ဧပြီလအတွက် ပုဂ္ဂလတ်နာမည်ဟောကိန်း

အမည်(အ၊ဥ၊ ဧ၊ သြ) နှင့်စသောသူများ

ခရီးနှင့်ပက်သက်သောကိစ္စများ ဆောင်ရွက်ရမည်။ ငွေကုန်ကြေးကျများတတ်သည်။ မိသားစုတွင်း လူလိမ်လူကောက် ခံရတတ်သည်။ စက်ပစ္စည်း အသစ်ဝင်ခြင်းရှိမည်။ လူမျိုးကွဲလူမျိုးခြားအကျိုးပေးမည်။ အောက်လက်ငယ်သား များအခက်အခဲများ ကူညီဖြေရှင်းအဆင်ပြေသွားမည်။

အမည် (က၊ခ၊ ဂ၊ ဃ၊ င)နှင့်စသောသူများ

ကျန်းမာရေးအားနည်းချက်သတိပြုရမည်။ ဘာသာရေးကိစ္စများ ဆောင်ရွက်ရမည်။ လုပ်ငန်းတွင်း ရန်အတိုက်အခံများတတ်သည်။ အိမ်ထောင်ရေး အချစ်ရေး ကိစ္စပေါ်ပေါက်တတ်သည်။ မိသားစုတွင်း လူမှုရေးပြဿနာအချို့ရှိတတ်သည် ။လုပ်ငန်းရှာသူများ အလုပ်သစ်ရမည်။

အမည်(စ၊ဆ၊ဇ၊ဈ၊ည)နှင့်စသောသူများ

လုပ်ကိုင်ဆောင်ရွက်မှုတိုင်း နှောင့်နှေးကြန့်ကြာမှုများတတ်သည်။ ညီငယ် ညီမငယ်များ ကျန်းမာရေး အားနည်းတတ်သည်။ ငွေ အစုလိုက်အပြုံလိုက်ဝင် တတ်သည်။ ထီကံစမ်းသင့်သည်။ စပ်တူရှယ်ယာလုပ်ငန်း ပေါ်ပေါက်တတ်သည်။ လုပ်ငန်းကိစ္စအချို့ ယာယီပြောင်းလဲမှုများဖြစ်တတ်သည်။

အမည်(ယ၊ရ၊လ၊၀)နှင့်စသောသူများ

အချစ်ရေး  မေတ္တာရေးကိစ္စများတွင် စန်းပွင့်တတ်သည်။ နိုင်ငံရပ်ခြား ရပ်ဝေးနှင့် ပက်သက်ပြီး သတင်းစကားကောင်းကြားရတတ်သည်။ ငွေကြေး ကုန်ကျမှုများတတ်သောလဖြစ်သည်။ ရင်းနှီးမြုပ်နှံမှုအချို့ကြောင့် ငွေပြန်ဖော်ရခက်တတ်သည် ။ မိတ်ဆွေဟောင်းများနှင့်ပြန်ဆုံးစည်းရမည်။

အမည်(ပ၊ဖ၊ဘ၊ဗ၊မ)နှင့်စသောသူများ

ခရီးအနီး အဝေးများတတ်သည်။ ရပ်ဝေးမှ အဆက်သွယ်ကောင်းရတတ်သည်။ ဖခင်ဖြစ်သူ၏ အလှူအတန်း ဘာသာရေးဆောင်ရွက်မှုများ ကြုံရတတ်သည်။ လူမျိုးကွဲ လူမျိုးခြားအကျိုးပေးတတ်သည် ။ဇွဲရှိစွာ စောင့်ဆိုင်းသည်များမှ အကျိုးအမြတ်ဖြစ်ထွန်းလာမည်။ စက်ပစ္စည်း အဟောင်းထွက်၍ အသစ်ဝင်မည်။

အမည် (သ၊ ဟ) နှင့်စသောသူများ

ချစ်သူ အိမ်ထောင်ဘက် ငွေကြေးအဆင်ပြေမှုသတင်းစကားများကြားရမည်။ ကြွေးငွေ ရစရာရှိသည်များပြန်လည်ရရှိတတ်သည်။ နိုင်ငံခြား ရပ်ဝေးခရီးသွားရမည်။ ညီငယ် ညီမငယ်များ ရပ်ဝေးထွက်ခွာခြင်းမျိုးရှိမည်။ ငွေကြေး မထင်မှတ်ဘဲဝင် မည်။ ငွေဝင်သော်လည်း ငွေကြေးကိစ္စအရှုပ်အရှင်းအချို့ဖြေရှင်းရတတ်သည်။

အမည်(တ၊ထ၊ဓ၊န၊ဒ)နှင့်စသောသူများ

အိမ် ခြံ မြေ ကိစ္စများမှ အကျိုးမြတ်ဖြစ်ထွန်းမည်။ မိခင်အတွက် စိတ်ချမ်းသာစရာအချို့ဖန်တီးပေးနိုင်မည်။ ထီပေါက်ခြင်း ထီပေါက်သကဲ့သို့ ငွေအစုလိုက်ဝင်တတ်သောလဖြစ်သည် ။ အရေးကြီးသော စာရွက်စာချုပ်များ လက်မှတ်ထိုးခြင်း သတိပြုပါ။ မိတ်ကောင်းဆွေကောင်း အကျိုးပြုမည့်ကာလဖြစ်သည်။

ကိုယ်စိတ်နှစ်ပါးချမ်းမြေ့ပါစေ – ဆရာလင်းဝေအောင် (မြန်မာ့ဆန်းကျမ်းဗေဒင်နှင့် ကေပီရှေ့ဆောင်နက္ခတ်ပညာရှင်) 31.3.2022

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)