နေရာထိုင်ခင်း၊ ရာထူးဌာနအတွက် ပြုလုပ်အပ်သော ယတြာ

ရန်ကုန်မြို့လို နေရာမျိုးမှာ အိုးအိမ်တိုက်ခန်းအပိုင်နဲ့ နေထိုင်နိုင်ဖို့ဆိုတာ သာမန်လူတန်းစားတွေအတွက်တော့ အိပ်မက်တစ်ခု သာသာပါပဲ။ ဒါပေမယ့် အောက်ပါဖော်ပြပါ ယတြာနည်းစနစ်ကို နှစ်လချီအောင် အပတ်စဉ်တိုင်း မကြာခဏ ပြုလုပ်ပေးမယ်ဆိုရင် အိုးအိမ်ပိုင်ဆိုင်ခွင့် စိတ်ကူးအိပ်မက်ကလေးကို အထောက်အကူ ပေးနိုင်မယ် လို့ ပြောချင်ပါတယ်။

ဒီနည်းစနစ်ဟာ အိုးအိမ်နေရာထိုင်ခင်း ကံကို ပံ့ပိုးပေးရုံသာမကဘဲ ရာထူးဌာနကောင်းများ ရရှိဖို့၊ နေရာ တည်မြဲဖို့၊ လိုချင်တဲ့ အလုပ်နေရာကို ရောက်ရှိဖို့ ကြိုးစားရာမှာလည်း အလွန်အကျိုးရှိစေကြောင်းပါဗျာ။ (ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

ဥပမာ ပြုလုပ်ပုံက တနင်္ဂနွေသားသမီးတစ်ဦးဟာ စနေနေ့ (နေ့လယ် ၁၂ နာရီနောက်ပိုင်း) မှာ ရာဟုထောင့်မှာ ကုသိုလ်တစ်ခုခု ပြုရပါမယ်။ ကုသိုလ်ပြုရတဲ့ အကျိုးဘာဂကို ရာဟုဂြိုဟ်မင်းကြီးကို အမျှဝေ၊ မေတ္တာပိုပြီးတော့ အိုးအိမ်နေရာ၊ ရာထူးဌာနအတွက် ဆုတောင်းရပါမယ်။ ဗုဒ္ဓဘာသာဝင်များအဖို့ ဒီနည်းစနစ်ဟာ အင်မတန် ထိရောက်ပြီး အလွန် အကျိုးကျေးဇူးများတဲ့ ယတြာပါ။ အပတ်စဉ် ပြုလုပ်ပြီး အချိန်ကာလတစ်ခု ရောက်လာတာနဲ့အမျှ ကိုယ်ရည်မှန်းတဲ့ နေရာထိုင်ခင်း၊ ရာထူးဌာနနဲ့လည်း ပြည်စုံလာမှာ ဖြစ်ကြောင်းပါဗျား..။ နေရာထိုင်ခင်းကံ ချောမွေ့ အဆင်ပြေကြပါစေ – ဆရာစိုးမိုးထွန်း (ခေါ်) ဆရာဝေသာလီမောင်ဖုန်း

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)