နားမလည်ရင် Comment, Message တွေကနေ မေးမြန်းနိုင်ပါတယ်) အထက်ပါအတိုင်း ပန်းအိုးနှင့်အရွက်ခက်များကို ထိုးလှူပြီး နေ့သားအလိုက် ဆွမ်းကပ်လှူခြင်းကို ဆိုင်ပိုင်ရှင် ကိုယ်တိုင် ဆောင်ရွက်ရမှာပါ။

ရွတ်ဖတ်တာ ဝါသနာပါသူများအနေနဲ့ ထီပေါက်ငွေဝင်စေတတ်တဲ့ သဗ္ဗဇယ မင်္ဂလာဂါထာ၊ ဥစ္စာတိုးစီးပွားတက်စေတဲ့ ဓနသိဒ္ဓိဂါထာတို့ ရွတ်ဖတ်ပူဇော်ပေးနိုင်ပါတယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

ဆိုင်ဖွင့်သူများအတွက် တစ်ပတ်တစ်ရက် သတ်မှတ်ချိန်ရောက်တိုင်း ပန်းအရွက်ခက်များ လဲပြီး ဆွမ်းကိုတော့ နေ့စဉ် ကပ်လှူနိုင်ရင် ပိုကောင်းပါတယ်။ ဒါဟာ အာစရိဝါဒလာ မိတ်ဓာတ်နှင့်ညွန့်မူစီးပွား ပညာခန်းကို လက်တွေ့ကျကျ အသုံးချနိုင်စေဖို့ ဖော်ပြပေးလိုက်တာ ဖြစ်ပါတယ်။

 

(၂) ပျံကျဈေးသမားများအတွက်ဆိုင်နေရာ မရှိဘဲ အဆင်ပေသလို ရောင်းဝယ်ဖောက်ကားနေရတဲ့ ပျံကျဈေးသည်များအတွက်ကတော့ တနင်္ဂနွေနေ့မှာဈေးရောင်းထွက်တဲ့အခါ ပေါင်မုန့်တစ်ချပ်ပေါ် နွားနို့ဆမ်းပြီး ဘုရားကပ်လှူဆုတောင်းသွားပါ။ တနင်္လာနေ့ ဈေးရောင်း ထွက်တဲ့အခါ လက်ဖက်ရည် တစ်ခွက် အိမ်ဘုရားမှာလှူဒါန်းပြီး ဆုတောင်းသွားပါ။

အင်္ဂါနေ့မှာ ဈေးရောင်းထွက်တဲ့အခါ သရက်ယိုနဲ့ ဆွမ်းတော်ကပ်လှူပြီး အိမ်ဘုရားမှာ ဆုတောင်းသွားပါ။  (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

 

ဗုဒ္ဓဟူးနေ့မှာ ဈေးရောင်းထွက်တဲ့အခါ ငှက်သိုက် ပုလင်းပေါ်မှာ အလင်းတိုင်အဖြူရောင်အသေး ထွန်းပြီး ဆုတောင်းသွားပါ။ ကြာသပတေးနေ့မှာ ဈေးရောင်းသွားတဲ့အခါ အကြော်ဆွမ်းကပ်လှူပြီး ဆုတောင်းသွားပါ။ သောကြာနေ့မှာ ဈေးရောင်းသွားတဲ့အခါ ဇီးယိုနဲ့ဆွမ်းကပ်လှူပြီး ဆုတောင်းသွားပါ။ စနေနေ့မှာ ဈေးရောင်း သွားတဲ့အခါ ရှောက်ယိုဆွမ်းနဲ့ အိုဗာတင်းကပ်လှူပြီးဆုတောင်းသွားပါ။

ဒီနည်းက တစ်ရက်တည်းထလုပ်လို့တော့ အဆင်မပြေတတ်ပါဘူး။ နေ့စဉ် အဆင်ပြေဖို့အတတ်နိုင်ဆုံး စဉ်းစားဖော်ပြပေးထားပါတယ်။ နေ့စဉ်ပုံမှန်လုပ်သွားဖို့တော့ လိုပါမယ်။ ထပ်ဆောင်းအနေနဲ့ ညစဉ်ညတိုင်း ရှင်သီဝလိရဟန္တာအရှင်မြတ်ကြီးကို ရည်စူးပြီး. “ဥုံ သီဝလိစ မဟာနာမံ ဣန္နာဒေ၀ါ သဗြဟ္မကာ ဣတ္ထိယောဝါ ပူရိသောဝါ လာဘံဘ၀ိဿ တိ ” အဲဒီဂါထာနဲ့ ရေကို ၃၇ ခေါက်မန်းပြီး မိမိရောင်းကုန်များကို တောက်ဖျန်းပေးနိုင်ပါတယ်။ 

ကဲ.. ဆိုင်နဲ့ကန္နားနဲ့ပဲ ရောင်းရောင်း၊ ပျံကျပဲလုပ်လုပ် အရောင်းဝယ်သမားအားလုံးအတွက် အလွယ်ကူဆုံးနဲ့ အသုံးဝင်နိုင်မယ့် အစီရင်အချိုကိုဖော်ပြပေးလိုက်ပါပြီ။ သေသေချာချာဖတ်ပြီးတော့ လက်တွေကျင့်သုံး အောင်မြင်အကျိုးထူးနိုင်ကြပါစေ…။

ဆရာလင်းဝေအောင် (မြန်မာ့ရိုးရာဆန်းကျမ်းဗေဒင်နှင့် ကေပီရှေ့ဆောင်နက္ခတ်ပညာရှင်)

 

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)