ဥာဏ်ရည်အထက်ဆုံး ရာသီဖွား (၂) ခု

ကောင်းကင်ရာသီခွင် (၁၂) ခု ရယ်လို့ ပိုင်းခြားထားရာမှာ ရာသီခွင်တိုင်းမှာ သူ့အစွမ်းအစ၊ သူ့အရည်အချင်းနဲ့ အားသာချက်တွေ  ရှိနေပါတယ်။ ဥပမာ မိဿရာသီဖွားတွေက စိတ်ချ အားကိုးရပြီး ကရကဋ်ရာသီဖွားတွေက ဂရုစိုက် ကြင်နာတတ်တာမျိုးတွေပါ။

ဒါပေမယ့် ဦးနှောက် ဥာဏ်ရည်ပိုင်းကို အကဲဖြတ်ရာမှာတော့ ကုံရာသီ (ဇန်နဝါရီ ၂၀ ကနေ ဖေဖော်ဝါရီ ၁၈ အတွင်း မွေးဖွားသူတွေ) နဲ့ ဗြိစ္ဆာရာသီဖွားတွေ (အောက်တိုဘာ ၂၃ ကနေ နိုဝင်ဘာ ၂၁ အတွင်း မွေးဖွာသူတွေ) က စမတ်အကျဆုံး၊ အားအကောင်းဆုံးတွေ ဖြစ်နေတယ်လို့ နက္ခတ်ဗေဒင်သုတေသီတွေက ဆိုပါတယ်။ ဒါပေမယ့် ရာသီဖွား (၂) မှာ မတူ ကွဲပြားတဲ့ စတိုင်တွေလည်း ရှိနေပါသေးတယ်။ (ဗေဒင်သုတ၏ မူပိုင် ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

ကုံရာသီဖွားတွေက ခွဲခြမ်းစိတ်ဖြာမှုအပိုင်းမှာ အမြင့်ဆုံးဥာဏ်ရည်ကို ရရှိထားကြပြီး IQ အသိဥာဏ်ကလည်း မြင့်မားလေ့ ရှိပါတယ်။ ဗြိစ္ဆာရာသီဖွားတွေကတော့ သိမြင်နားလည်မှု စွမ်းအား အမြင့်ဆုံး ဖြစ်နေတတ်ပြီးတော့ လက်တွေ့ကျကျ လေ့လာဆန်းစစ်တာနဲ့  အားလုံးကို ခြုံငုံ နားလည်တာတွေမှာ အတော်ဆုံး ဖြစ်ပါတယ်။ ဥာဏ်ရည်ပိုင်းမှာ ဒီရာသီဖွား (၂) ခုကပဲ မြင့်မားနေတာလား ဆိုတော့ မဟုတ်ပါဘူး။ ရာသီခွင်တိုင်းမှာလည်း သူ့စွမ်းအင် သူ့သဘာဝနဲ့သူ ဥာဏ်ရည်ဥာဏ်သွေးတွေ ရှိနေပါတယ်။(ဗေဒင်သုတ၏ မူပိုင် ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါ)

ဥပမာ မေထုန်ရာသီနဲ့ တူရာသီဖွားတွေကလည်း အလားတူ ဥာဏ်ရည် ထက်မြက်မှုတွေ ရှိနေပြီး ကရကဋ်နဲ့ မိန် ရာသီဖွားတွေမှာလည်း စိတ်ကနေ အလိုအလျောက် ခံစား သိမြင်နိုင်စွမ်းတွေ မြင့်မားတတ်ကြပါတယ်။ အထူးသဖြင့် တစ်ဖက်သားရဲ့ ခံစားချက်ကို ထွင်းဖောက် မြင်နိုင်တာ၊ ကိုယ်ရော ဘာတွေ ခံစားမိနေလဲ ဆိုတာ သိလွယ်မြင်လွယ်တာ စတဲ့ အရည်အသွေးတွေ ရှိနေကြပါတယ်။ ဥာဏ်ရည်ထက်တဲ့ ရာသီဖွားတွေ ကိုယ့်အစွမ်းအစကို ထုတ်သုံးပြသနိုင်ကြပါစေဗျား – ဧက (ဗေဒင်သုတ)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)