ေဈးေခၚယႏၲရ အစီအရင္

အေရာင္းအဝယ္သမားမ်ားအတြက္ ကိုယ္တိုင္လြယ္လင့္တကူ လုပ္ေဆာင္ဖန္တီးႏိုင္ေသာ ေဈးေခၚယႏၲရ အစီအရင္ အေဆာင္ကို ေဖာ္ျပေပးလိုက္ပါသည္။

လတ္တေလာ အေရာင္းအဝယ္ပါးသူမ်ား၊ ဆိုင္ခန္းတြင္ ေဖာက္သည္ က်သြားသူမ်ား၊ ပုံမွန္ေရာင္းအားမွ ေရာင္းအားက်၍ စိတ္ညစ္ေနသူမ်ား လုပ္ေဆာင္ရန္ အထူးသင့္ေလ်ာ္ပါသည္။ (ေဗဒင္သုတ၏ မူပိုင္ေဆာင္းပါး ျဖစ္သည္။ အျခားေသာ Social Media Platform မ်ား ႏွင့္ Website မ်ားတြင္ ျပန္လည္ကူးယူေဖာ္ျပျခင္းကုိ ခြင့္မျပဳပါ)

ယခုအေဆာင္အစီအရင္အား ေဆာင္႐ြက္သူမ်ားအေနျဖင့္ အမဲသားကို ေရွာင္ႏိုင္လွ်င္ ပိုေကာင္းမြန္ေသာ အက်ိဳးအာနိသင္ကို ခံစားရေစပါလိမ့္မည္။

ပုံတြင္ေဖာ္ျပထားေသာ အေဆာင္ကို လဆန္းပိုင္းႏွင့္ တိုက္ဆိုင္ေသာ မိမိေမြးေန႔ မနက္ ၉း၀၀ မွ ၁၀း၀၀ အတြင္း ကိုယ္တိုင္ စနစ္တက် ဆြဲ၍ ျဖစ္ေစ၊ မိတၳဴ ပရင့္ထုတ္၍ျဖစ္ေစ အိတ္ေဆာင္အ႐ြယ္အစား ထုတ္ရပါမည္။ (မွတ္ခ်က္ – လဆုတ္ရက္မျဖစ္ေစရန္သတိျပဳရပါမည္)

ထိုသို႔ ထုတ္ၿပီးပါက ၎ယႏၲရကို မိမိေနအိမ္ဘုရားေက်ာင္းေဆာင္တြင္ ေႂကြပန္းကန္ျပားႏွင့္ထည့္၍ ထိုအေပၚတြင္ မိမိေမြးနံ အၫြန႔္ပန္းကို ထပ္တင္ထားရမည္။ (ဆိုင္ရာအၫႊန႔္ပန္းမ်ားႏွင့္ လုပ္ေဆာင္ပုံအေသးစိတ္မွာ ေအာက္ပါအတိုင္း ျဖစ္ပါသည္)

ေန႔သားအလိုက္ အၫြန႔္ပန္းမ်ားမွာ…

ေန႔သား          အၫြန႔္ပန္း

၁ေႏြ              ကံေကာ္(သို႔) ႀကံ၂ ၫြန႔္

၂လၤာ             ဇီး ၃ၫြန႔္

၃ဂၤါ               ႐ြက္လွ ၄ ၫြန႔္

၄ဟူး             ေမၿမိဳ႕(သို႔) ပ်ဥ္းမ ၅ၫြန႔္ /ပြင့္

၅ေတး            သီဟိုဠ္ ၆ ၫြန႔္

၆ၾကာ            ဒန္း (သို႔) ႏွင္းဆီ ၇ ပြင့္/ၫြန႔္

စေန              အုန္း ၁ ၫြန႔္

အေဆာင္ကို မနက္ ၉း၀၀ မွ ၁၀း၀၀ အတြင္း ပရင့္ထုတ္ကတ္ေလာင္း၍ ည ၉း၀၀ မွ ၁၀း၀၀ အတြင္း သက္ဆိုင္ရာအၫြန႔္မ်ားကို ေႂကြပန္းကန္ေပၚရွိ ယႏၲရေပၚမွာ ထပ္တင္ထားပါ။

ထိုကဲ့သို႔ ယႏၲရအေဆာင္ေပၚတြင္ သက္ဆိုင္ရာေန႔သားအလိုက္ အၫြန႔္ပန္းမ်ား တစ္ညလုံးထားၿပီးေနာက္ ေနာက္တစ္ေန႔ မနက္တြင္ အၫြန႔္ပန္းမ်ားကို စြန႔္ပစ္ပါ။

ထို႔ေနာက္ ၎အေဆာင္ကို အေမႊးနံ႔သာ၊ ေရေမြး စသျဖင့္ ပက္ဖ်န္း၍ ပိုက္ဆံအိတ္တြင္ လည္းေကာင္း၊ ဆိုင္ခန္းမ်ားအဖို႔ ဆိုင္အဝင္ ပင္မတံခါးတြင္ ကပ္ထားျခင္းျဖင့္လည္းေကာင္း အေဆာင္ျပဳရပါမည္။

အဆိုပါယႏၲရအေဆာင္ကို ပိုက္ဆံအိတ္ထဲ ထည့္ေဆာင္ျခင္း (သို႔) ဆိုင္ခန္းအဝင္တံခါးမတြင္ ကပ္ထားျခင္းျဖင့္ အေရာင္းအဝယ္ သြက္ျခင္း၊ ေဖာက္သည္ တိုးပြားျခင္း၊ အလုပ္စီးပြားကံဇာတာ ပြင့္လန္းျခင္းတို႔ ခံစားရပါမည္။

လက္ေတြ႕အသုံးခ် အက်ိဳးစီးပြားျဖစ္ထြန္းပါေစသတည္း..

ကိုယ္စိတ္ႏွစ္ပါးခ်မ္းေျမ့ပါေစ

ဆရာလင္းေဝေအာင္  (ျမန္မာ့ဆန္းက်မ္းေဗဒင္ႏွင့္ ေကပီေရွ႕ေဆာင္နကၡတ္ပညာရွင္)

Unicode Font

အရောင်းအဝယ်သမားများအတွက် ကိုယ်တိုင်လွယ်လင့်တကူ လုပ်ဆောင်ဖန်တီးနိုင်သော ဈေးခေါ်ယန္တရ အစီအရင် အဆောင်ကို ဖော်ပြပေးလိုက်ပါသည်။

လတ်တလော အရောင်းအဝယ်ပါးသူများ၊ ဆိုင်ခန်းတွင် ဖောက်သည် ကျသွားသူများ၊ ပုံမှန်ရောင်းအားမှ ရောင်းအားကျ၍ စိတ်ညစ်နေသူများ လုပ်ဆောင်ရန် အထူးသင့်လျော်ပါသည်။

ယခုအဆောင်အစီအရင်အား ဆောင်ရွက်သူများအနေဖြင့် အမဲသားကို ရှောင်နိုင်လျှင် ပိုကောင်းမွန်သော အကျိုးအာနိသင်ကို ခံစားရစေပါလိမ့်မည်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)


ပုံတွင်ဖော်ပြထားသော အဆောင်ကို လဆန်းပိုင်းနှင့် တိုက်ဆိုင်သော မိမိမွေးနေ့ မနက် ၉း၀၀ မှ ၁၀း၀၀ အတွင်း ကိုယ်တိုင် စနစ်တကျ ဆွဲ၍ ဖြစ်စေ၊ မိတ္ထူ ပရင့်ထုတ်၍ဖြစ်စေ အိတ်ဆောင်အရွယ်အစား ထုတ်ရပါမည်။ (မှတ်ချက် – လဆုတ်ရက်မဖြစ်စေရန်သတိပြုရပါမည်)

ထိုသို့ ထုတ်ပြီးပါက ၎င်းယန္တရကို မိမိနေအိမ်ဘုရားကျောင်းဆောင်တွင် ကြွေပန်းကန်ပြားနှင့်ထည့်၍ ထိုအပေါ်တွင် မိမိမွေးနံ အညွန့်ပန်းကို ထပ်တင်ထားရမည်။ (ဆိုင်ရာအညွှန့်ပန်းများနှင့် လုပ်ဆောင်ပုံအသေးစိတ်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်)

နေ့သားအလိုက် အညွန့်ပန်းများမှာ…

နေ့သား          အညွန့်ပန်း

၁နွေ              ကံကော်(သို့) ကြံ၂ ညွန့်

၂င်္လာ             ဇီး ၃ညွန့်

၃င်္ဂါ               ရွက်လှ ၄ ညွန့်

၄ဟူး             မေမြို့(သို့) ပျဉ်းမ ၅ညွန့် /ပွင့်

၅တေး            သီဟိုဠ် ၆ ညွန့်

၆ကြာ            ဒန်း (သို့) နှင်းဆီ ၇ ပွင့်/ညွန့်

စနေ              အုန်း ၁ ညွန့်

အဆောင်ကို မနက် ၉း၀၀ မှ ၁၀း၀၀ အတွင်း ပရင့်ထုတ်ကတ်လောင်း၍ ည ၉း၀၀ မှ ၁၀း၀၀ အတွင်း သက်ဆိုင်ရာအညွန့်များကို ကြွေပန်းကန်ပေါ်ရှိ ယန္တရပေါ်မှာ ထပ်တင်ထားပါ။

ထိုကဲ့သို့ ယန္တရအဆောင်ပေါ်တွင် သက်ဆိုင်ရာနေ့သားအလိုက် အညွန့်ပန်းများ တစ်ညလုံးထားပြီးနောက် နောက်တစ်နေ့ မနက်တွင် အညွန့်ပန်းများကို စွန့်ပစ်ပါ။

ထို့နောက် ၎င်းအဆောင်ကို အမွှေးနံ့သာ၊ ရေမွေး စသဖြင့် ပက်ဖျန်း၍ ပိုက်ဆံအိတ်တွင် လည်းကောင်း၊ ဆိုင်ခန်းများအဖို့ ဆိုင်အဝင် ပင်မတံခါးတွင် ကပ်ထားခြင်းဖြင့်လည်းကောင်း အဆောင်ပြုရပါမည်။

အဆိုပါယန္တရအဆောင်ကို ပိုက်ဆံအိတ်ထဲ ထည့်ဆောင်ခြင်း (သို့) ဆိုင်ခန်းအဝင်တံခါးမတွင် ကပ်ထားခြင်းဖြင့် အရောင်းအဝယ် သွက်ခြင်း၊ ဖောက်သည် တိုးပွားခြင်း၊ အလုပ်စီးပွားကံဇာတာ ပွင့်လန်းခြင်းတို့ ခံစားရပါမည်။

လက်တွေ့အသုံးချ အကျိုးစီးပွားဖြစ်ထွန်းပါစေသတည်း..

ကိုယ်စိတ်နှစ်ပါးချမ်းမြေ့ပါစေ

ဆရာလင်းဝေအောင်  (မြန်မာ့ဆန်းကျမ်းဗေဒင်နှင့် ကေပီရှေ့ဆောင်နက္ခတ်ပညာရှင်)

 

(ေဗဒင္သုတ၏ မူပိုင္ေဆာင္းပါး ျဖစ္သည္။ အျခားေသာ Social Media Platform မ်ား ႏွင့္ Website မ်ားတြင္ ျပန္လည္ကူးယူေဖာ္ျပျခင္းကုိ ခြင့္မျပဳပါ။ ဖတ္ရႈအားေပးမႈအတြက္ ေက်းဇူးတင္ပါသည္)