ခွေးက ပြသော နိမိတ်များ

ခွေးဆိုတာ သမိုင်းတစ်လျှောက်မှာ လူသားတွေနဲ့ ကောင်းတူ၊ ဆိုးတူ ဖြတ်သန်းလာကြတဲ့ မိတ်ဆွေတွေပါပဲ။ အဟိတ်တိရစ္ဆာန် ဆိုပေမယ့် သစ္စာရှိတဲ့နေရာမှာ လူသားတွေတောင် လိုက်မမီနိုင်အောင် ဆန်းကြယ်လှတာ ခွေးတွေပဲ ဖြစ်ပါတယ်။ သခင် ကွယ်လွန်သွားတာ နှစ်ပေါင်းများစွာ ကြာပြီဆိုပေမယ့် သခင့်အုတ်ဂူ နဘေးမှာ မခွဲနိုင်မခွာရက် စောင့်နေတတ်တာ၊ ခဏတာလေး အပြင်သွားရင်တောင် တံခါးဝနားမှာ သခင် ပြန်အလာကို စောင့်မျှော်တတ်တာလည်း ချစ်ဖွယ်ကောင်းတဲ့ ခွေးလေးတွေပဲ ဖြစ်ပါတယ်။

ဒီနေရာမှာတော့ ဗေဒင်သုတ – Baydin Thyuta ပရိတ်သတ်တွေအတွက် ခွေးနဲ့ ပတ်သက်တဲ့ ရိုးရာနိမိတ် အယူအဆတွေကို မျှဝေပေးချင်ပါတယ်။ မြန်မာ့လောကီပညာအယူအဆအရ အိပ်မက်ထဲမှာ ခွေးတွေ အလိုက်ခံရရင်၊ ခွေးအကိုက် ခံရရင် ဒါ ကံနိမ့်နေပြီလို့ သတ်မှတ်ပါတယ်။ အပြင်မှာလည်း နေရင်းထိုင်ရင်း ခွေးလိုက်ဆွဲ ခံရရင် နိမိတ်မကောင်းဘူးလို့ အယူစွဲ ရှိပါတယ်။

အိမ်ခေါင်ပေါ် ခွေးတက်ရင် ၊ အိမ်ရှေ့တည့်တည့် ခွေးလာအူရင် မကောင်းဘူး ဆိုတာတွေ ရှိသလို ငွေနဲ့ နံတူ မြေနေသတ္တဝါ ခွေးကို အချိန်အခါ ရွေး အစာကျွေးရင် ငွေရေးကြေးရေး အခက်အခဲက လွတ်မြောက်စေတယ် ဆိုတဲ့ ပညာခန်းတွေလည်း ရှိပါတယ်။ ကဲ.. ခွေးတွေနဲ့ ပတ်သက်ရင် ဘယ်လို နိမိတ်ကောက်သလဲ၊ ခွေးလေးတွေက ဘယ်လိုနိမိတ်ပြသလဲ ဆိုတာ လေ့လာကြည့်ရအောင်ဗျာ။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

၁။ လမ်းသွားနေတုန်းမှာ ခွေးအလိုက်ခံရရင် ကံနိမ့်တတ်ပါတယ်။ အထူးသဖြင့် ကိုယ့်အောက် ငယ်သူတွေနဲ့ တပည့်သားမြေး၊ ဝန်ထမ်းတွေရဲ့ သစ္စာဖောက်၊ ကျေးဇူးကန်းခံရပါမယ်။ ငယ်သူဆိုရင်တော့ ကြီးကဲသူတွေရဲ့ ပြစ်တင်ခံရတာ၊ ပြဿနာ ဖြစ်တာတွေကို ကြုံရတတ်ပါတယ်။ စီးပွားရေးသမားဆို ဒုက္ခများနိုင်ပါတယ်။

၂။ ခွေး ဖင်တရွတ်ဆွဲနေတာ (တနည်းအားဖြင့်) ခွေးဖင်သီတာကို မြင်ရရင်တော့ ကံကောင်းတဲ့ နိမိတ်ပဲ ဖြစ်ပါတယ်။ ပိတ်ဆို့နေတဲ့ ကံတွေ ပွင့်လန်းလာနိုင်သလို ချစ်သူဟောင်း၊ မိတ်ဆွေဟောင်းတွေနဲ့ ပြန် အဆင်ပြေတာ၊ စပ်တူရှယ်ယာအလုပ်တွေ အကျိုးပေးတာ၊ ကူညီမစမယ့်သူတွေ ပေါ်လာတာ ကြုံရပါမယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

၃။ ခွေး ကိုက်ခံရရင်တော့ ကံမကောင်းပါဘူး။ နာမည်ဂုဏ်သတင်း ထိခိုက်မယ်၊ စွပ်စွဲ ပြောဆိုမှုတွေ ခံရမယ်။ ငယ်သူတွေနဲ့ ထိပ်တိုက် ပြဿနာ ဖြစ်လာနိုင်တယ်။ ကံ အလွန် နိမ့်တယ်လို့ သတ်မှတ်ပါတယ်။

၎။ ခွေးသားပေါက်၊ ခွေးကလေးတွေကို မိခင် ခွေးမကြီးက ကိုက်ချီလာတာကို မြင်ရရင်တော့ လက်ခမောင်း ခတ်လိုက်ပါ။ ငွေအစုလိုက်အပြုံလိုက် ဝင်ကိန်း၊ ထီပေါက်ကိန်းပဲ ဖြစ်ပါတယ်။ အကြီးအကဲ ဆရာသမားတွေရဲ့ ကူညီထောက်ပံ့မှုကိုလည်း ရရှိတတ်ပါတယ်။ ရာထူးတိုး၊ စီးပွားတက်မယ့် နိမိတ် ဖြစ်ပါတယ်။(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

၅။ ခွေးနှစ်ကောင် ကိုက်ခဲသတ်ပုတ်တာကို မြင်တွေ့ရင် ကိုယ့်မှာလည်း အညံ့ ဖြစ်လာပါမယ်။ နေရင်းထိုင်ရင်း ပြဿနာ ရှင်းရပါမယ်။ အမှုအခင်းအထိ ဖြစ်တတ်ပါတယ်။ အပူသောကတွေနဲ့ ကြုံတွေ့ရတတ်ပါတယ်။

၆။ အိမ်ရှေ့ကနေ ခွေးလာအူနေရင် သတိထားပါ။ သတင်းဆိုးတွေ ကြားရတတ်ပါတယ်။ စွပ်စွဲ ပြောဆိုမှုတွေ ခံရတတ်ပြီး ကိုယ့်အိမ်တွင်း မိသားစုမှာ ပူပင်သောကတွေ ဖြစ်ပွားလာတတ်ပါတယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

၇။ အိမ်ထဲ၊ ခြံထဲက အစားအစာ၊ ရိက္ခာတွေ ထားတဲ့နေရာမျိုးမှာ ခွေးသားပေါက်မယ်ဆိုရင်၊ လှေကားအောက် ခွေးသားပေါက်ရင် စီးပွားဥစ္စာ ဖြစ်ထွန်းမယ်လို့ ဆိုပါတယ်။ မီးဖိုချောင်မှာဆိုရင်တော့ စီးပွားရေး ကောင်းသလို မီးကိန်းကိုလည်း သတိပြုရပါမယ်။ မီးလောင်တတ်ပါတယ်။

၈။ အိမ်ဦးခန်း၊ အိမ်အလယ်၊ အိပ်ယာပေါ်မှာ ခွေးသားပေါက်ရင် မကောင်းပါဘူး။ သတိထားရပါမယ်။

ရှေးဟောင်းနိမိတ်ကျမ်းမှာပါတဲ့ အချက်အလက်တွေက များပေမယ့် လက်တွေ့မှာ ဖြစ်နိုင်တဲ့၊ အသုံးဝင်နိုင်တဲ့ အချက်တွေကိုပဲ ဦးစားပေးထားပါတယ်။ ခွေးနဲ့ ပတ်သက်လို့ နိမိတ်ကောင်းတွေ ကြုံလာရင် ကိစ္စ မရှိပေမယ့် နိမိတ်ဆိုးတွေ မြင်ရရင် ဘယ်လို ဖြေရှင်းမလဲဆိုတာ ရှိပါတယ်။ ကျွန်တော့်အနေနဲ့တော့ နိမိတ်ဆိုးတွေကို မြင်ရ ကြုံရတဲ့အခါ ပရိတ်ကြီး ၁၁ သုတ်ထဲက ပုဗ္ဗဏှသုတ်တော် အဖွင့် (၃) ပိုဒ်ကို အလေးထား ရွတ်ဖတ်စေပါတယ်။ ဂါထာအဖွင့် (၃) ပိုဒ်ကို အောက်မှာ ဖော်ပြထားပါတယ်။

နိမိတ်ဆိုင်ရာ ဗေဒင်သုတတွေ တိုးပွား ရရှိကြပါစေ – ဧက (ဗေဒင်သုတ)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)