ခေါင်းဆေးမင်္ဂလာရက်ကောင်းများ

မြန်မာ့ရိုးရာလောကီပညာအယူအဆအရ ပြာသိုလဆန်း ၄၊ ၆၊ ၇၊ ၉ ရက်များသည် ခေါင်းဆေးမင်္ဂလာ ရက်ကောင်းများ ဖြစ်သည်။ အင်္ဂရက်အားဖြင့် ဒီဇင်ဘာလ ၂၉၊ ၃၁ ရက်နှင့် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီ ၁ ၊ ၃ ရက်များ ဖြစ်ပါသည်။ (ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

၎င်းနေ့ရက်များတွင် နေ့သားသမီးအလိုက် မိမိတို့၏ တေဇအရပ်မျက်နှာမူပြီး တလျော်ကင်ပွန်းဖြင့် ခေါင်းဆေးခေါင်းလျှော်ပြုပါက ဘုန်းကံမြင့်မားခြင်း လာဘ်ပွင့်ခြင်း ပီယကံပွင့်ခြင်း လုပ်သမျှ အဆင်ပြေအောင်မြင်ခြင်းများ ရရှိစေမည် ဖြစ်ပါသည်။ နေ့နံအားလုံး အတွက် တေဇအရပ်မျက်နှာကို အောက်ပါဇယားတွင် အသင့် ကြည့်ရှုနိုင်ပါသည်။

ကိုယ်စိတ်နှစ်ပါးချမ်းမြေ့ပါစေ ဆရာလင်းဝေအောင် (မြန်မာ့ရိုးရာဆန်းကျမ်းဗေဒင်နှင့် ကေပီရှေ့ဆောင်နက္ခတ်ပညာရှင်)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)