အကြံအစည် အောင်မြင်စေဖို့

အလုပ်အင်တာဗျူး၊ ကြွေးတောင်း၊ ငွေချေး၊ စာမေးပွဲဖြေရန် စသည်ဖြင့် အကြံအစည်တစ်ခုခုနဲ့ သွားစရာ ရှိတဲ့အခါ အိမ်က မထွက်ခင် ဆောင်ရွက်သွားရမယ့် ယတြာလေးတစ်ခု တင်ပြပေးပါ့မယ်။ ရှေးတုန်းကတော့ လင်္ကာလေးနဲ့ မှတ်တမ်းတင်ခဲ့ပါတယ်။

“အတောင်း၊ကျောင်းအိပ်၊စိတ်လက်မီးကင်၊လင်းတွင်ရိပ်ကြည့်၊မိမှာထွက်ဝင်၊သီးလျှင်ဝစား၊နကားငြင်းခုံ” ဟု လင်္ကာ စပ်ဆိုခဲ့ကြပါတယ်။ အဓိပ္ပာယ်ကတော့……

*တနင်္ဂနွေနေ့မှာ အကြံအစည် အောင်မြင်ချင်ရင် အိမ်ကအထွက် ပစ္စည်းတစ်ခုခုတောင်းပြီးမှ သွားရပါမယ်။ *တနင်္လာနေ့မှာ အကြံအစည် အောင်မြင်ချင်ရင် အိမ်ကအထွက် အိပ်ယာပေါ်မှာ ခေတ္တ အိပ်စက်ပြီးမှ အိမ်က ထွက်ပါ။  (ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Social Media Platforms များနှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

*အင်္ဂါနေ့မှာ အကြံအစည် အောင်မြင်ချင်ရင် အိမ်ကအထွက် ဖယောင်းတိုင်မီးနဲ့ လက်ကို မီးကင်ပြီးမှ သွားပါ။ *ဗုဒ္ဓဟူးနေ့မှာ အကြံအစည် အောင်မြင်ချင်ရင် အိမ်ကအထွက် နေရောင်ကြောင့် ဖြစ်ပေါ်လာတဲ့ မိမိအရိပ်ကို ကြည့်ပြီးမှ သွားပါ။

*ကြာသပတေးနေ့မှာ အကြံအစည် အောင်မြင်ချင်ရင် အိမ်ကအထွက် အိမ်အဝင်အထွက် တံခါးဝမှာ အဝင်အထွက် ၃ကြိမ် လုပ်ပြီးမှ သွားပါ။ *သောကြာနေ့မှာ အကြံအစည် အောင်မြင်ချင်ရင် အိမ်ကမထွက်မီ အစားအစာတစ်ခုခုကို အဝစားပြီးမှ သွားပါ။ (ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Social Media Platforms များနှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

*စနေနေ့မှာ အကြံအစည် အောင်မြင်ချင်ရင် အိမ်က မထွက်မီ တစ်ယောက်ယောက်နှင့် အငြင်းအခုံ ပြုလုပ်ပြီးမှ သွားပါ။ လွယ်ကူလင့်ကစား အထင်မသေးပါနှင့်။ လက်တွေ့အသုံးချ၍ အောင်မြင်မှုများသော နည်းစနစ်ကောင်း တစ်ခု ဖြစ်တာကြောင့်  ဖော်ပြပေးလိုက်ပါ၏။

ကိုယ်စိတ်၂ပါး ချမ်းမြေ့ပါစေ – ဆရာလင်းဝေအောင် (မြန်မာ့ရိုးရာဗေဒင်နှင့် ကေပီ ရှေ့ဆောင်နက္ခတ်ပညာရှင်)

 

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)