ကောဇာကြာသပတေးနဲ့ ၁၂ ရာသီခွင်ဗေဒင်

နက္ခတ်ဗေဒင်ပညာမှာ ကောင်းကျိုးချမ်းသာအဖြာဖြာကို ပေးစွမ်းနိုင်တဲ့ ကြာသပတေးဂြိုဟ်ရဲ့ အစီးအနင်း ၊ အသွားလာအရ ၁၂ ရာသီဖွားတွေအပေါ်မှာ ဘယ်လို သက်ရောက်လာမလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

(၁) မေထုန် ၊ ကန် ၊ ဓနု ၊ မိန်

မိန်ရာသီဖွားတွေဟာ နှစ်သစ်မှာ အစစအရာရာ အဆင်ပြေလာပြီး အပြောင်းအလဲကောင်းတွေနဲ့ ကြုံတွေ့ရကိန်း ရှိနေပါတယ်။ ကိုယ်ရောစိတ်ပါ ဖွံ့ဖြိုးတိုးတက်မှုတွေ ဖြစ်လာနိုင်ပါတယ်။ ကန်ရာသီဖွားတွေက နှလုံးသားရေးရာ အိမ်ထောင်မှုကိစ္စတွေမှာ လိုအင်ဆန္ဒ ပြည့်ဝလာတတ်ပါတယ်။ မင်္ဂလာကိစ္စတွေ ဖြစ်မြောက်လာတတ်ပါတယ်။

ဓနုရာသီဖွားက အိမ်ခြံမြေ၊ ယာဉ်ကားကိစ္စတွေမှာ ကံကောင်းလာတတ်ပြီး မိသားစုထဲက အဆင်မပြေမှုတွေပါ တဖြည်းဖြည်း လွင့်ပျယ်သွားတတ်ပါတယ်။ လုပ်ငန်းစီးပွား တိုးတက်ဖြစ်ထွန်းမှုတွေလည်း ရှိလာတတ်ပါတယ်။ မေထုန်ရာသီဖွားကတော့ ဘဝအခြေအနေနဲ့ လူနေမှုအဆင့်အတန်းပါ မြင့်သထက် မြင့်လာကိန်း ရှိနေပါတယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

(၂) မိဿ ၊ ကရကဋ် ၊ တူ ၊ မကာရ

မိဿရာသီဖွားတွေက ခက်ခဲနေတဲ့လုပ်ငန်းဆောင်တာတွေ မေလကနေ စတင်ပြိး ချောင်လည်လာနိုင်ပါတယ်။ အလုပ်နဲ့ မိသားစုဘဝကို ညီညွှတ်မျှတအောင် စီမံလာနိုင်ပါလိမ့်မယ်။ အသုံးအစွဲကိုတော့ ဆင်ခြင်သင့်ပါတယ်။ ကရကဋ်ရာသီဖွားက ပညာရေးနဲ့ ဘာသာရေးကိစ္စတွေ ထူးခြားပြီး နိုင်ငံရပ်ခြားကိစ္စမှာပါ အောင်မြင်ပါလိမ့်မယ်။

တူရာသီဖွားက လုပ်ငန်းစီးပွား အခက်အခဲတွေ ပြေလည်လာပြီး လုပ်ငန်းခွင်မှာလည်း သဟဇာတ ပိုဖြစ်လာဖို့ ရှိနေပါတယ်။ အတိုက်အခိုက်တွေ ကင်းဝေးပြီး ရောဂါဝေဒနာတွေ ရှိရင်လည်း သက်သာပျောက်ကင်းပါမယ်။ မကာရရာသီဖွားတွေက လူမှုအသိုင်းအဝိုင်း ကျယ်ပြန့်လာပြီး အဆက်အသွယ်ကောင်းတွေ ရလာပါလိမ့်မယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

(၃) ပြိဿ ၊ သိဟ် ၊ ဗြိစ္ဆာ ၊ ကုမ်

ပြိဿရာသီဖွားအတွက် ငွေကြေးလာဘ်လာဘတွေ ဆောင်ကျဉ်းပေးမယ့် နှစ်သစ် ဖြစ်ပြီး ပုံမှန်ဝင်ငွေသာမက တခြားရလမ်းတွေပါ ပေါ်လာတတ်ပါတယ်။ မိတ်ဆွေအပေါင်းအသင်းရဲ့အကျိုးကျေးဇူးကိုလည်း ခံစားရပါမယ်။ သိဟ်ရာသီဖွားအနေနဲ့လည်း ငွေဝင်ကိန်း ရှိလာနိုင်သလို အမွေကိစ္စတွေမှာလည်း ကံကောင်းလာတတ်ပါတယ်။

ဗြိစ္ဆာရာသီဖွားက နှစ်သစ်မှာ အပျော်အပါးကိစ္စတွေ ပိုများလာတတ်ပြီး မိတ်ဆွေအသိုင်းအဝိုင်းလည်း ကျယ်ပြန့် ပေါများလာတတ်ပါတယ်။ လောင်းကစားဆန်ဆန်ကိစ္စတွေမှာ ကံကောင်းတတ်ပါတယ်။ ကုမ်ရာသီဖွားကတော့ နှစ်ဆန်းပိုင်းနဲ့ နှစ်ကုန်ပိုင်းကာလတွေမှာ ငွေအစုလိုက်အပုံလိုက် ဝင်သလိုမျိုး ကံဇာတာ ပွင့်လန်းတတ်ပါတယ်။

ရာသီဖွားအားလုံး နှစ်သစ်မှာ အတိတ်နိမိတ်ကောင်းတွေနဲ့ စတင်နိုင်ဖို့ မင်္ဂလာရှိတဲ့ ဟောကိန်းတွေနဲ့သာ စတင် မိတ်ဆက်လိုက်တာ ဖြစ်ပြီး နှစ်သစ်မှာ ကံကောင်းနိုင်ကြစေဖို့ကိုလည်း ဆုတောင်းမေတ္တာပို့သပါတယ်။ ဧက (ဗေဒင်သုတ)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)