ခေါင်းဆေးမင်္ဂလာရက်ကောင်းများ (၂၀၂၀၊ သြဂုတ်)

မြန်မာ့ရိုးရာလောကီပညာအယူအဆအရ ဝါခေါင်လဆန်း ၂ ၊ ၃ ၊ ၅ ၊ ၇ ရက်များတွင် ခေါင်းဆေးမင်္ဂလာပြုပါက နတ်လူတို့၏ ချစ်ခင်မှုကို ရရှိခြင်း၊ ရန်ဘေးအန္တရာယ် ကင်းစင်ခြင်း စသော အကျိုးတရားများကို ရရှိစေပါသည် ဟူသော ရှေးကျမ်းဂန်လာ အယူအဆ ရှိပါသည်။

အင်္ဂလိပ်ရက်အားဖြင့် ယခုသြဂုတ်လ ၂၀ ၊ ၂၁ ၊ ၂၃ ၊ ၂၅ ရက်များ ဖြစ်ပြီး ထိုနေ့များတွင် နေ့သားသမီးအလိုက် သက်ဆိုင်ရာ သီရိအရပ်ကို မျက်နှာမူ၍ တရော်ကင်ပွန်းနှင့်ခေါင်းဆေး ခေါင်းလျှော် ပြုပါက ကောင်းကျိုးချမ်းသာ ဖြစ်ထွန်းစေနိုင်ပါသည်။ နေ့သားအလိုက် သီရိအရပ် မျက်နှာမှာ အောက်ပါအတိုင်း ဖြစ်သည်။

နေ့သား……………..သီရိအရပ်
၁နွေ………………..မြောက်
၂င်္လာ……………….အရှေ့မြောက်
၃င်္ဂါ…………………..အရှေ့
၎ဟူး……………….အရှေ့တောင်
ရာဟု……………..အနောက်
၅တေး……………အနောက်တောင်
သောကြာ……….အနောက်မြောက်
စနေ……………….တောင်

ကိုယ်စိတ်နှစ်ပါးချမ်းမြေ့ပါစေ ဆရာလင်းဝေအောင် (မြန်မာ့ရိုးရာဆန်းကျမ်းဗေဒင်နှင့် ကေပီရှေ့ဆောင်နက္ခတ်ပညာရှင်)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)