ခေါင်းဆေးမင်္ဂလာရက်ကောင်းရက်မြတ်

မြန်မာ့ရိုးရာလောကီပညာအယူအဆအရ တန်ခူးလဆန်း ၂ ရက်နေ့သည် ခေါင်းဆေးမင်္ဂလာ ပြုရန် ရက်ကောင်းရက်မြတ် ဖြစ်သည်။ အင်္ဂလိပ်ရက်အားဖြင့် ၂၀၂၀ ခုနှစ် မတ်လ ၂၅ ရက်(ဗုဒ္ဓဟူးနေ့) ဖြစ်သည်။

ထိုနေ့ရက်တွင် နေ့သားသမီးအလိုက် မိမိတို့၏ အာယုအရပ်သို့ မျက်နှာမူ၍ တလျော်ကင်ပွန်းဖြင့် ခေါင်းဆေးခေါင်းလျှော်ခြင်းဖြင့် ရောဂါဘယ ကင်းဝေးခြင်း၊ ဘေးဥပါဒ် ကင်းစင်ခြင်း ဟူသော ကောင်းကျိုးချမ်းသာကို ရရှိစေပါမည်။ နေ့နံအလိုက် သတ်မှတ်ထားသော အာယုအရပ်မျက်နှာမှာ အောက်ပါဇယားအတိုင်းဖြစ်သည်။

ကိုယ်စိတ်နှစ်ပါးချမ်းမြေ့ပါစေ ဆရာလင်းဝေအောင် (မြန်မာ့ရိုးရာဆန်းကျမ်းဗေဒင်နှင့် ကေပီရှေ့ဆောင်နက္ခတ်ပညာရှင်)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)